မြန်မာနိုင်ငံထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက် စေရန် Myanmar National Standard ပေါ် ထွက်လာရန် လိုအပ်ပါသည်။ ယခုအခါ မြန်မာ နိုင်ငံ စံချိန်စံညွှန်း (Myanmar National Standard) သည် ပီပီပြင်ပြင်ထွက်ပေါ်လာခြင်း၊ အသုံးပြုကြခြင်း မရှိသေးပါ။ နိုင်ငံတကာစံများ နှင့်ပူးပေါင်းဆောင်ရွက်နိုင်သည့် International and regional standardization organization ဟူ၍ မရှိသေးပါ၊ Standard information center ဟူ၍ ဆက်သွယ်ဆောင်ရွက်နိုင်သည့် Bodies များ မရှိသေးပါ၊ ထိုမှတစ်ဆင့် မြန်မာ နိုင်ငံထုတ်ကုန်များအတွက် Myanmar Industrial Standard (MIS), Product Standard တို့သည် လည်း မကျင့်သုံးကြသေးပါ။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက် အောက်တွင် အမျိုးသား စံချိန်စံညွှန်း သတ်မှတ် ရေးကော်မတီ (National Standardization Committee)မှ Technical Committee များ ဖွဲ့စည်း၍ ဆောင်ရွက်ဆဲဟုသိရှိရပါသည်။
အခက်အခဲ/ပြဿနာများ
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့၏ စီမံကိန်းအသီးသီးတွင် စံချိန်စံညွှန်းမျိုး စုံဖြင့် ဆောင်ရွက်လျက်ရှိကြသည်။ Japan standard, European standard, Singapore standard, Korean Standard စသည်ဖြင့်မျိုးစုံတို့နောက်သို့(Made in Myanmar)တို့ မလိုက် နိုင် ဖြစ်နေကြသည်။ သက်ဆိုင်သည့် နိုင်ငံ codes တို့ဖြင့် စံချိန်စံညွှန်း သတ်မှတ်ကြသဖြင့် မြန်မာနိုင်ငံအတွင်း စီမံကိန်းနှင့်လုပ်ငန်းအချို့တို့တွင် မြန်မာတို့ လုပ်ငန်းလုပ်ကိုင်ခွင့် လက် လွတ်ကြရသည်။ မြန်မာ့ထုတ်ကုန်ပစ္စည်းတို့ တင်သွင်းခွင့်မရ ဖြစ်နေကြသည်။
MIC, NGO, INGO, FDI, Foreign loan များ၏ project များက Tax holiday ရရှိထား ပါ၍ ပြည်ပမှ ပစ္စည်းများ အသုံးပြုနေခြင်း လည်း ဖြစ်ပါသည်။
ထို့အပြင် မြန်မာနိုင်ငံမှ ထွက်ကုန်ချောကို ထိုင်းနိုင်ငံသို့ Export ရောင်းချသောအခါ TIS (Thai Industrial Standard) စနစ်ကို စံချိန် စံညွှန်းမီ ကိုက်ညီအောင် ထုတ်လုပ်နိုင်သော ကုန်ပစ္စည်းများ ရှိသော်လည်း TIS certificate ထုတ်ပေးရန် Clauseတွင် Thailand မှ ထုတ် လုပ်သော ထုတ်ကုန်ပစ္စည်းဖြစ်ရမည်ဟု ထည့် သွင်းထားခြင်းဖြင့် ကာကွယ်ထားပါသည်။
အကြံပြု တင်ပြချက်များ
မြန်မာနိုင်ငံ စံချိန်စံညွှန်း (Myanmar National Standard) ထုတ်ပြန်ခြင်း၊ MIS (Myanmar Industrial Standard) အကောင် အထည်ဖော်ခြင်း၊ National standards development and product certification များ ဆောင်ရွက်ပေးခြင်း၊ standard information center ထားရှိပေးခြင်း စသည် ဖြင့် ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။
