ရခိုင် ရိုးရာဝတ်စုံ


05 February, 2021

ရခိုင်ရိုးရာဝတ်စုံချုပ်လုပ်သည့် လုပ်ငန်းကို စစ်တွေမြို့တွင် ချုပ်လုပ်သည်ကိုသိရသည်။

ရခိုင်ရိုးရာဝတ်စုံအရောင်မှာ အနက်ခံအပေါ်တွင် ပန်းရောင်၊ ရွှေရောင် စသည်တို့ဖြင့် ဖော်စပ်ထားသည်ဟု သိရသည်။

ရခိုင်ရိုးရာဝတ်စုံအဖြစ် ညောင်ဦးခေတ်မှဝတ်စုံပုံစံမျိုးကိုအသုံးပြုပြီး ယောက်ျားလေးများအတွက် ခေါင်းပေါင်း(သို့) ခေါင်းစီး၊ ရခိုင်တိုက်ပုံ၊ ရခိုင်ပုဆိုး များကိုဝတ်ဆင်ရကြောင်းသိရသည်။

ရခိုင်မိန်းကလေးများအတွက် ညာဘက်ကိုလွယ်ရသောပုဝါ၊ ထမီ၊ ခါးပတ် အစရှိသည်တို့ကိုဝတ်ဆင်ရသည် ဟုသိရသည်။

ရခိုင်ရိုးရာဝတ်စုံမှ ထမီချုပ်လုပ်ရာတွင် မာစလိုက်၊ ဆီလွန်၊ အိန္ဒိယပိုး၊ ဘန်ကောက်ပိုး အစရှိသည့် ပိတ်စများဖြင့် ချုပ်လုပ်သည် ဟုသိရသည်။

ရခိုင်ရိုးရာဝတ်စုံစုံတွဲတစ်စုံလျှင် အနည်းဆုံး တစ်သိန်းကျသင့်နိုင်ကြောင်းသိရသည်။

Tips Read 11169 times