အော်ဂဲနစ် လက်ဖက်ခြောက် တစ်တန်ခွဲကို ဂျာမနီနိုင်ငံ တင်ပို့ဖို့ ပြင်ဆင်နေ


19 April, 2019

လာမယ့်စက်တင်ဘာလမှာ အော်ဂဲနစ်လက်ဖက်ခြောက်များကို ဂျာမနီနိုင်ငံသို့ တင်ပို့နိုင်တော့မယ်လို့ ပင်းတယ လက်ဖက်အစုအဖွဲ့မှ ဥက္ကဌဦးလှဘော်က ပြောပါတယ်။ ရွှေပြည်ဦးနဲ့ မိုးအပါအဝင် လက်ဖက်ခြောက်တစ်တန်ခွဲဦးလှဘော်မှ ၂၀၁၆ ခုနှစ်ထဲက ဂျာမနီကို လက်ဖက်စိမ်းနမူနာများ ပို့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဓာတ်ခွဲခန်းစမ်းသပ်ချက်ရလဒ်တွေကတော့ မကောင်းခဲ့ပါဘူး။ သူတို့က လက်ဖက်ခြောက်ဟာ မီးခိုးနံ့ နံနေတယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က လိုအပ်တာကို ပြန်လည်ပြုပြင်ပြီး နောက်တစ်ခါ ပြန်တင်ပို့တာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

လက်ဖက်ခင်းများကို မြေသြဇာထည့်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းများ မပြုလုပ်ဘဲ သဘာဝအတိုင်း စိုက်ပျိုးထားပါတယ်။ မြန်မာနိုင်ငံမှာ တစ်နှစ်ကို လက်ဖက်စိမ်း ပိသာချိန် ၃၀၀ ခန့်ထွက်ရှိပါတယ်။ မတ်လနဲ့ ဧပြီလမှာ ခူးဆွတ်တဲ့ လက်ဖက်များကို ရွှေဖီဦး၊ မေလနဲ့ ဇွန်လမှာ ခူးဆွတ်တဲ့ လက်ဖက်များကို ခါးကန်၊ ဇူလိုင်လမှ စက်တင်ဘာလအတွင်း ခူးဆွတ်တဲ့ လက်ဖက်များကို မိုး၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာ ခူးဆွတ်တဲ့ လက်ဖက်များကိုတော့ နှင်းသစ်ဆိုပြီး လက်ဖက်များကို အမျိုးအစားခွဲခြား သတ်မှတ်ထားပါတယ်။

ပင်းတယလက်ဖက်အစုအဖွဲ့မှ ဂျာမနီကိုရောင်းဖို့ လက်ဖက်ခြောက်တစ်ပိသာကို ကျပ် ၁၅၀၀၀ ဈေးသတ်မှတ်ထားပါတယ်။ ပြည်တွင်းမှာကတော့ တစ်ပိသာကို ကျပ် ၁၂၀၀၀ ဈေးဝန်းကျင်ရှိပါတယ်။ ပလောင်လက်ဖက်အသင်းကလည်း တရုတ်နိုင်ငံကို လက်ဖက်ခြောက်တင်ပို့ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

ပလောင်လက်ဖက်ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးသိန်းထွေးက တရုတ်လက်ဖက်ကုန်သည်တွေရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပြီး နမူနာလည်းပို့ထားပါတယ်။ဒါပေမယ့် ဒီနှစ်မှာ ရာသီဥတုမကောင်းတာကြောင့် လက်ဖက်ခြောက်အထွက်နှုန်း နည်းပါတယ်။ လက်ဖက်ခြောက်တစ်ပိသာကို ကျပ် ၁၅၀၀၀ မှ ကျပ် ၂၅၀၀၀ အထိရဖို့ မျှော်မှန်းထားပါတယ်လို့ ပြောပါတယ်။

လက်ရှိ လက်ဖက်ခြံများမှာ လုပ်သားရှားပါးတဲ့ ပြဿနာကြုံတွေ့နေရပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှ လုပ်သားများဟာ လုပ်အားခနည်းပါးတဲ့အတွက် လက်ဖက်စိုက်ခင်းများမှာ လာရောက်လုပ်ကိုင်ခြင်းမရှိတော့ဘူး ဖြစ်နေပါတယ်။ လက်ဖက်ခူးဆွတ်တဲ့ လုပ်သားတွေအတွက် လုပ်အားခကို သတ်မှတ်ထားခြင်းမရှိဘဲ ခူးဆွတ်ကာ ရရှိတဲ့လက်ဖက်များကို ခြံပိုင်ရှင်နဲ့ လုပ်သား တစ်ယောက်တစ်ဝက်စီ ရယူကြခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ဖက်စိုက်ဧက နှစ်သိန်းကျော်ရှိပြီး လုပ်သားလိုအပ်ချက်မှာ တစ်ဧကကို လူဦးရေ ၃၀၀ ခန့်လိုအပ်ကြောင်း ပလောင်လက်ဖက်အသင်း စာရင်းများမှာ ဖော်ပြထားပါတယ်။

 

Export, Import Read 788 times