ပရိုပိန်းရေနံဓာတ်ငွေ့ရည် တန်ချိန် ၃၀ဝ ကို တင်ဒါစနစ်ဖြင့်ရောင်းချရန် လိုင်စင် (ခ) နှင့် လိုင်စင် (စ) လက်ဝယ်ရှိသူများအား တင်ဒါဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ထား ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းက ဒီဇင်ဘာ ၁၈ ရက်၌ သိရသည်။
အဆိုပြုလွှာတင်နိုင်
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက် အောက်ရှိ အမှတ် (၁) ရေနံဓာတ်ငွေ့ရည် စက်ရုံ (မင်းဘူး) မှ ပရိုပိန်းရေနံဓာတ်ငွေ့ရည် တန်၂၀ဝ နှင့် ရေနံဓာတုဗေဒစက်ရုံစု (သံပရာ ကန်) မှ ပရိုပိန်းရေနံဓာတ်ငွေ့ရည် တန် ၁၀ဝ၊ စုစုပေါင်းပရိုပိန်း ရေနံဓာတ်ငွေ့ရည် တန် ၃၀ဝကို တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် ရေနံဓာတ်ငွေ့ရည် တင် သွင်းသိုလှောင်သယ်ယူဖြန့်ဖြူးရောင်းချခွင့် လိုင်စင်၊ လိုင်စင် (ခ) သို့မဟုတ် လိုင်စင် (စ) လက်ဝယ်ရှိသူများ အဆိုပြုလွှာတင်သွင်းနိုင် ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါရေနံဓာတ်ငွေ့ရည်များကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်အတွင်း အပြီးထုတ် ယူစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက်မှာ ဒီဇင် ဘာ ၂၆ ရက် မွန်းတည့် ၁၂ နာရီအထိ မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်းရုံးချုပ်၊ ရုံးအမှတ် ၄၄၊ နေပြည်တော်သို့ တင်သွင်းရမည်ဖြစ်ပြီး ယင်း နေ့ မွန်းလွဲ ၂ နာရီတွင် တင်ဒါဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။
မေးမြန်းနိုင်
တင်ဒါစည်းကမ်းချက်များကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန website www.moee.gov.mm တွင် ဒေါင်းလော့ဒ်ရယူနိုင်ပြီးအသေး စိတ်အချက်အလက်များကို မြန်မာ့ရေနံဓာတု ဗေဒလုပ်ငန်း ကုန်ထုတ်လုပ်မှုဌာန ဖုန်း–ဝ၆၇–-၃၄၁၁၁၉၄ သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်း သိရသည်။