နိုင်ငံတကာရော်ဘာဈေးကွက်တွင် ဈေးနှုန်းများ ထပ်မံမြင့်တက်တာကြောင့် ပြည်တွင်းရော်ဘာဈေးကွက်မှာ ယခုရက်ပိုင်းအတွင်း RSS - 3 အမျိုးအစားရော်ဘာတစ်ပေါင်ကို ကျပ် ၈၆၀ အထိ ဈေးကောင်းရနေတယ်လို့ မွန် ဒီနှစ် ဇန်နဝါရီလက RSS - 3 အမျိုးအစား ရော်ဘာတစ်ပေါင်ကို ကျပ် ၇၃၀ ဝန်းကျင်သာ ဈေးရခဲ့ပြီး မတ်လကုန်ပိုင်းတွင် ကျပ် ၈၂၀ အထိ ဈေးတက်လာကာ ဒီလမှာတော့ တစ်ပေါင်ကို ကျပ် ၈၆၀ ထိရောက်လာတာဖြစ်ပါတယ်။
မုဒုံမြို့နယ်မှ ရော်ဘာလုပ်ငန်းရှင် ဒေါ်အိမွန်အောင်က ရော်ဘာဈေးက မတ်လကစပြီး ၈၀၀ ကျော်လာတယ်။ တရိပ်ရိပ်နဲ့ ပြန်တက်လာတာ အခု ၉၀၀ နီးပါးဖြစ်တော့မယ်။ ပြည်ပကဝယ်တာလည်း များလာတယ်။
နိုင်ငံတကာရော်ဘာဈေးကွက်မှာလည်း ရော်ဘာဈေးတက်လာတဲ့အတွက် ပြည်တွင်းမှာလည်း ဈေးတက်လာတာ။ အရည်အသွေးကောင်းတဲ့ ရော်ဘာတွေ ထုတ်မယ်ဆိုရင် ကျပ် (၁၀၀) နီးပါးအထိ တက်လာမယ်လို့ မျှော်လင့်ရတယ်လို့ ပြောပါတယ်။
တရုတ်သို့ ဆန်တင်ပို့မည့် ကုမ္ပဏီများ ဆန်စပါးအသင်းချုပ်ထံ စာရင်းပေးသွင်းနိုင်
အခုလက်ရှိ မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ ရော်ဘာများမှာ အရည်အသွေးပိုင်းတွင် လိုအပ်ချက်များရှိနေသေးပြီး အရည်အသွေးပိုကောင်းပါက ဈေးပိုရနိုင်ပါတယ်။ အရင်က မွန်ပြည်နယ်တွင် ရော်ဘာအစေးခြစ်တဲ့ လုပ်သား နှစ်သိန်းနီးပါးရှိပေမယ့်လည်း အခု ရော်ဘာအစေးခြစ်လုပ်သား တစ်သိန်းခန့်သာ ရှိပါတော့တယ်လို့ မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်အချို့မှ ပြောပါတယ်။
မြန်မာနိုင်ငံမှ ထွက်တဲ့ရော်ဘာတွေကို တရုတ်၊ ဂျပန်၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့ကို အဓိကတင်ပို့လျက်ရှိပြီး ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်က RSS - 3 အမျိုးအစား ရော်ဘာတစ်ပေါင်ကို ကျပ် ၁၈၀၀ ခန့်ထိ ဈေးကောင်းရခဲ့တယ်လို့ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
The Voice