မြန်မာနိုင်ငံ ထုတ်ကုန်များ နေရာရရှိရေး အတွက် အစိုးရစီမံကိန်းများ၊ MICမှ ခွင့်ပြုသော စီမံကိန်းများတွင် (Made in Myanmar)အား ရာခိုင်နှုန်းတစ်ခုအထိသုံးစွဲရန်သတ်မှတ်ခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် အကြံပြု အပ်ပါသည်။
သို့မှသာ သွင်းကုန်များ အစားထိုးနိုင်မည်ဖြစ်ပြီးမြန်မာ့ထုတ်ကုန်(Made in Myanmar)တို့သည်လည်း အရည်အသွေးနှင့် စံများ မြင့် တက်လာမည် ဖြစ်သည်။
လက်ရှိအခြေအနေ
ပြည်တွင်း သွင်းကုန်အစားထိုး လုပ်ကိုင် လျက်ရှိသည့် စက်ရုံအလုပ်ရုံလုပ်ငန်းရှင်တို့ သည် ထုတ်ကုန်မျိုးစုံတို့ကို ပြည်တွင်းစျေး ကွက် ရရှိရေးအတွက် အခက်အခဲမျိုးစုံဖြင့် လှုပ် ရှားရုန်းကန်ရပ်တည်နေရပါသည်။ ဒေသတွင်း နိုင်ငံများသို့ ခြေဦးမလှည့်နိုင်ကြပါ။
နိုင်ငံခြားမှ တင်သွင်းလာသော ကုန်ချော အမျိုးမျိုးကို ခံစစ်ဖြင့် တွန်းလှန်နေကြရပါသည်။ နိုင်ငံခြားသွင်းကုန် ကုန်ချောအမျိုးမျိုးတို့ကလည်း ပြည်တွင်းစျေးကွက်ကို ဖဲ့ယူနေကြပါ သည်။
မြန်မာနိူင်ငံမှ သုံးစွဲသူတို့ကလည်း နိုင်ငံ ခြားပစ္စည်းများကိုသာ စျေးကြီးပေး သုံးစွဲကြ သဖြင့် (Made in Myanmar) ထုတ်ကုန်များ စျေးကွက်တွင် မျက်နှာငယ်ကြရသည်။
"ဝံသာနုစိတ်ဓာတ်" အခံရှိသူတို့သာ မြန် မာထုတ်ပစ္စည်းများကို အားပေးအားမြှောက်ပြု ကြပါသည်။
သို့ဖြစ်ရာ နိုင်ငံတကာတံဆိပ်တို့နှင့် အရည် အသွေးတူ သွင်းကုန်အစားထိုးပစ္စည်းတို့သည်ပင် အမြတ်အစွန်းကောင်း မရဘဲ လျော့စျေးဖြင့် စျေးကွက်တိုးနေကြရပါသည်။ ကုစားမှု မရှိပါက တာရှည်တွင် သွင်းကုန်အစားထိုး ထုတ်ကုန် များ၊ မြန်မာကုန်အမှတ်တံဆိပ်များ တဖြည်း ဖြည်း မှေးမှိန်ပြီး နိုင်ငံတကာတံဆိပ်များ လွှမ်းမိုး အုပ်စိုးသွားမည် ဖြစ် သည်။
အခက်အခဲ/ပြဿနာများ
သွင်းကုန်အစားထိုးထုတ်ကုန်များ ဦးမော့နိုင်ရန်အတွက် လက်ရှိတွင် ဖိစီးလျက်ရှိသော အချက်အခဲများစွာ အနက်မှ ကုန်သွယ်လုပ်ငန်း ခွန် ၅%သည် နိုင်ငံခြားသွင်းကုန်များဖြင့် ယှဉ် ပြိုင််နိုင်ရန် ပြည်တွင်းလုပ်ငန်းရှင်များအတွက် ဖိစီးမှုတစ်ခု ဖြစ်နေပါသည်။
အကြံပြု တင်ပြချက်များ
