ပုဂ္ဂလိကသစ်တောစိုက်ခင်းများမှ ထွက်ရှိသည့်သစ်များကို ပြည်ပသို့အလုံးလိုက်တင်ပို့ ခွင့်ပြုမည်


06 July, 2018

ပုဂ္ဂလိကသစ်တောစိုက်ခင်းများမှ ထွက်ရှိသည့်သစ်များကို ပြည်ပသို့အလုံးလိုက်တင်ပို့ ခွင့်ပြုမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ်ဦးဇော်မင်းက ပြောသည်။

ပုဂ္ဂလိကသစ်တောစိုက်ခင်း များမှ သစ်များကို အလုံးလိုက် ပြည်ပသို့ တင်ပို့ခွင့်ပြုနိုင်ရန်ဝန် ကြီးဌာနသို့ တင်ပြထားပြီး ခွင့်ပြုပါက ရှေ့နေချုပ်ရုံးနှင့်နိုင်ငံတော် အဆင့်ကော်မတီများသို့ တင်ပြကာ ခွင့်ပြုချက်ရရှိရန် ဆောင်ရွက်မည်ဟုဆိုသည်။

သဘာဝတောများမှထွက်ရှိသည့်သစ်များ ပြည်ပနိုင်ငံများသို့ အလုံးလိုက် တင်ပို့ခြင်းကို ၂၀၁၄ ဧပြီ ၁ ရက်ကစတင်ရပ် ဆိုင်းထားခြင်းဖြစ်သည်။ ယခု အခါ ပုဂ္ဂလိကသစ်တောစိုက်ခင်း များမှ သစ်များထွက်ရှိနေပြီဖြစ်၍ ပြည်ပတင်ပို့ခွင့်ပြုရန် စီစဉ်ခြင်း ဖြစ်သည်။

‘‘စိုက်တဲ့သူတွေလည်း ကာ လရှည်ကြာရင်းနှီးမြှုပ်နှံရတာဖြစ် တဲ့အတွက် သူတို့အတွက်လည်း အဆင်ပြေစေအောင်၊ ဒီလိုလုပ် ပေးတဲ့အတွက်လည်း စိုက်ခင်း တွေ ပိုလုပ်ချင်စိတ်ရှိအောင်စဉ်း စားပြီး ဆောင်ရွက်တဲ့သဘောပါ’’ ဟု ဦးဇော်မင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက သစ်တောစိုက်ခင်းများကို ၂၀၀၆ -၂၀၀၇ က စတင်လုပ်ကိုင်ခွင့်ပြုခဲ့ပြီး လက်ရှိ၌ ကျွန်းသစ်စိုက်ခင်းဧကတစ်သိန်းကျော်နှင့် သစ်မာစိုက်ခင်းဧက တစ်သိန်းကျော်စိုက်ပျိုးထားသည်။

ပုဂ္ဂလိကသစ်တောစိုက်ခင်း များမှ ထွက်ရှိသည့်သစ်များကို တန်ဖိုးမြှင့်ထုတ်ကုန် (Value added)အနေဖြင့် ပြည်ပသို့တင်ပို့ ခွင့်ပြုထားသည်။

7 Day Daily

Export, Import Read 540 times