PTT က မြန်မာနိုင်ငံမှ လောင်စာဆီကန်ဆိပ်ခံ စီမံကိန်း ရပ်ဆိုင်း


24 December, 2022

PTT က မြန်မာနိုင်ငံမှ လောင်စာဆီကန်ဆိပ်ခံ စီမံကိန်း ရပ်ဆိုင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

နော်ဝေရန်ပုံငွေက PTT တွင် ရင်းနှီးမြှုပ်နှံမှု ရပ်လိုက်ပြီးနောက် PTT လက်အောက်ခံလုပ်ငန်းခွဲသည် မြန်မာနိုင်ငံတွင် လောင်စာဆီကန်ဆိပ်ခံ တည်ဆောက်‌နေသည်ကို ရပ်တန့်ရန် တောင်းဆိုထားကြောင်း ထုတ်ပြန်ကြေညာပါသည်။ 

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း အကျိုးစီးပွား ဆောင်ရွက်‌နေသည့် နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီး PTT တွင် ရင်းနှီးမြှုပ်နှံမှု ပါဝင်နေသည်ကို နော်ဝေအစိုးရ ပင်စင်ရန်ပုံငွေက မကြာသေးမီကမှ နုတ်ထွက်ခဲ့သည်။ 

ကမ္ဘာ့အကြီးဆုံး အစိုးရ ရန်ပုံငွေဖြစ်သော နော်ဝေနိုင်ငံ အစိုးရ၏ ကြွယ်ဝမှုရန်ပုံငွေအဖွဲ့အစည်း Norges Bank Investment Management သည် ထိုင်းစွမ်းအင်လုပ်ငန်းစု PTT Plc မှ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို  လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် နုတ်သိမ်းခြင်းဖြစ်သည်။
PTT ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုများသည်  မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးချိုးဖောက်မှုများအတွက် ရန်ပုံငွေရှာပေးနေခြင်း ဖြစ်နေနိုင်သဖြင့် အမေရိကန်ဒေါ်လာ ၁.၃ ထရီလီယံ ပမာဏရှိသော ကမ္ဘာ့အကြီးဆုံးရန်ပုံငွေအဖွဲ့ Norges Bank Investment Management သည်  ရန်ပုံငွေအဖွဲ့၏ လူမှုကျင့်ဝတ်များနှင့် မလျော်ကန်သဖြင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများ ပြန်နုတ်ယူလိုက်သည်။
.
 PTT Exploration and Production (PTTEP) သည် ရတနာဓာတ်ငွေ့သိုက်ကို လုပ်ကိုင်နေသည်။ ရဲတံခွန်ဓာတ်ငွေ့သိုက်တွင် အထွက်နည်းလာသဖြင့် နုတ်ထွက်ခဲ့သည်။
 ထိုသို့နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ရက်အနည်းငယ်အကြာတွင်  PTT Group သည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကြားတွင် ၎င်း၏ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

နိုင်ငံအတွင်း ရေနံလုပ်ငန်းလည်ပတ်နေသည့် ၎င်း၏လုပ်ငန်းခွဲ PTT Oil and Retail Business Plc (OR) က ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေကို ရုပ်သိမ်းထားကြောင်း ပြောကြားသည်။
.
OR သည် မြန်မာနိုင်ငံတွင် ရေနံထွက်ကုန်များ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်မှုဝန်ဆောင်မှုကို ပံ့ပိုးပေးသည့် ဖက်စပ်လုပ်ငန်း Brighter Energy တွင် ၃၅% ရှယ်ယာပိုင်ဆိုင်ထားသည်။
ပြီးခဲ့သည့်နှစ် အစောပိုင်းက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ပြင်းထန်သော ပဋိပက္ခများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
PTT အမှုဆောင်အရာရှိများသည် လုပ်ငန်းစုသည် လူ့အခွင့်အရေးအခြေခံမူများကို လေးစားလိုက်နာကြောင်း ယမန်နေ့က ထပ်မံအတည်ပြုခဲ့သည်။
မြန်မာနိုင်ငံမှ ကုမ္ပဏီစုကြီး ကမ္ဘောဇလုပ်ငန်းစု၏ လက်အောက်ခံလုပ်ငန်းခွဲ Bright Energy နှင့် ထိုင်းနိုင်ငံမှ နိုင်ငံပိုင် ကုမ္ပဏီစုကြီး PTT Group ၏ လက်အောက်ခံလုပ်ငန်းခွဲ PTT Oil and Retail Business တို့ ထူထောင်ထားသော ဖက်စပ်လုပ်ငန်းသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးဖြစ်လာမည့် စက်သုံးဆီသိုလှောင်ရေးဆိပ်ခံကို ဆောက်လုပ်နေဆဲ ဖြစ်ပါသည်။
.
အနည်းစုရှယ်ယာရှင်တစ်ဦးအနေဖြင့် OR သည် ဆောက်လုပ်ဆဲ သိုလှောင်ရုံတည်ဆောက်မှုကို ရပ်ဆိုင်းဖို့ စဉ်းစားရန် Brighter Energy ကို တောင်းဆိုခဲ့သည်ဟု OR ၏အမှုဆောင်အရာရှိချုပ် Disthat Panyarachu က ပြောကြားသည်။
OR သည် အရင်းအနှီး ထပ်မံထည့်သွင်းမည်မဟုတ်ကြောင်း၊ Brighter Energy အနေဖြင့် ဆန်ရှင်စာရင်းတွင်ပါဝင်သူများနှင့် ငွေကြေးလွှဲပြောင်းမှုများကို ရှောင်ကြဉ်ရန် တောင်းဆိုထားကြောင်း ၎င်းက ပြောကြားသည်။
 OR သည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ပေးရန် ရေနံလုပ်ငန်းကို ပူးပေါင်းတည်ထောင်ရန် ရည်ရွယ်၍ Brighter Energy တွင် ၂၀၁၉ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံထားခဲ့ကြောင်း ၎င်းက ဆိုသည်။
Source Bangkokpost, Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Investment/Divestment Read 863 times