ယခင်အစိုးရလက်ထက်တွင် ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနသည် စက်မှုဇုန်များမှ ထုတ်လုပ်ရောင်းချသော ကုန်ချောများကို ပြင်ပ စျေးကွက်တွင် ပြည်ပမှ တင်သွင်းသည့်ကုန်ချော များနှင့် ယှဉ်ပြိုင်ရောင်းချရေး အားပေးသည့် အနေဖြင့် စက််မှုဇုန်များတွင် တည်ရှိပြီး စနစ် တကျ မှတ်ပုံတင်၍ ဆောင်ရွက်လျက်ရှိသော ကုန်စည် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ မှ ထုတ်လုပ်၍ ပြည်တွင်း၌ ရောင်းချသည့် ကုန်စည်များအပေါ် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ နောက်ဆက်တွဲ ဇယား(၂)မှ ဇယား(၆)ပါ နှုန်းအသီးသီးဖြင့် ကျသင့်မည့်အစား ယင်း နှုန်းများ၏ (၂၀%) အထိသာ ကုန်သွယ်လုပ်ငန်း ခွန် စည်းကြပ်ကောက်ခံစေရန် သက်သာခွင့်ပြု ခဲ့ပါသည်။ သွင်းကုန်အစားထိုးလုပ်ငန်းများ အတွက် သတ်မှတ်ချက်များဖြင့် ကိုက်ညီပါက ကုန်သွယ်လုပ်ငန်းခွန်အား "လျော့ပေါ့သည့် ခံစားခွင့် ၂၀% "သာ ပေးဆောင်ရသည့် ခံစား ခွင့်ကို ရရှိခဲ့ပါသည်။
သွင်းကုန်အစားထိုး ထုတ်ကုန်များ ထုတ် လုပ်သည့် ပြည်တွင်းလုပ်ငန်းရှင်တို့ ဖိစီးနေ သော ကုန်သွယ်လုပ်ငန်းခွန် ၅% အစား သက် သာခွင့် ရာနှုန်းတစ်ခုကို နှစ်အကန့်အသတ် တစ်ခု သတ်မှတ်၍ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှ တင်သွင်းသည့် ကုန်ချောများနှင့် ယှဉ် ပြိုင်ရောင်းချနိုင်ရေး အားပေးသည့်အနေဖြင့် ပြည်တွင်းမှ သွင်းကုန်အစားထိုးလုပ်ငန်းများ တိုးတက်မှု ရရှိစေရေးအတွက် လျော့ပေါ့ ဆောင်ရွက်ပေးနိုင်ပါရန် အကြံပြုပါသည်။
Made in Myanmarကို သုံးစွဲပါဟူသော လှုံဆော်မှုများဖြင့် သတင်းဖြန့်ချိရပါမည်။
အကျိုးသက်ရောက်မှု
●မျိုးချစ်စိတ်ဓာတ်ကို မြှင့်တင်ပြီး ဖြစ်ခြင်း၊
● ပြည်တွင်းဖြစ်ကို အားပေးရာရောက်ခြင်း၊
● သွင်းကုန်အစားထိုးလုပ်ငန်းများအား
မြှင့်တင်ပြီးဖြစ်ခြင်း။
အကျိုးအကြောင်းဖော်ပြချက်
မည်သည့်နိုင်ငံမဆို နိုင်ငံသားတို့သည် မိမိနိုင်ငံကို ချစ်မြတ်နိုးကြပါသည်။ မိမိယဉ်ကျေး မှုကို မြတ်နိုးကြပါသည်။ မိမိနိုင်ငံ ထုတ်ကုန် ကိုသာ အလေးထား သုံးစွဲကြပါသည်။ မိမိနိုင်ငံ ၏ ပစ္စည်းတို့ကို အမြတ်တနိုး တန်ဖိုးထားကြပါ သည်။
မိမိတို့၏ နိုင်ငံတွင်မူ မိမိနိုင်ငံထုတ်ကုန်သုံးစွဲမှုနှင့် ပတ်သက်၍ ပြောင်းပြန်ဖြစ်နေကြ သည်၊ နိုင်ငံရပ်ခြား ကုန်ပစ္စည်းများ အပေါ်သာ မွေ့လျော်ကြသည်၊ "အလေ့အကျင့်မှသည် ယဉ်ကျေးမှု ဖြစ်ပေါ်လာသည်" ဟု ဆိုလျှင် ယခုအခါ၌ မြန်မာနိုင်ငံသူနိုင်ငံသားတို့သည် သွင်းကုန်ပစ္စည်းများအပေါ် သာယာနေခြင်း သည် ယဉ်ကျေးမှုမဟုတ်သည့်တိုင် အမူအကျင့် တစ်ခုဟု ဆိုရလောက်အောင် အမြစ်စွဲ ခိုင်မာ လာသည်ဟု ဆိုနိုင်ပါသည်။ နိုင်ငံခြားပစ္စည်းကို သာ အထင်ကြီးကြသည်။ တန်ဖိုးထားကြသည်။ ပြည်တွင်းဖြစ်ထုတ်ကုန်တို့ကို နှိမ်ချကြသည်။ အရည်အသွေးမကောင်းဟု စံပြုခံရသည်။
ကျွန်ပ်တို့တွင် နိုင်ငံတကာသို့ ပေါက် ရောက်သည့်တံဆိပ် မရှိသေးပါ။
နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံသည့် Multi National Company မရှိသေးပါ။
အကြံပြု တင်ပြချက်များ
● ပြည်တွင်းဖြစ်ကိုအားပေးပါ။
● Made in Myanmarကို သုံးစွဲပါဟူသော လှုံ့ဆော်မှုများကို နည်းမျိုးစုံ အသွင်မျိုးစုံဖြင့် သတင်းဖြန့်ချိ ဆောင်ရွက်ပေးရန် တင်ပြအပ်ပါ သည်။
● Market မရှိလျှင် ကုန်ထုတ်သူများ မရပ် တည်နိုင်ပါ၊
● သွင်းကုန်အစားထိုးပြည်တွင်း ကုန်ထုတ် လုပ်သူတို့သည် မြန်မာပြည်တွင်း အတွက်သာ စျေးကွက်ရှိပါသည်၊ ပြည်တွင်းစျေးကွက်ကို အားယူပြီးမှသာ ပြည်ပသို့ တင်ပို့ရောင်းချနိုင် ပါမည်၊ သို့ဖြစ်ရာ ပြည်တွင်း Project များ (ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် အခြား ကဏ္ဍများ)တွင် သွင်းကုန်အစားထိုးပြည်တွင်း ဖြစ်ကို အနည်းဆုံး ရာခိုင်နှုန်းတစ်ခု သတ်မှတ် သုံးစွဲစေရန်အတွက် ချမှတ်ပေးပါရန် တင်ပြအပ် ပါသည်။
● အစိုးရ ဝန်ကြီးဌာနများ၊ အစိုးရဖက်စပ် လုပ် ငန်းများ၊ နိုင်ငံခြား ဖက်စပ်လုပ်ငန်းများနှင့် ပြည်တွင်းစီမံကိန်းများ၊ တင်ဒါဖိတ်ခေါ်ခြင်း၊ ဝယ်ယူခြင်းတို့တွင် သွင်းကုန်အစားထိုး ပစ္စည်း များ ဦးစားပေးရန်။
● World Bank တွင် ကျင့်သုံးသည့် မူတစ်ခု ဖြစ်သည့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းဖြစ် ကုန် ပစ္စည်းများသည် စျေးနှုန်း ၁၅%ခန့် များနေ သော်လည်း ပြည်တွင်းထုတ်ကုန်များကို ဦးစား ပေးဝယ်ယူပေးသည့်မူကို နည်းနာရယူ၍ ကျင့် သုံးပေးရန်၊
● Tax holiday ရရှိထားသည့် MIC, NGO, FDI, Foreign loan များသို့ သွင်းကုန်အစားထိုး ပစ္စည်းများ ရောင်းချလျှင် Tax ကင်းလွတ်ဖြင့် ရောင်းချခွင့်ပြုပါရန် တင်ပြအပ်ပါသည်။
● Japan standard,European standard, Korean standard စသည် စံတို့ဖြင့် သတ်မှတ် နေခြင်းအစား မြန်မာစံချိန်စံညွှန်း သတ်မှတ် ချက်ထားရှိသည့်ပစ္စည်းဖြစ်ပါက မြန်မာစံချိန် စံညွှန်းဖြင့်သာ ဖိတ်ခေါ်ပေးရန်၊
● အချို့တင်ဒါဖိတ်ခေါ်ခြင်းတွင် ပြည်တွင်း ထုတ်လုပ်သည့်ပစ္စည်း ဖြစ်ရမည်ဟု ပါရှိပါ သည်။ သို့ပါသော်လည်း (ပြည်တွင်းစက်ရုံ တွင် ထုတ်လုပ်သည့်) ပြည်တွင်းဖြစ်ဟူ၍ ဗန်းပြပြီး စီမံကိန်းတို့တွင် ပြည်ပမှ ကုန်ချောတင်သွင်းပြီး တင်ဒါသွင်းခြင်း အားတားမြစ်ပေးရန်၊
● Export ပြုလုပ်သည့်အခါ Tax free စနစ် အစား Export ပြုလုပ်သည် Amount ပေါ်မှ အချို့သော တိုင်းပြည်တို့တွင် ကျင့်သုံး သကဲ့ သို့ Tax rebate ပေးသည့်စနစ် ကျင့်သုံးပေး နိုင်ပါရန် အကြံပြု တင်ပြအပ်ပါသည်။
