ရန်ကုန်တိုင်းတွင် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၆ သန်း ဝင်ရောက်


18 January, 2019

ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆ သန်းနှင့် ကျပ်သန်းတစ်သောင်းကျော် ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ စာရင်းများအရ သိရသည်။

ရင်းနှီးမြှုပ်နှံမှုအများဆုံးဝင်ရောက်သည့် ကဏ္ဍများမှာ စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍများဖြစ်ပြီး တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၃ ခုကို ခွင့်ပြုထားကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် မတည်ငွေရင်းပမာဏ အမေရိကန်ဒေါ်လာ ငါးသန်း(သို့) ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြုလျှောက်ထားလွှာများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်ရိုက်လျှောက်ထားနိုင်သည်။

The Voice

Investment/Divestment Read 485 times