ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံးခန်းအဖြစ်အသုံးပြုခဲ့သောဆိပ်ကမ်းသာလမ်း(အပေါ်)ရှိကိုးထပ်ရုံး(၆ လွှာ)ကို ယာယီ Quarantine Center အဖြစ်ပြုလုပ်မည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်က ပြောသည်။
“အခုဆို သန့်ရှင်းရေးလုပ်ငန်းတွေနဲ့ ပိုးသတ်ဆေးဖြန်းတာတွေလုပ်ဆောင်နေပါတယ်။
တနင်္လာနေ့ (စက်တင် ဘာ ၂၁) လောက်ဆိုပြီးပါပြီ။ အင်္ဂါနေ့လောက် စတင်အသုံးပြုနိုင်ဖို့ စီစဉ်နေပါတယ်” ဟု ဦးနေမျိုးထက်ကပြောသည်။
ယနေ့ စက်တင်ဘာလ ၁၈ ရက်တွင် အဆိုပါ နေရာကို ရှင်းလင်းရေးလုပ်ငန်းလုပ်ဆောင်နေပြီး
ပထမဆုံး အနေဖြင့် လူဦးရေ ၃၀ ခန့် Quarantine ဝင်နိုင်ရန်စီစဉ်ပေးမည်ဖြစ်ကြောင်းနှင့် Wifi ၊ CCTV များလည်း တပ်ဆင်ပေးထားမည် ဖြစ်ကြောင်း သိရသည်။
ပြည်မြန်မာ