ဝက်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း ယာယီတားဆီးပိတ်ပင်


12 March, 2019

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ နယ်စပ်ဂိတ်များကနေ ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေ တင်သွင်းမှုကို ယာယီကန့်သတ်တားဆီးပိတ်ပင်ဖို့  လေဆိပ်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီက ညွန်ကြားလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) ဖြစ်ပွားနေပြီး ဝက်အများအပြား သေဆုံးနေရာမှာ မြန်မာနိုင်ငံကို ရောဂါပိုးကူးစက်ဝင်ရောက်မှု မရှိစေရေး ကြိုတင်ကာကွယ်ဖို့  ခုလို လုပ်ဆောင်တာလို့ လေကြောင်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန လက်အောက်ရှိ လေဆိပ်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီက ညွန်ကြားချက် ထုတ်ပြန်ထားတာပါ။

 အဆိုပါ ရောဂါကို ကြိုတင်ကာကွယ်ဖို့ တရုတ်နိုင်ငံအပါအဝင် ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေကနေ ဝက်အရှင်နဲ့ ဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းတွေကို နယ်စပ်ပေါက်တွေနဲ့ လေဆိပ်၊ သင်္ဘောဆိပ်တွေကနေ တဆင့် သယ်ယူ ရောင်းချတာတွေ မပြုလုပ်ဖို့ ယာယီ တားဆီးပိတ်ပင်ထားလိုက်ပါတယ်။

အာဖရိကဝက်အပြင်းဖျားရောဂါ African Swine Fever Virus (ASFV) ဟာ လက်ရှိ  တရုတ်နိုင်ငံအပြင် အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံက ဝက်ခြံတွေမှာလည်း ဖြစ်ပွားနေပြီး လူကိုတော့ ကူးစက်ခြင်းမရှိဘူးလို့ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

DVB

Myanmar Industry Directory

Export, Import Local News Read 472 times