ယနေ့ လူမှုကွန်ယက်ပေါ်မှာ ဝိဝါဒ ကွဲပြားပြီး ပြောဆိုနေကြတဲ့ QR Pass လိုလာပြီဆိုတဲ့ကိစ္စဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ နဲ့ UMFCCI တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ် ...။
MOHS ရဲ့ Stay at Home အစီအစဥ်ထဲက ၃ (က) နဲ့ နောက်ဆက်တွဲထပ်မံခွင့်ပြထားတဲ့ လုပ်ငန်းများအရ ချွင်းချက်နဲ့ခွင့်ပြုထားသူများသာ QR Pass ဆောင်ရွက်ရန်လိုပါတယ်.။
ရန်ကုန်တိုင်းအတွင်း သွားလာလုပ်ကိုင်ခွင့်ပြုထားတဲ့ လုပ်ငန်းများကို ပူးတွဲပါအမိန့်ကြေညာချက်ထဲက ၃(က)နဲ့ နောက်ဆက်တွဲထပ်မံခွင့်ပြထားတဲ့ လုပ်ငန်းများမှာပါမပါကြည့်ကြပါ။
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ကျော် ဖြတ်သန်းသွားလာရန် QR Code ခွင့်ပြုသည့်လုပ်ငန်း (၂၇)မျိုးစာရင်း
ထပ်ရှင်းရရင် ခြွင်းချက်နဲ့ ခွင့်ပြုချက်ထဲပါဝင်နေတဲ့ လုပ်ငန်းမှန်သမျှ ဝန်ထမ်းတွေ၊အလုပ်သမားတွေ၊ မော်တော်ယာဉ်မောင်းတွေ QR Pass လျှောက်ထားခွင့်ပြုချက်ယူရမည်သာဖြစ်ပါတယ်။
အမိန့်ကြေညာချက်ထဲက ၃(က)နဲ့ နောက်ဆက်တွဲထပ်မံခွင့်ပြထားတဲ့ လုပ်ငန်းများထဲမပါတဲ့ မည်သူမဆို Stay at Home နေရမယ်။
ခြွင်းချက်ဖြင့် ၃(က)ခွင့်ပြုချက်ထဲမပါတဲ့ အလုပ်မှန်သမျှ ပိတ်ထားရမယ်၊ အပြင်ထွက်ခွင့်မရှိဘူး၊ QP Pass လည်းလျှောက်ထားစရာမလိုပါဘူး။
အစိုးရဝန်ထမ်းမှန်သမျှ QR Pass လျှောက်ထားစရာမလိုအပ်ပါဘူး၊
ဌာနဆိုင်ရာညွှန်ကြားချက်အတိုင်းရုံးတက်ရမည့်သူတွေရုံးတက်ကြရပါမယ်။
ဆက်ရှင်းပါဦးမယ်
အမိန့်ကြေညာချက် ၃(ဃ)(င)(ဆ)(ဇ) ပါအရ စျေးဝယ်ဖို့၊ ဆေးရုံဆေးခန်း သွားလာဖို့အတွက် တစ်အိမ်တစ်ယောက်၊ နှစ်ယောက်ထွက်ခွင့်ရှိသူတွေဟာ ခွင့်ပြုထားပြီးသားမို့ မိမိရပ်ကွက်၊ မြို့နယ်အတွင်းမှာ သွားလာနိုင်ပါတယ်။
ဒါပေမဲ့အကြောင်းမဲ့ တခြားမြို့နယ်ကျော်ပြီး(လုံးဝ) သွားလာခွင့်မရှိပါ။
ပိုရှင်းအောင်ပြောရရင် အကြောင်းမရှိဘဲ ကားမောင်းပြီး လျှောက်သွားနေတာတို့၊ မြို့နယ်ကျော်ပြီး Shopping ထွက်တာတို့၊ မိတ်ဆွေအမျိုးတွေဆီ သွားလည်ပတ်ချင်တာတို့၊ စတဲ့ မည်သည့်အကြောင်းပြချက်နှင့်မျှ (လုံးဝ) သွားလာခွင့် ခွင့်မပြုတာပါ။
ဆေးရုံဆေးခန်းပြသရန်
ဆေးရုံဆေးခန်းပြသဖို့ မြို့နယ်ကျော်သွားမယ်ဆိုရင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ထောက်ခံချက်သာတောင်းရပါမယ်။QR Pass အစီအစဥ်တွင်ပါဝင်လုပ်ဆောင်ရန် မလိုအပ်ပါကြောင်းအသိပေးအပ်ပါတယ်။
YBS နဲ့သွားလာခြင်း
ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အမိန့်ကြေညာချက်ထဲက ၃(က)နဲ့ နောက်ဆက်တွဲထပ်မံခွင့်ပြထားတဲ့ လုပ်ငန်းထဲမှာပါပြီးQR Pass ရရှိထားပြီးသား ဝန်ထမ်းတွေ၊ အလုပ်သမားတွေအနေနဲ့ YBS နဲ့သွားပြန်နိုင်ကြပါတယ်။
အခြားအကြောင်းမဲ့ YBS နဲ့သွားလာခြင်း( လုံးဝ) ခွင့်မပြုပါ။
Taxi အငှားယာဉ်များ
Taxi အငှားယာဉ်တွေအနေနဲ့ မြို့နယ်ကျော် ဆေးရုံဆေးခန်းပြသခွင့်ခွင့်ပြချက်ရရှိထားသူများ၊ QR Pass ရရှိထားသူများကိုသာ လိုက်ပါပို့ဆောင်နိုင်မည်ဖြစ်ပြီး၊ အကြောင်းမဲ့ မြို့နယ်ကျော်သွားလာမောင်းနှင်နေခွင့် မရှိပါ။ ( မည်သည့်Taxi မှ ဖြတ်သန်းမောင်းနှင်ခွင့်မပေးတော့ပါ)။
အဓိက ရည်ရွယ်ချက်
Stay at Home ရဲ့အဓိက ရည်ရွယ်ချက်က ရန်ကုန်မြို့တွင်း လူအများသွားလာလှုပ်ရှားနေမှုများကို (၁၄)ရက် ခေတ္တရပ်တန့်ခြင်းပါ။ ဒါကို ပြည်သူတစ်ဦးချင်းက နားလည်သဘောပေါက်ကြဖို့အရေးကြီးပါတယ်။ ခြွင်းချက်ဖြင့်ခွင့်ပြုထားတဲ့ လုပ်ငန်းများမှ ပြည်သူများမှအပ မည်သူတစ်ဦးတစ်ယောက်မျှ မြို့နယ်ကျော်လွန် သွားလာခွင့်မပြုတော့ခြင်း Stay at Home နေအိမ်တွင်သာ နေထိုင်ကြရမည် ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။