အိန္ဒိယအစိုးရရဲ့ အမေရိကန် ဒေါ်လာ ၆ ဘီလျံ Production-Linked Incentive (PLI) အစီအစဉ် အောင်မြင်မှုများ စတင်ရရှိ


22 August, 2020

နည်းပညာဝန်ကြီး Ravi Shankar Prasad က အိန္ဒိယပြည်တွင်း အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်မှုအတွက် အမေရိကန် ဒေါ်လာ ၆ ဘီလျံ ရန်ပုံငွေအစီအစဉ်ကို ချပြခဲ့သည်။

၀ န်ကြီးချုပ် Narendra Modi ၏ 'Make in India' ၏ အနာဂတ်မျှော်မှန်းချက်အမြင်အရ အမေရိကန် အခြေစိုက်နည်းပညာကုမ္ပဏီကြီး Apple သည် iPhone 12 Series ကိုအိန္ဒိယတွင်ထုတ်လုပ်ရန် စီစဉ်နေသည်။ 'Made in India' iPhone 12 မော်ဒယ်များကို ထုတ်လုပ်ရန် ၂၀၂၁ ခုနှစ်နှစ်လယ်တွင် အဆင်သင့်ဖြစ်လိမ့်မည်။ Apple ကအိန္ဒိယမှာ iPhone 12 Series ထုတ်လုပ်ဖို့စီစဉ်နေသည်။ 'Made in India' အိုင်ဖုန်း 12 မော်ဒယ်များကို ၂၀၂၁ ခုနှစ်နှစ်လယ်တွင်အဆင်သင့်ဖြစ်လိမ့်မည်။ အက်ပဲလ်၏ထိုင်ဝမ်စာချုပ်ထုတ်လုပ်သူ Wistron သည်ဘန်ဂလာရူအနီးရှိ Narasapura စက်ရုံတွင်အိုင်ဖုန်းအသစ်များကိုစတင်ထုတ်လုပ်မည်။

Apple ၏ ထုတ်လုပ်မှု ကန်ထရိုက် ရရှိထားသော ထိုင်ဝမ်ထုတ်လုပ်သူ Wistron သည် ဘန်ဂလာရူအနီးရှိ Narasapura စက်ရုံတွင်အိုင်ဖုန်းအသစ်များကို စတင်ထုတ်လုပ်မည်ဖြစ်သည်။ ထို့အပြင်ကုမ္ပဏီသည် ၀ န်ထမ်း ၁၀၀၀၀ ခန့် ငှားရမ်းရန်နှင့် စက်ရုံသစ်တွင် ရူပီသန်း၂၉,၀၀၀ကို ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသည်။ ကုန်ထုတ်လုပ်မှုစက်ရုံသည် ယခုနှစ်အောက်တိုဘာလတွင် အပြည့်အဝလည်ပတ်နိုင်မည်ဟု မျှော်လင့်ရသည်။ 

iPhone 12 ကို အိန္ဒိယမှာ ထုတ်လုပ်ဖို့ ကုမ္ပဏီရဲ့ နောက်ဆုံးကမ်းလှမ်းချက် ဖြစ်သည်။ ကုမ္ပဏီ သည် ၂၀၁၇ ခုနှစ်တွင် iPhone ကို  Bengaluruရှိ Wistron စက်ရုံတွင် အိန္ဒိယ၌ ပထမဆုံးအကြိမ်အဖြစ်  စတင်ထုတ်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် ချန်နိုင်းရှိ Foxconn ၏ အခြာကန်ထရိုက်ထုတ်လုပ်သူစက်ရုံသို့ တိုးချဲ့ခဲ့သည်။ ပြီးခဲ့သည့်အောက်တိုဘာလက Apple သည် အိန္ဒိယနိုင်ငံတွင် iPhone XR ကို စတင်ထုတ်လုပ်ခဲ့သည်။ 

ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် Apple က အိန္ဒိယတွင် အမေရိကန်ဒေါ်လာ ၁၃ သန်း ရင်းနှီးမြှုပ်နှံပြီး လက်လီအရောင်း အွန်လိုင်း ပလက်ဖောင်း ထူထောင်ခဲ့သည်။ ကုမ္ပဏီပိုင် စတိုးဆိုင် ၃ ဆိုင်ကို မွန်ဘိုင်းနှင့် နယူးဒေလီ မြို့ကြီးများတွင် ဖွင့်လှစ်ခဲ့သည်။

အိန္ဒိယပြည်တွင်း ထုတ်လုပ်မှုအနေဖြင့် Apple သည် စီးပွားဘက် ထုတ်လုပ်သူ  Foxconn နှင့်အတူ အမေရိကန်ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့သည်။ ‘Made in India’ iPhones များကို ကမ္ဘာတစ်လွှားသို့ တင်ပို့မည် ဖြစ်သည်။ ချန်နိုင်းတွင် တည်ရှိသော Foxconn၏ စက်ရုံတွင် Apple ထုတ်ကုန်များကို ထုတ်လုပ်မည် ဖြစ်သည်။ Apple သို့ အစိတ်အပိုင်းများ ပေးသွင်းသည့် လုပ်ငန်းများသည်လည်း Apple နှင့်အတူ အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

အိန္ဒိယသည် စမတ်ဖုန်း သုံးစွဲသူ သန်း ၅၀၀ ကျော် ရှိသည့် ဈေးကွက်ဖြစ်ပေရာ စမတ်ဖုန်း ထုတ်လုပ်သူတို့အဖို့ အကြီးမားဆုံး စမတ်ဖုန်းဈေးကွက်သစ် ဖြစ်နေသည်။ သို့ဖြစ်ရာ တရုတ်ဈေးကွက်အတွက် အစားထိုးဈေးကွက်ကြီးတစ်ခု ဖြစ်နေသည်။ ထုတ်လုပ်မှု အခြေစိုက်ရန်အတွက်လည်း အစားထိုးနေရာတစ်ခု ဖြစ်နေသည်။

အိန္ဒိယအစိုးရကလည်း ကုန်ထုတ်လုပ်ငန်းများ လာရောက်လုပ်ကိုင်အောင် မက်လုံးများ ဖန်တီးပေးနေပြီး အခြားတစ်ဘက်၌ တရုတ်ပြည်မှာ သွင်းကုန်များအပေါ် အချိန်ကြန့်ကြာသော စစ်ဆေးမှု လုပ်ထုံးလုပ်နည်းများ ကျင့်သုံးပြီး ခက်ခဲကြန့်ကြာအောင် ဖန်တီးထားသည်။ တရုတ်ပြည်မှ ထုတ်လုပ်သော အစိတ်အပိုင်းများဖြင့် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ရသောလုပ်ငန်းများ ကုန်ကြမ်း အလျဉ်မီ မရရှိသည့် အကျပ်အတည်းကို ရင်ဆိုင်နေကြရသည်။

အိန္ဒိယအစိုးရမှ ဖန်တီးပေးသော မက်လုံးတစ်ခုမှာ နည်းပညာဝန်ကြီး Ravi Shankar Prasad က အိန္ဒိယပြည်တွင်း အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်မှုအတွက် အမေရိကန် ဒေါ်လာ ၆ ဘီလျံ ရန်ပုံငွေအစီအစဉ်ကို ချပြခဲ့သည်။ ထိုရန်ပုံငွေ အစီအစဉ်ကို ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း ထုတ်လုပ်သူ ၅ ဦးနှင့်အတူ ပြည်တွင်းမှ စမတ်ဖုန်း ထုတ်လုပ်မှု ထူထောင်ခြင်းနှင့် တည်ရှိပြီးသား လုပ်ငန်းကို ချဲ့တွင်ခြင်းတို့ဖြင့် စတင်အကောင်အထည်ဖော်မည် ဖြစ်သည်။

