လျှပ်စစ်ကဏ္ဍတိုးတက်လာစေဖို့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်း လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်


23 March, 2019

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ကဏ္ဍတိုးတက်လာစေဖို့ ဆက်စပ်လုပ်ငန်းတွေဖြစ်တဲ့ သဘာဝ ဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်တဲ့လုပ်ငန်း၊ LPG ၊ CNG လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လုပ်ငန်းရှင် ဒီလုပ်ငန်းတွေအပြင် လျှပ်စစ်ကဏ္ဍတိုးတက်ဖို့အတွက် သဘာဝဓာတ်ငွေ့အသုံးချ ဓာတ်မြေသြဇာစက်ရုံတွေ၊ Solar Energy စက်ရုံတွေ ဖွံ့ဖြိုးရေးမှာလည်း ပူူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်နေပါတယ်။

ဒါ့ပြင် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကနေ ကမ်းလွန်လုပ်ကွက် ၁၅ ကွက်နဲ့ ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်၊ စုစုပေါင်း ၃၃ ကွက်ကို မကြာမီ တင်ဒါခေါ်ယူသွားမှာဖြစ်ပါတယ်။ ပြီးတော့ မြန်မာ့ကမ်းလွန်မှာရှိတဲ့ အခြားလုပ်ကွက်တွေကိုလည်း မကြာမီတင်ဒါခေါ်ယူသွားဦးမှာဖြစ်ပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက LPG ကို မဟာဗျူဟာမြောက်စွမ်းအင်အနေနဲ့ မျှော်မှန်းဆောင်ရွက်နေပြီး စက်မှုကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍနဲ့ မီးဖိုချောင်သုံးကဏ္ဍတွေမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ဖို့ကို မျှော်မှန်းထားဆောင်ရွက်နေပါတယ်။

၂၀၂၀ ခုနှစ်ရောက်ရင် LPG ကို ကျေးရွာတွေအထိရောက်အောင် ဖြန့်ဖြူးသွားဖို့နဲ့ အိမ်ထောင်စုတစ်သန်းအထိ သုံးစွဲနိုင်ဖို့ ရည်မှန်းချက်ထားကာ ဝန်ကြီးဌာနက ဆောင်ရွက်နေပါတယ်။ ပထမအဆင့်အနေနဲ့တော့ ၂၀၁၈ ခုနှစ်မှာ အိမ်ထောင်စုတစ်သိန်းခွဲကို LPG  ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။

နိုင်ငံအတွင်း LPG ကို ကျယ်ပြန့်စွာသုံးစွဲနိုင်ပါက လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျှော့ချနိုင်ပြီး ထင်းမီးအစား သုံးစွဲနိုင်တာကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ သစ်တောပြုန်းတီးမှုကို  လျှော့ချနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ LPG ဓာတ်ငွေ့ရည်လိုအပ်ချက်  နှစ်စဉ် တန်ချိန်တစ်သိန်းခန့်ရှိပါတယ်။  LPG ဟာ အိမ်သုံးချက်ပြုတ်ရန် သင့်လျော်ပြီး CNG ဓာတ်ငွေကတော့ မော်တော်ယာဉ်များအတွက် လောင်စာအဖြစ်သင့်လျော်ပါတယ်။

Daily Eleven

Investment/Divestment Read 423 times