မြို့နယ်ကျော် သွားလာခွင့် QR code Pass ဘယ်လို လုပ်ရမလဲ


27 September, 2020

QR code သည် WFH လုပ်ငန်းများအတွက် မလိုအပ်သော်လည်း ခွင့်ပြုထားသောလုပ်ငန်းများအလုပ်လုပ်ရာတွင် မြို့နယ်ကျော်တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများနှင့် ကားများအတွက် ဖြတ်သန်းသွားလာခွင့်ရအောင် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ စီစဉ်ပေးခြင်းဖြစ်ပါတယ်။

ပထမဉီးစွာ Email ဖြင့် ဝင်လျှင် OTP number ပေးပါလိမ့်မယ်ရှင် browser ထဲမှာ email OTP နဲ့ဝင်ရင် အပေါ်တွင် ပြထားသည့်အတိုင်း တစ်ဆင့်ချင်းစီပေါ်လာပါလိမ့်မယ်။ အခုအချိန်မှာ အားလုံးက ဒီ link ထဲဝင်သုံးကြတဲ့အတွက် ခွင့်ပြုလုပ်ငန်း ၂၇ မျိုးဆိုရင် အချိန်အနည်းငယ်ပေးရပြီး others ဆိုရင်တော့ ၂၄ နာရီစောင့်ရပါလိမ့်မယ်။ ဖုန်းနဲ့ဖြည့်တဲ့သူများက error များတက်နေသည်ကို တွေ့ရသည့်အတွက် ဖုန်းနဲ့အစား ကွန်ပြူတာက ဖြည့်မည့်လုပ်ငန်းကုမ္ပဏီများအတွက် ပိုအဆင်ပြေပါတယ်။

 

ဖြည့်တဲ့အခါ မှန်ကန်စွာဖြည့်ဖို့လိုပါတယ် ပထမဦးဆုံး company profile ဖြည့်ပြီးတဲ့အခါ save ကို သေချာလုပ်ပါ။ ပြီးမှသာ employee list add လုပ်ပါ။ လုပ်တဲ့အခါ ဝန်ထမ်းတစ်ဦးဆီအတွက် အချက်အလက်များကို ပြည့်စုံစွာထည့်ပြီး ဝန်ထမ်းဓာတ်ပုံ မဖြစ်မနေ ထည့်ပေးဖို့လိုအပ်ပါတယ်။ တစ်ဦးဖြည့်ပြီးတဲ့အခါ တစ်ခါ သေချာsave ပါ ။

 

ကားသုံးမည်ဆိုလျှင်လည်း ထိုနည်းအတိုင်း ဖြည့်ပါ အားလုံးဖြည့်ပြီးသေချာပြီဆိုပါက company profile ကို ပြန်သွားပြီး submitလုပ်ပါ။ လုပ်ပြီးပါက ခွင့်ပြုလုပ်ငန်းဆိုရင် နာရီအနည်းငယ်အတွင်း others ဆိုလျှင် ၂၄ နာရီစောင့်ရပါလိမ့်မယ်။ အားလုံးပြီးပါက email confirmation ဝင်လာပါလိမ့်မယ် code တော့ ဝင်လာမှာမဟုတ်ပါဘူး။ ဝင်လာတဲ့အခါ ကိုယ့်သုံးခဲ့တဲ့email နဲ့ ပြန်ဝင်ကြည့်ပါ

 

ဝန်ထမ်း list ဘေး ကားlist ဘေးကို ပြန်နှိပ်ကြည့်ရင် အသီးသီးရဲ့QR code ရလာပါလိမ့်မယ်။ အမှန်ခြစ်အစိမ်းလေးပေါ်တယ်ဆိုရင် screen shoot သော်လည်းကောင်း print ထုတ်၍သော်လည်းကောင်း လုပ်ထားပါ။ အသုံးပြုသည့်လူဦးရေများသည့်အတွက် တခါတရံ empty ဖြစ်သွားတယ်လို့ ကြားသိရသည့်အတွက် technical team မှ အဆင်ပြေအောင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

 

ဖြည့်သည့်အခါ ထပ်ခါတလဲလဲပြင်ပါကလည်း ကြာတတ်ပါတယ်။ suspend ဖြစ်တတ်ပါတယ်။ အချိန်စောင့်ပြီး ထပ်ဖြည့်ရန် လိုအပ်ပါက ဖြည့်ပြီး resubmit ပြန်လုပ်ပေးပါ။ စုံစမ်းမေးမြန်းမှုများအတွက် စနေ တနင်္ဂနွေရက်များပါ ဖုန်းများဆက်တိုက်ဖြေကြားပေးလျက်ရှိပါတယ်။ ဖြေဆိုမှုအဆင့်ဆင့်ကိုလည်း ဖော်ပြပေးထားသလို ခွင့်ပြုလုပ်ငန်း ၂၇ မျိုးကို လည်း တင်ပေးထားပါတယ်။

 

Online မှ မှတ်ပုံတင်ခြင်းကို အောက်ပါ Link တွင် ဝင်ရောက်မှတ်ပုံတင်နိုင်ပါသည်။

 

https://QRpass.SawSawShar.gov.mm

 

မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်နှင့်ပတ်သက်၍ အဆင်မပြေမှုတစ်စုံတစ်ရာရှိပါက

ဖုန်းနပါတ် ၀၉-၆၉၄၈၂၀၂၄၄,

၀၉-၄၀၂၇၉၀၇၄၄၊

၀၉-၆၇၇၇၂၇၄၀၅

သို့ ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

အထူးသတိပေးလိုသည်မှာ-

လုပ်ငန်းများအနေဖြင့်လည်း ခွင့်ပြုလုပ်ငန်းအမျိုးအစားတွင် ပါဝင်ခြင်းမရှိပါက ဖွင့်လှစ်လည်ပတ် လုပ်ကိုင်ခြင်းမပြုဖို့ကို သတိပေထားပြီး ပြင်းပြင်းထန်ထန် အရေးယူဖို့ကိုညွှန်ကြားထားတာကြောင့် မလိုက်နာပါက ပိုင်ရှင်ကို အရေးယူမှာဖြစ်ပြီး ဖမ်းဆီးအရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Local News Read 3782 times