POSCO Daewoo ရဲ့ မြန်မာနိုင်ငံ ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်မှာ ဂက်စ်ပိုက် ပေါက်ကွဲမှု ၂၀၁၈ ခုနှစ် ဖွန်လ ၁၀ ရက်မှာ ဖြစ်ပွားခဲ့လို့ကုမ္ပဏီရဲ့ စတော့ရှယ်ယာ ဈေးနှုန်းများ ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
အဲဒီ ဂက်စ်ပိုက်လိုင်းတွေကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီက China National Petroleum Corporation (CNPC) ဖြစ်ပြီး မြေပြိုကျခဲ့တဲ့အတွက် အခုလို ပိုက်လိုင်းတွေ ထိခိုက်ကုန်တာ ဖြစ်ပါတယ်။
အခုလို ဖြစ်ပွားခဲ့တာကြောင့် လျာထားချက်အတိုင်း အချိန်မီ ပြီးစီးနိုင်မှာလားဆိုတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်ကြတာတောင့် စတော့ရှယ်ယာ ဈေးနှုန်းတွေ ကျဆင်းတာ ဖြစ်ပါတယ်။ Posco Daewoo Corp. ကုမ္ပဏီရဲ့ အမြတ် ၆၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံရှိ ဓာတ်ငွေ့လုပ်ငန်းထံမှ ရရှိတာ ဖြစ်ပါတယ်။ တစ်နှစ်တာ ရောင်းချမှုထံမှ ကိုရီးယားနိုင်ငံသုံးငွေ ဘီလျံ ၃၀၀ ရရှိပါတယ်။ ယခုနှစ် ဒုတိယ သုံးလပတ်မှာ အမြတ် ကိုရီးယားနိုင်ငံသုံးငွေ ဝမ် ၁၃၆ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၂၁ ဒဿမ ၂ သန်း) ရရှိဖို့ မျှော်မှန်းထားတာ မရေမရာ ဖြစ်သွားခဲ့ပါတယ်။
Posco Daewoo က ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ မြန်မာဓာတ်ငွေ့သိုက်ဟာ ကာလရှည်စီမံကိန်းဖြစ်ပြီး နှစ်ပေါင်း ၂၀ ဓာတ်ငွေ့ ထုတ်လုပ်နိုင်တယ်။ ယာယီအားဖြင့် အရောင်းပမာဏ ကျဆင်းတာကြောင့် ဓာတ်ငွေ့သိုက်ရဲ့ တန်ဖိုး ကျဆင်းသွားမှာ မဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်။ အဲဒါအပြင် ကုမ္ပဏီရဲ့ အနာဂတ် ကြီးထွားမှုနဲ့ ရှယ်ယာပိုင်ရှင်တို့ရဲ့ ယုံကြည်စိတ်ချမှု ပြန်လည်ရရှိပြီး စိတ်ချလက်ချ ဖြစ်စေဖို့အတွက် ကုမ္ပဏီမှ အကြီးတန်း အရာရှိ ၇၆ ဦးတို့က သူတို့လစာရဲ့ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးထိုးကျနေတဲ့ ရှယ်ယာတွေကို ဝယ်ယူမှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ တကယ်လည်း လစာရဲ့ ၁၀ ရာခိုင်နှုန်းဖြင့် ရှယ်ယာများ ဝယ်ယူခဲ့သော်လည်း ဈေးဆက်လက်ကျဆင်းခဲ့ပါတာ ၃၀ ရာခိုင်နှုန်းနီးပါး ဈေးကျခဲ့ပါတယ်။
Daewoo International ရဲ့ လုပ်ကွက်တွေထံမှ ဓာတ်ငွေ့ကို နှစ် ၃၀ သဘောတူညီချက်ဖြင့် တရုတ်နိုင်ငံသို့ ပိုက်လိုင်းဖြင့် ပေးပို့တာဖြစ်ပြီး သဘောတူညီချက်ကို ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းမှာ စတင်ခဲ့ပါတယ်။
CNPC က LNG terminal ကို ရခိုင်ပြည်နယ် မဒေးကျွန်း ရေနံဆိပ်ကမ်းမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ အဲဒီနေရာဟာယ မြန်မာ-တရုတ် ဓာတ်ငွေ့ ပိုက်လိုင်း စတင်တဲ့ နေရာလည်း ဖြစ်ပါတယ်။
Posco Daewoo Corp. ဟာ တောင်ကိုရီးယားမှ စတီးထုတ်လုပ်တဲ့ Posco ရဲ့ ကုန်သွယ်ရေးနှင့် စွမ်းအင်ဖွံ့ဖြိုးရေး ယူနစ် ဖြစ်ပါတယ်။ Posco Daewoo Corp. ကုမ္ပဏီအနေဖြင့် ယခုလို ပိုက်လိုင်းပေါက်ကွဲခြင်းကြောင့် အမြတ်ဆုံးရှုံးမှု အနည်းပါးဆုံးဖြစ်အောင် ပိုက်လိုင်း အစားထိုး ဆက်သွယ်မှုကို လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် တာဝန်ရှိတဲ့ China National Petroleum Corp. က ၄၃ ဒဿမ ၆ ကီလိုမီတာ ရှည်လျားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ဧရိယာမှာ ပြန်လည်သွယ်တန်းသွားမှာ ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလလယ်ပိုင်းလောက်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။
ဆင်ဟွာသတင်းမှ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ရှိတဲ့ Guizhou ပြည်နယ် Shazi ခရိုင်မှာ ရှိနေတဲ့ ပိုက်လိုင်းတစ်နေရာမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ လူ ၂၄ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာ စတင်ဖြစ်ပွားခဲ့ပြီး တနင်္လာနေ့ အစောပိုင်းမှာ မီးငြိမ်းသတ်မှု ပြီးစီးခဲ့တယ်။ အခုလို ဖြစ်ပွားတာကြောင့် ဘေးကင်းရေး အလိုအလျောက် ထိန်းချုပ်စနစ်မှ ပိုက်လိုင်းကို ပိတ်ချလိုက်ပါတယ်။
တရုတ်ကုမ္ပဏီထံမှ ငွေသားလျော်ကြေး ရရှိခဲ့တယ်လို့ Posco Daewoo က ပြောကြားခဲ့ပါတယ်။ ထုတ်လုပ်မှု ပုံမှန်ပြန်ဖြစ်အောင် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အခုလို ပြောကြားခဲ့တာကြောင့် ၎င်းရဲ့ ရှယ်ယာဈေးဟာ သောကြာနေ့ စက်တင်ဘာလ ၇ ရက်မှာ ၄ ဒဿမ ၄၄ ရာခိုင်နှုန်း ပြန်လည်မြင့်တက်သွားတာ တွေ့ရပါတယ်။