Value added သွင်းကုန်အစားထိုး ထုတ် လုပ်သည့် စက်ရုံများအတွက် အသုံးပြုမည့် စက်များ၊ အထောက်အကူပြု ယန္တရားများ တင် သွင်းခြင်း အပေါ် Import Custom Duty ကင်း လွတ်ခွင့်တောင်းခံခြင်း။
အကျိုးသက်ရောက်မှု
● စက်မှုလက်မှုကို တိုးမြင့်အားပေးရာ ရောက် ခြင်း၊
● စက်မှုနိုင်ငံအဖြစ် နိုင်ငံအဖြစ်ရောက်အောင် တွန်းပို့စေခြင်း၊
● စက်မှုလုပ်ငန်းရှင်တို့အတွက် ရင်းနှီးမြှုပ်နှံမှု လျော့ချစေခြင်း။
● စက်များ၊ အထောက်အကူပြု ယန္တရားများ တင်သွင်းခြင်း
အကျိုးအကြောင်း ဖော်ပြချက်
Value added တန်ဖိုးမြင့်ကုန်ပစ္စည်းများထုတ်လုပ်ရန် မည်သည့်စက်ရုံ၊ အလုပ်ရုံမဆို စက်ပစ္စည်းနှင့် စက်ရုံသုံးယန္တရားများ မပါလျှင် မဖြစ်သည့်ခေတ် ဖြစ်သည်၊ ပြည်တွင်း ရင်းနှီး မြှုပ်နှံသူဖြစ်စေ၊ ပြည်ပရင်းနှီးမြှုပ်နှံသူဖြစ်စေ မြန်မာနိုင်ငံတွင် စက်ရုံ တည်ဆောက်ပါက Global ဖြင့် ယှဉ်ပြိုင်ရန် စက်ယန္တရားတို့ ခေတ် မီစေရန် တပ်ဆင်ထားမှသာ ကုန်ထုတ်လုပ်မှု စွမ်းအားကို မြှင့်တင်စေပြီး ထုတ်လုပ်မှုတန်ဖိုး လျော့နည်းစေပါမည်၊ နိုင်ငံတကာပို့ကုန် ဖြစ် လျှင် Made in Myanmar သည် စျေးကွက် တိုးနိုင်မည်၊ ထုတ်လုပ်၍ ပြည်တွင်း၌ရောင်းချ သည့် ပြည်တွင်းသုံးဖြစ်လျှင် တန်ဖိုးလျော့ချ နိုင်ပြီး စားသုံးသူတို့အတွက်လည်းအခွင့်အရေး ရရှိနိုင်ပါမည်။
အကယ်၌ သက်သာသောကင်းလွတ်ခွင့်များရှိခဲ့ပါလျှင် Value added တန်ဖိုးမြင့်ကုန် ပစ္စည်းများ ထုတ်လုပ်သည့် ခေတ်မီစက်များ ဝယ်ယူနိုင်စေရန်တွန်းအားတစ်ခု ဖြစ်လာစေပါ သည်။
အကြံပြု တင်ပြချက်
ပြည်ပမှ တင်သွင်းသည့် ကုန်ချောများနှင့် ရောင်းချနိုင်ရေး အတွက် Value added တန်ဖိုးမြင့် ထုတ်လုပ်ရန် တင်သွင်းမည့်စက် ပစ္စည်း၊ စက်ရုံးသုံး အထောက်အကူပြုယန္တရား တို့၏ တင်သွင်းမှုအတွက် ကုန်သွယ်ခွန်သာ ကောက်ခံပြီး အကောက်အခွန် Customer duty ကင်းလွတ်ခွင့်ပြုရန် အကြံပြုတင်ပြအပ်ပါသည်။
သွင်းကုန်အစားထိုးထုတ်လုပ်မှုလုပ်ငန်းအတွက် အသုံးပြုနေသော အထူးကုန်စည်ဟု သတ်မှတ်ထားသည့် စက်မှုကုန်ကြမ်းများ နိုင်ငံ ခြားမှ တင်သွင်းသည့်အခါ "အထူးကုန်စည် အခွန်"ကင်းလွတ်ခွင့်တောင်းခံခြင်း
အကျိုးသက်ရောက်မှု
အထူးကုန်စည်ဟု သတ်မှတ်ထားသည့် စက်မှုကုန်ကြမ်း အသုံးပြု၍ ပြည်တွင်းသွင်း ကုန်အစားထိုကုန်ပစ္စည်း ထုတ်လုပ်သူ(Made in Myanmar)၏ ထုတ်လုပ်မှုကုန်တန်ဖိုး Cost of goods sold သည် နိုင်ငံခြားတွင် အထူးကုန်စည်စက်မှုကုန်ကြမ်းအသုံးပြု၍ ထုတ်လုပ်သူ sold အချင်းချင်း Level တူယှဉ်ပြိုင်နိုင်သော အကျိုးထူးရရှိမည်ဖြစ်သည်။
အကျိုးအကြောင်း ဖော်ပြချက်
