ရခိုင်နယ်စပ်ကုန်သွယ်မှု လျာထားချက်ထက်ကျော်လွန်


30 April, 2018

ရခိုင်ပြည်နယ် မောင်တောနယ်စပ် ကုန်သွယ်စခန်းမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဘင်္ဂလးဒေ့ရှ်နိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၆ သန်းကျော်အထိ ကုန်သွယ်မှုပြုလုပ်နိုင်ရန် လျာထားသော်လည်း အမှန်တကယ်ကုန်သွယ်နိုင်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်အထိ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့သောကြောင့် လျာထားချက်ထက်ကျော်လွန်၍ ကုန်သွယ်နိုင်ခဲ့ကြောင်း သိရပါသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်ရော၊ သွင်းကုန်ပါ ဒေါ်လာ ၆ သန်းအထိ လျာထားခဲ့သော်လည်း လက်ရှိတွင် ကုန်သွယ်နိုင်မှုမှာ ၁၄ ဒသမ ၃၂၉ သန်းအထိ ကုန်သွယ်နိုင်ခဲ့ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် လျထားချက်ထက် ၁၃၈ ဒသမ ၈၂ ရာခိုင်နှုန်း ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရပါသည်။

ပြည်သူမျာူ၏ လယ်ယာလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်သည်ဟု မောင်တောကုန်သွယ်ရေးစခန်းတာဝန်ခံတစ်ဦးက ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုများအနေဖြင့် လယ်ယာထွက်ပစ္စည်းများ ဒေါ်လာ ၉ သန်းကျော်၊ ရေထွက်ပစ္စည်းများ ဒေါ်လာ ၃ သန်းကျော်၊ သစ်တောထွက်ပစ္စည်းများ ဒေါ်လာ ၀ ဒသမ ၀၈၄ သန်းနှင့် စက်မှုကုန်ချော ဒေါ်လာ ၀ ဒသမ၀၅၂၂ သန်းအထိ ကုန်သွယ်နိုင်ခဲ့ကြောင်း သိရပါသည်။

မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းစဉ်များထဲတွင်ပါဝင်သည့် လယ်ယာထွက်ကုန်၊ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် စက်မှုကုန်ချောများကို မောင်တောနယ်စပ် ကုန်သွယရေးစခန်းမှ ကုန်သွယ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသာ်လည်း ကျန်ရှိနေသေးသော တိရစ္တာန်ထွက်ကုန်နှင့်အခြားပစ္စည်းများကို ကုန်သွယ်တင်ပို့နိုင်ခြင်းမရှိကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးခန်းမှ သိပါသည်။

Source eleven

Local News Export, Import Read 492 times