ငွေလဲနှုန်းရည်ညွှန်းဈေး ပြောင်းလဲသတ်မှတ်ရန် အစီအစဉ် မရှိသေး


17 December, 2022

ငွေလဲနှုန်းရည်ညွှန်းဈေး ပြောင်းလဲသတ်မှတ်ရန် အစီအစဉ် မရှိသေး


ဗဟိုဘဏ်၏ ငွေလဲနှုန်းရည်ညွှန်းဈေး ပြောင်းလဲသတ်မှတ်ရန် အစီအစဉ် မရှိသေးကြောင်း ဗဟိုဘဏ်က အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။



ဈေးကွက်အတွင်း ဗဟိုဘဏ်ရည်ညွှန်းငွေလဲလှယ်နှုန်းအား ပြောင်းလဲမည်ဖြစ်ကြောင်း ကောလ ဟလသတင်းများထုတ်လွှင့်ခြင်း၊ စက်သုံးဆီကုမ္ပဏီများက Financing ရယူထားသော ငွေများ ပြန်လည်ပေးဆပ်ရန် အကြောင်းပြချက်ဖြင့် ဒေါ်လာဈေးနှုန်းများမြှင့်တင်ရန် ရည်ရွယ်၍ လိုက်လံ ဝယ်ယူနေခြင်းများ စသည့် သတင်းများထုတ်လွှင့်ပြီး ဈေးကစားရန်နှင့် စီးပွားရေး တိုးတက်မှုများ ကို နှောင့်နှေးရန် မသမာသူများက ဆောင်ရွက်ကြံရွယ်ခဲ့ကြောင်းတွေ့ရပါသည်။ ဗဟိုဘဏ် အနေဖြင့် ဈေးကွက်အတွင်း USD Liquidity အပြင် လုပ်ခလစာငွေလွှဲ ဝင်ရောက် မှုများမှ ဈေးကွက်အတွင်းသို့ ၄၅ ရက်အတွင်း USD (၁၀၈) သန်း ရောင်းချပေးခဲ့ပြီး ဆက်လက် ရောင်းချ ပေးမည်ဖြစ်၍ ကောလဟလများထုတ်လွှင့်ပြီး ဈေးကွက်မတည်ငြိမ်စေရန် သတင်း ထုတ်လွှင့်မှု များကို ယုံကြည်မှုမရှိရန်နှင့် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းသည်လည်း ပြင်ဆင်ရန် မရှိသေးကြောင်း ဖော်ပြအပ်ပါသည်။

Banking & Loan Read 563 times