သွင်းကုန်အစားထိုး ထုတ်လုပ်သည့် လုပ် ငန်းသုံး စက်မှုကုန်ကြမ်းများတွင် အထူးကုန် စည်ဟု သတ်မှတ်ထားသည့် စက်မှုကုန်ကြမ်း များပါရှိပါသည်၊ အထူးကုန်စည် ကုန်ကြမ်းတို့ အား တင်သွင်းလျှင် ကုန်သွယ်လုပ်ငန်းခွန် ၅% ပေးဆောင်ရသည့်အပြင်ထပ်မံ၍ ၅% "အထူး ကုန်သည်ခွန်"ဟူ၍ ကောက်ခံပါသည်။
ကုန်ချောရောင်းသည့်အခါ ပေးဆောင် ထားသည့် ကုန်သွယ်လုပ်ငန်းခွန်အား ခုနှိမ်ခွင့် ရသော်လည်း (ကုန်ကြမ်းတန်ဖိုး+အထူးကုန်စည်ခွန်+ကုန်သွယ်ခွန်)အဖြစ် ထည့်သုံးပြီးသော အခါ အထူးကုန်စည်ခွန်အတွက် ခုနှိမ်ခွင့် မရ သဖြင့် ပြည်တွင်း ထုတ်လုပ်သူ(Made in Myanmar)များ၏ သွင်းကုန်အစားထိုးကုန်ချော Cost of goods sold တန်ဖိုးမြင့်တက်လာပါ သည်။
နိုင်ငံခြားတွင် ထုတ်လုပ်သည့် အလားတူ ကုန်ချောကို မြန်မာနိုင်ငံသို့တင်သွင်းလာလျှင် အထုးကုန်စည်ခွန်ပေးဆောင်ရန်မလိုပါ။
နိုင်ငံခြားကုန်ပစ္စည်းနှင့် ယှဉ်ပြိုင် ရောင်းချ ရသည့် သွင်းကုန်အစားထိုးကုန်ချောထုတ်လုပ်မှုလုပ်ငန်းတို့မှာ ငွေကြေး၊ နည်းပညာ၊ လူ့အရင်း အမြစ်ရှိနေသည့်တိုင် စျေးကွက်တွင် စျေးနှုန်း ယှဉ်ပြိုင်ရန် တစ်ပန်းရှုံးနေရပါသည်။
အကြံပြု တင်ပြချက်
သွင်းကုန်အစားထိုး ထုတ်လုုပ်မှုလုပ်ငန်း အတွက် အသုံးပြုနေသော စက်မှုကုန်ကြမ်းများ နိုင်ငံခြားမှ တင်သွင်းသည့်အခါ "အထူးကုန်စည် ခွန် "ကင်းလွတ်ခွင့်ပြုရန် တင်ပြအပ်ပါသည်။
ကြော်ငြာအခွန်အခများလျော့ပေါ့ပေးခြင်း
အကျိုးသက်ရောက်မှု
သွင်းကုန်အစားထိုး လုပ်ငန်းများမှ ကုန် ချောအမျိုးမျိုးကို အများပြည်သူနှင့် သုံးစွဲသူတို့ သိိရှိစေရန် ကြော်ငြာအားဖြင့် message ပေး၍ အသိပေးရန်လိုအပ်ပါသည်၊ သို့မှသာ သုံးစွဲသူ Awareness ရရှိစေပြီး သွင်းကုန်အစားထိုးလုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်နိုင်မည် ဖြစ်ပါ သည်။
အကျိုးအကြောင်းဖော်ပြချက်
ရန်ကုန်၊ မန္တလေးမြို့ကြီးများမှအစ တိုင်း ဒေသကြီးတို့တွင် Bill board, sing board တို့ အားကောက်ခံသည့် ကြော်ငြာခနှုန်းများသည် တစ်စတစ်စ မြင့်တက်လာပါသည်။
TV ကြော်ငြာများ၊ TV Program များကို လေ့လာလျှင် ပြည်တွင်း ရောင်းချနေသော နိုင်ငံခြားဖြစ် ကုန်ပစ္စည်းများသာ ငွေကုန်ကြေး ကျခံ၍ စျေးကောင်းပေးပြီး Promote ပြုလုပ် နိုင်၊ ကြော်ငြာနိုင်ကြသည်။
အကြံပြု တင်ပြချက်
သက်သာသော ကြော်ငြာခနှုန်းထားဖြင့် (Made in Myanmar)သွင်းကုန်အစားထိုးများ အတွက် ဆောင်ရွက်ပေးပါရန် အကြံပြုတင်ပြ အပ်ပါသည်။
အကျိုးသက်ရောက်မှု
နိုင်ငံခြား ကုန်ပစ္စည်းများနှင့် Made in Myanmar ကုန်ပစ္စည်းများအား သုံးစွဲသူတို့က ရွေးချယ်နိုင်ခွင့် ရရှိမည်။