အိန္ဒိယအစိုးရက ထုတ်လုပ်မှု ချိတ်ဆက် မက်လုံး production-linked incentive (PLI) အစီအစဉ် ချမှတ်ပေးထားရာ ၅ နှစ်တာကာလအတွင်း ပြည်တွင်းရောင်းအားပမာဏ၏ ၄% မှ ၆% နှင့် ညီမျှသော ရောင်းအားပမာဏကို ‘Made in India’ပြည်တွင်းထုတ် အီလက်ထရွန်းနစ် ပစ္စည်းများအတွက် ထပ်ဆောင်း ရရှိစေမည် ဖြစ်သည်။  Apple, Samsung, Oppo, Vivo, Xiaomi, Foxconn, Wistron နှင့် Flex တို့က စိတ်ဝင်စားမှု ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

တောင်ကိုရီးယားမှ Samsung Electronics Co. နှင့် အမေရိကန်မှ  Apple Inc တို့သည် အိန္ဒိယတွင် စမတ်ဖုန်း ထုတ်လုပ်မှုများကို လာရောက်လုပ်ကိုင်ကြမည် ဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုများ ပြုကြရမည် ဖြစ်သည်။ အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်သူ ပြည်ပလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံမှုများသည် အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ ရှိမည်ဟုမျှော်မှန်းထားသည်။

ထိုရည်မှန်းချက်အတွက် စဉ်းစားစရာ အချက်မှာ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းဖြစ်သော Standard Chartered PLC မှ  ထုတ်ပြန်ခဲ့သော စစ်တမ်းတွင် အမေရိကန်-တရုတ် စစ်အေးတိုက်ပွဲကြောင့် တရုတ်ပြည် အခြေစိုက် ကုန်ထုတ်လုပ်ငန်းများကို တရုတ်ပြည်ပြင်ပသို့ ရွှေ့ပြောင်း အ‌ခြေစိုက်ရန် နေရာရွေးချယ်သည့်အခါ ဗီယက်နမ်သည် အနှစ်သက်ဆုံးနိုင်ငံဖြစ်သည်။ ဗီယက်နမ်ပြီးလျှင် ကမ္ဘောဒီးယား၊ မြန်မာ။ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့ကို ရွေးချယ်ကြသည်ဖြစ်ရာ အိန္ဒိယနိုင်ငံ မပါဝင်ချေ။ သို့ရာတွင် စမတ်ဖုန်း ထုတ်လုပ်သူများအနေဖြင့်မူ  အိန္ဒိယနိုင်ငံသည် ရွေးချယ်မှုတွင် ဦးစားပေးရွေးချယ်ကြသည်။ 

သို့ဖြစ်ရာ မိုဘိုင်းဖုန်း ထုတ်လုပ်သူ ၂၄ ခုတို့က အိန္ဒိယနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံပြီး စက်ရုံတည်ဆောက် လုပ်ကိုင်ဖို့ ကတိကဝတ်ပြုကြသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် မျှော်မှန်းချက်ကို ပြည့်မီသွားခဲ့သည်။ 

အလားတူ ရောင်းအားအရ ထပ်ဆောင်းပေးသည့် အစီအစဉ်ကို ဆေးဝါးထုတ်လုပ်မှု၊ ကားထုတ်လုပ်မှု၊ အထည်အလိပ်နှင့် စားသောက်ကုန်ကဏ္ဍများတွင်လည်း အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

လာမည့် ၅ နှစ်တာအတွင်း နောက်ထပ် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅၅ ဘီလျံ ထပ်ဝင်လာမည်ဟု မျှော်မှန်းထားသည်။ စမတ်ဖုန်း ထုတ်လုပ်မှုအနေဖြင့် နောက်ထပ် ၁၀% သည် အိန္ဒိယတွင် ရွေ့ပြောင်း အခြေချကြမည်ဖြစ်ပြီး အများစုမှာ တရုတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ရွှေ့ပြောင်းကြသူများ ဖြစ်လိမ့်မယ်ဟုလည်း မျှော်မှန်းထားသည်။

ထုတ်ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၃ ဘီလျံသို့ ရောက်ရှိနိုင်ပြီး တိုက်ရိုက်နှင့် သွယ်၀ိုက်အလုပ်အကိုင် တစ်သန်း ဖန်တီးပေးနိုင်လိမ့်မည်ဟု တွက်ချက်ခန့်မှန်းထားသည်။

 

Investment/Divestment Read 739 times