မကွေးတိုင်းအတွင်း တောင်သူများအတွက် ရန်ပုံငွေသိန်း ၂၀၀ ဖြင့် မျိုးကောင်းမျိုးသန့်များဖြန့်ဝေ


06 August, 2018

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့ နယ်အတွင်း ၂၀၁၈ ခုနှစ်တွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လှည့်ပတ်ရန်ပုံငွေဖြင့်တောင်သူများ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဒေသအတွင်းအလွယ်တကူ စိုက်ပျိုးဆောင်ရွက် နိုင်စေရန် မျိုးကောင်းမျိုးသန့်မျိုးစေ့များအား ဝယ်ယူစုဆောင်း၍ ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျပ်သိန်း ၂၀ဝ ချထားပေး

*********************

မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာန တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်း၏ ညွှန်ကြား ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ် မှုတိုးတက်မြင့်မားစေရေးအတွက် အဓိကကျ သော မျိုးကောင်းမျိုးသန့်မျိုးစေ့များကို တောင်သူ များဒေသအတွင်း၌ အလွယ်တကူရရှိစိုက်ပျိုး နိုင်ရန် လှည့်ပတ်ရန်ပုံငွေကျပ်သိန်း ၂၀ဝ ချထားပေးခဲ့ကြောင်း မင်းဘူး(စကု)မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးသိန်းနိုင်ဝင်းက ပြောဆိုသည်။

ဖြန့်ဖြူးပေးနိုင်ခဲ့

************

၂၀၁၈ ခုနှစ် ဇွန်လကုန်အထိ စပါးသီးနှံ မျိုးသန့်များဖြစ်သည့် မနောသုခ (RS) ၁၃၂၅ တင်းကို ကျေးရွာအုပ်စုပေါင်း ၂၉ အုပ်စုရှိ တောင်သူ ၁၁၉ ဦးနှင့် ဆင်းသုခ (ဃှ) ၅၇၅ တင်းကို ကျေးရွာအုပ်စုပေါင်း ၁၇ အုပ်စုရှိ တောင်သူ ၄၃ ဦးတို့ကို ဖြန့်ဖြူးပေးနိုင်ခဲ့ပါ ကြောင်း၊ ထို့အတူ မနောသုခ(ွျှ)၃၆၉ တင်း နှင့် ဆင်းသုခ(RS)တင်း ၂၀ဝတို့လည်း ဖြန့်ဖြူး ပေးနိုင်ခဲ့ကြောင်း၊ "စူပါရိုး"မျိုးစေ့ထုတ်ကုမ္ပဏီ နှင့်ချိတ်ဆက်ပြီး မနောသုခ၊ ဧရာမင်း၊ ထိုင်း ကောက်နှံစပါးမျိုး စုစုပေါင်းတင်း ၉၅၀ ခန့်ကို လည်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ (ယာပုံ)ဆက်လက်ပြီး ဝါသီးနှံမျိုးစေ့များဝယ်ယူဖြန့်ဖြူးခြင်းနှင့် ပဲတီစိမ်းသီးနှံမျိုးစေ့စိုက်ခင်းများမှ ထွက်ရှိလာသော ရေဆင်း ၁၄ မျိုးစေ့များအား ဝယ်ယူထိန်းသိမ်းပြီး ဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

အကျိုးကျေးဇူးများပြား

*****************

လှည့်ပတ်ရန်ပုံငွေဖြင့် မျိုးသန့်ဖြန့်ဖြူးပေး ခြင်းများ ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအတွင်း ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်း မျိုးသန့်များအလွယ်တကူရရှိစေခြင်း၊ သီးနှံ စိုက်ပျိုးချိန်တွင် မျိုးစေ့ဈေးနှုန်းမှန်ကန်၍ အချိန်မီရရှိစိုက်ပျိုးနိုင်စေခြင်း၊ မျိုးကောင်း မျိုးသန့်များစိုက်ပျိုးခြင်းဖြင့် အရည်အသွေး ကောင်းသော ဈေးကွက်တွင်ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များရရှိပြီး တောင်သူများ ဝင်ငွေတိုးစေခြင်းစသည့် အကျိုး ကျေးဇူးများရရှိကြမည်ဟု သိရသည်။

 Myanmar times

Agriculture & Livestock Local News Read 486 times