Global network သို့ မြန်မာ့ထုတ်ကုန်များ ကမ႓ာသို့ပျံ့နှံ့နိုင်ရန် အခွင့်အလမ်း ရှိလာပါမည်။
အကျိုးအကြောင်းဖော်ပြချက်
စီးပွားကူးသန်းဝန်ကြီးဌာနမှ ထုတ်ပြန် သော အမိန့်ကြော်ငြာစာ(၃၆/၂၀၁၇)အရ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူတို့သည် အချိ်န်ကောင်းအခါ သင့်လျှင် ကုန်သွယ်မှုပြု၍ Retail sales, Wholesales ဖြင့် ပြည်တွင်းစျေးကွက်အား နိုင်ငံခြားပစ္စည်းများ ဖြန့်ဖြူရောင်းချပါမည်။ ဖွင့်လှစ်မည့် ဆိုင်ကြီးဆိုင်ငယ်တို့တွင် နိုင်ငံခြား သွင်းကုန်ပစ္စည်းများသာ တင်သွင်းရောင်းချကြ မည် ဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့ ဖွင့်လှစ်မည့် ဆိုင်ကြီးဆိုင်ငယ်တို့တွင် နိုင်ငံခြားသွင်းကုန် များသာ ရောင်းချမည့်အစား Made in Myanmar ပစ္စည်းများကို ၎င်းတို့၏ ဆိုင်ကြီးဆိုင် ငယ်တို့တွင် နေရာယူထားရှိနိုင်ပါက မြန်မာ ပြည်တွင်မက ကမ႓ာအနှံ့ ရောင်းချနေသူတို့၏ Global network တွင် ရောက်ရှိစေ၍ ကမ႓ာကို ပျံ့နှံ့နိုင်ရန် ပို့ကုန်အခွင့်အလမ်းရရှိစေပါမည်။
အကြံပြု တင်ပြချက်
ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့် ကုန်သွယ်မှု ခွင့်ပြုသည့် ဆိုင်ကြီးဆိုင်ငယ်တို့၏ Shelf စင်တို့တွင် (Made in Myanmar)ပစ္စည်း များပါ ရောင်းချနိုင်ရန် သင့်တော်သော အချိုး (ရာခိုင်နှုန်း)တစ်ခုဖြင့် အနည်းဆုံးထားရှိရန် ပြဋ္ဌာန်းသင့်သည်ဟု အကြံပြု တင်ပြအပ်ပါသည်။
လက်ရှိအခြေအနေ
မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းစုတို့သည် တရားဝင်ဖွဲ့စည်းသည့် လုပ်ငန်းများအဖြစ် ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်နှီးမြှုပ်နှံမှု ကော်မရှင်၏ ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်ခြင်း ဖြင့် လုပ်ငန်းလုပ်ကိုင်ကြပါသည်။ ထိုသို့ တရား ဝင် ဖွဲ့စည်းထူထောင်သည့် လုပ်ငန်းသစ်များ အတွက် ပြည်တွင်း အခွန်များဦးစီးဌာနက ရင်း နှီးမြှုပ်နှံလည်ပတ်ငွေ၊ စက်ပစ္စည်း၊ ကုန်ကြမ်း နှင့် စက်ရုံမြေ ဝယ်ယူခြင်း စသည်တို့အတွက် ရင်းနှီးမြှုပ်နှံသူ ရှယ်ယာရှင် အသီးသီးတို့၏ အခွန်ထမ်းမြို့နယ်တွင် ထည့်ဝင်သည့် ရင်းနှီး မြှုပ်နှံမှုငွေအတွက် ဝင်ငွေရလမ်းကို တင်ပြ ရှင်းလင်းရပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ထိုသို့ ဆောင်ရွက်ရခြင်း မရှိချေ။
အခက်အခဲ/ပြဿနာများ
လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ် ငန်းအသစ် လုပ်ကိုင်ရန် ပြည်တွင်းရင်းနှီးမြှုပ်နှံသူတို့သည် စျေးနှုန်းကြီးမြင့်သည့်မြေ ဝယ်ယူ ရခြင်း၊ ငှားရမ်းရခြင်း၊ နိုင်ငံခြားငွေဖြင့် စက် ပစ္စည်းကိရိယာ၊ မော်တော်ယာဉ် စသည်တို့အား ဝယ်ယူရခြင်း၊ ကုန်ကြမ်းများ တင်သွင်းရခြင်း၊ လှည့်လည်ငွေများ ထည့်ဝင်ရခြင်းတို့ လုပ်ကိုင် ရသည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုတွင် အရင်းအနှီး ကြီးစွာ စိုက်ထုတ်ခဲ့ရပါသည်။
လုပ်ငန်းလည်ပတ်သည့်အခါ ကုန်သွယ် လုုပ်ငန်းခွန်၊ ဝင်ငွေခွန်တို့ကို ပေးဆောင်ရပါ သည်။ ထိုသို့ လုပ်ငန်းလည်ပတ်သည့်အခါ ပေးဆောင်ရသည့် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်တို့သည် ပေးဆောင်သင့် ပေးဆောင် ထိုက်သည့် အခွန်အခများ ဖြစ်သော်လည်း လုပ်ငန်းသစ် လည်ပတ်ရန် ရင်းနှီးရမည့်ငွေတို့ အတွက် ရှယ်ယာရှင် အားလုံးတို့မှ ဝင်ငွေ ရလမ်း ဖော်ပြရှင်းလင်းရန်နှင့် ဝင်ငွေရလမ်း မဖော်ပြနိုင်ပါက ပေးဆောင်ရသည့် အခွန်ငွေ သည် စီးပွားရေးလုပ်ငန်း အသေးစား၊ အလတ်စားတို့အပေါ်ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ပေါ်နေ သည်ဟု တင်ပြအပ်ပါသည်။
အကြံပြု တင်ပြချက်
ပြည်တွင်းလုပ်ငန်းရှင်များကိုသာ ရင်းနှီး မြှုပ်နှံမှုတို့အတွက် ဝင်ငွေရလမ်း ဖော်ပြရပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတို့အဖို့မှာမူ တင်ပြရန် မလိုသည့်အတွက်ကြောင့် လည်းကောင်း၊ ပြည် တွင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည် ရွယ်၍ လည်းကောင်း၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီမြှုပ်နှံမှု ကော်မရှင်တွင် တရားဝင်ကုမ္ပဏီ ထူထောင်ပြီး လုပ်ငန်း လုပ်ကိုင်ပါက လည်ပတ်ငွေတို့အပေါ် ဥပဒေဖြင့်အညီ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေ ခွန်တို့ကိုသာ ကောက်ခံ၍ ဝင်ငွေရလမ်း ဖော် ပြရသည့် ကိစ္စရပ်တို့အတွက် ကင်းလွတ်ခွင့်ပြု ပေးပါရန် အကြံပြုတင်ပြအပ်ပါသည်။
လက်ရှိအခြေအနေ
ယခုအခါ မြန်မာနိုင်ငံတွင် သစ်အစားထိုး Plastic woodကို ထုတ်လုပ်နိုင်နေပြီဖြစ်ပြီး Export market လည်း ရှိနေပါသည်၊ Plastic Wood ထုတ်လုပ်ရန် အဓိက ကုန်ကြမ်းမှာ ပြည် တွင်းမှ လွယ်ကူစွာ ရရှိနိုင်သော သစ်လွှစာများ ဖြစ်ပါသည်။
အခက်အခဲ/ပြဿနာများ
Exportပို့နိုင်ရန်အတွက် သစ်တောဌာန၏ ထောက်ခံချက် မရရှိသေး၍ တင်ပို့ရောင်းချရန် ခက်ခဲနေပါသည်။
အကြံပြု တင်ပြချက်
သစ်လွှစာ အသုံးပြုခြင်းဖြင့် နိုင်ငံခြားပို့ ကုန်အတွက် ခက်ခဲနေသော ထောက်ခံချက် အတွက် သစ်တောဌာန၏ လွယ်ကူရှင်းလင်း သော လုပ်ထုံးလုပ်နည်းတို့ဖြင့် ထောက်ခံချက် ပေးနိုင်ပါရန် အကြံပြုတင်ပြအပ်ပါသည်။