မြေ ၁၂၅ ဧကကျော် ကျယ်ဝန်းသည့် အုတ်ကျင်းဂုန်နီ နှင့် လျှော်ရွေးလျှော်ထုတ်စက်ရုံ ကို အစိုးရထံမှ ငှားရမ်းပြီးခြောက် နှစ်ကျော်ကြာချိန်တွင် ဂုန်နီအိတ်ထုတ်လုပ်သည့်လုပ်ငန်း ရပ်ဆိုင်း ပြီဟု ကျော်ထက်ကျော် ကုမ္ပဏီဒါရိုက်တာ အချို့က ပြောကြားသည်။အစိုးရထံမှ စတင်လွှဲယူစဉ် မှ ယနေ့အထိ တစ်နှစ်လျှင် ကျပ် သိန်း ၆,၀၀၀ ကျော် အရှုံးပြခြင်း ကြောင့် ဂုန်နီလုပ်ငန်းပိတ်သိမ်းရ ခြင်းဖြစ်သည်ဟုဆိုသည်။
ယခင်အစိုးရ လက်ထက် ၂၀၁၂ အတွင်း လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ထံမှ အုတ်ကျင်းဂုန်နီစက်ရုံနှင့် လျှော်ရွေးလျှော်ထုတ်စက်ရုံကို တစ်နှစ်ကျပ်သိန်း ၃,၅၀၀ ဖြင့် ကျော်ထက်ကျော်ကုမ္ပဏီက ငှား ရမ်းခဲ့သည်။ဂုန်နီနှင့် လျှော်ရွေးလျှော် ထုတ် စက်ရုံကို မြန်မာနိုင်ငံတွင် ၁၉၅၈ နှင့် ၁၉၆၀ တို့တွင် အိုင် ယာလန်နိုင်ငံမှ ထုတ်လုပ်သည့် စက်များဖြင့် တည်ဆောက်အ ကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက် တွင် အရှုံးပေါ်နေသောအုတ်ကျင်း ဂုန်နီစက်ရုံနှင့် လျှော်ရွေးလျှော် ထုတ်စက်ရုံကို ကုမ္ပဏီကလွှဲ ပြောင်းရယူခြင်းနှင့်ပတ်သက်၍ ကုမ္ပဏီမှ ဒါရိုက်တာများကို မေး မြန်းရာ ‘‘ဒါကတော့ စီးပွား ရေးမူဝါဒပဲ။ ပထမတုန်းက အစိုး ရရဲ့စီးပွားရေးမူဝါဒနဲ့ နောင် တက်လာတဲ့စီးပွားရေးမူဝါဒက ပြောင်းလဲသွားတယ်’’ ဟု စက်ရုံ မှူးဦးမျိုးတင့်က ပြောသည်။
ကျော်ထက်ကျော်ကုမ္ပဏီ သည် အရှုံးပေါ်ခြင်းကြောင့် ဂုန်နီလုပ်ငန်း ရပ်နားခဲ့သော်လည်း ငှားရမ်းထားသည့်စက်ရုံကိုဘက် စုံသုံးစီးပွားရေး လုပ်ငန်းများအ ဖြစ် ပြောင်းလဲလုပ်ကိုင်ရန်စီစဉ် နေသည်။ထို့အပြင် အရှုံးပေါ်နေခြင်း ကြောင့် ဂုန်နီလုပ်ငန်းပိတ်သိမ်း သည်ဆိုသော်လည်း စက်ရုံအ တွင်းရှိ ဂိုဒေါင်များကို ငှားရမ်း ထားသည်။ဂုန်နီစက်ရုံနှင့် လျှော်ရွေး လျှော်ထုတ်စက်ရုံကို ရန်ကုန်မြို့ ရှိ ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုဖြစ်သော ဘုရင့်နောင်လမ်းမကြီးနှင့် လှိုင် မြစ်အကြား မြေကွက်ပေါ်တွင် တည်ဆောက်ထားသည်။
ဂုန်လျှော်စက်ရုံသည် ကြီး မားသည့် စက်ရုံကြီးဖြစ်ပြီး ရေ လမ်း၊ ကုန်းလမ်းနှစ်ခုစလုံးဖြင့် သွားလာနိုင်ခြင်း၊ ယာဉ်အစီးရေ များစွာရပ်နားနိုင်ပြီး စားသောက် ဆိုင်များပါ ပူူးတွဲဖွင့်လှစ်နိုင်ခြင်း ကြောင့် ဂုန်လျှော်စက်ရုံကိုပြပွဲ များပြုလုပ်နိုင်သောခန်းမအဖြစ် ပြောင်းလဲရန် လေ့လာဆန်းစစ် နေသည်ဟု LOTTE ဟိုတယ်၌ မေလ ၁ ရက်ကပြုလုပ်သော ကျောက်မျက်ရတနာလုပ်ငန်းရှင် အသင်း(ရန်ကုန်)ဒုတိယအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးနှင့် မိတ်ဆုံစားပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။
‘‘ကျွန်တော်တို့နိုင်ငံတကာ ပြပွဲတွေလုပ်ဖု့ိအတွက် ပြပွဲခန်းမ ကြီးတွေ ကျွန်တော်တို့မှာရှိလာ ပြီလားလို့မေးရင် ကျွန်တော်တို့မှာ မေးခွန်းထုတ်စရာရှိပါတယ်။ ဒီ အခြေအနေကို ကျွန်တော်တို့ပြင် ဆင်နေပါတယ်’’ ဟု ဦးဖြိုးမင်း သိန်းက ပြောကြားခဲ့သည်။ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ်၏ ပြင်ဆင်နေမှုနှင့်ပတ် သက်ပြီး ကုမ္ပဏီမှ ဒါရိုက်တာများကို မေးမြန်းရာ ဝန်ကြီးချုပ်၏ စဉ်းစားချက်တစ်ခုသာဖြစ်သည် ဟု တုံ့ပြန်ပြောကြားသည်။‘‘ကျွန်တော်တို့ စတင်လွှဲယူ စဉ်က အလုပ်သမားတစ်ထောင် ကျော်ရှိနေပါတယ်’’ ဟု ကျော် ထက်ကျော်ကုမ္ပဏီမှ ဒါရိုက်တာ တစ်ဦးဖြစ်သူဦးအောင်ကိုကိုက ပြောသည်။
အစိုးရထံမှ လွှဲပြောင်းယူပြီး နောက် အလုပ်သမားများကို ရွေး ချယ်ခွင့်လေးခုကို ရွေးချယ်စေခဲ့ ပြီး အစိုးရဝန်ထမ်း ၈၀၀ ကျော်က ကုမ္ပဏီဝန်ထမ်းအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သည်။လက်ရှိဂုန်နီနှင့် ဂုန်လျှော် စက်ရုံဂုန်နီလုပ်ငန်းပိတ်သိမ်းချိန် တွင် အလုပ်သမား ၃၀၀ ကျော်က အလုပ်အကိုင်ပြန်လည်ရရှိရေး စက်ရုံရှေ့တွင် ဇန်နဝါရီ ၁၀ ရက် နံနက်က စုဝေးခဲ့သည်။
7 day daily