UK Aid ၏ငွေကြေးပံ့ပိုးမှုဖြင့် ဆောင်ရွက်သည့် ဓနအစီအစဉ်မှ စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းတစ်ခုလျှင် စတာလင်ပေါင် တစ်သိန်းခွဲမှ ခုနှစ်သိန်းခွဲအထိ ငွေကြေးပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။
ဓနပံ့ပိုးမှု အစီအစဉ်သည် စိုက်ပျိုးထွက်ကုန် လုပ်ငန်း၊ ဘဏ္ဍာငွေကြေး ပါ၀င်လွှမ်းခြုံမှု ၊ ရပ်ရွာအခြေပြု သစ်တောထွက်ကုန် လုပ်ငန်းများ၊ အဝတ်အထည်နှင့် အထည်လိပ်၊ ချည်မျှင်လုပ်ငန်းများကို ပံ့ပိုးရန် ရည်ရွယ်ထားပြီး ၎င်းကဏ္ဍများအကြား ဆက်စပ်နေသည့် လုပ်ငန်းများကို ဦးစားပေးရွေးချယ်သွားရန် ရှိကြောင်း သိရသည်။
ယခုပ့့ံပိုးပေးမည့် အစီအစဉ်မှာ စီးပွားရေး တီထွင်မှု အခွင့်အလမ်း(Busiess Innovation Window) အစီအစဉ်ဖြစ်ပြီး ဆင်းရဲနွမ်းပါးသူများ၊ အမျိုးသမီးနှင့် အခြား အခွင့်မသာဘဲ ချို့ယွင်းချက်ရှိသည့် အုပ်စုများအတွက် စီးပွားရေး အလားအလာရှိသည့် စီမံကိန်းများ လုပ်ဆောင်နိုင်ရန် အခွင့်အလမ်းသစ်များ ရရှိမည် ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍ၏ အသိပညာနှင့် ကျွမ်းကျင်မှု တို့ကို ချုပ်ကိုင် ပုံသွင်းခြင်းအားဖြင့် ဆင်းရဲနွမ်းပါးသူများကို အကျိုးဖြစ်ထွန်းစေမည့် စျေးကွက်များတွင် ပြောင်းလဲလာမည့် အခြေအနေတစ်ရပ်ကို အစပျိုးလုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပြုလာသည့် လုပ်ငန်းများကို ရွေးချယ်ရာတွင် စီးပွားရေးအရ ရေရှည်တည်တ့့ံသော လုပ်ငန်းသဘောထားပါ၀င်မှု၊ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးသက်ရောက်မှု အတိုင်းအတာ(ဆင်းရဲသားများ၊ အမျိုးသမီးများနှင့် အခြား အခွင့်မသာသည့် အုပ်စုများ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများကို ကျော်လွှားနို်င်သော စဉ်းစားချက်များ)၊ စျေးကွက်အသွင် ပြောင်းလဲနိုင်သည့် အလားအလာကောင်းများပါသည့် ဆန်းသစ်မှု၊ ပို့ဆောင်မှု အရည်အသွေးနှင့် မှတ်တမ်းထားရှိမှု၊ အများဆုံး အကျိုးသက်ရောက်မှု အတွက် ထောက်ပ့ံငွေကြေးကိုပါ ပါ၀င်ဆောင်ရွက်နိုင်ခြင်း စသည့် အချက်များဖြင့် ရွေးချယ်သွား မည် ဖြစ်ကြောင်းသိရသည်။
ဓနပံ့ပိုးမှု အစီအစဉ်အနေဖြင့် ဆင်းရဲနွမ်းပါး၍ အကျိုးခံစားခွင့် မဲ့သော ရပ်ရွာလူထုများအတွက် ထိရောက်သည့် အလုပ်အကိုင်များဖန်တီးပေးခြင်း၊ စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ပေးသည့် ဆန်းသစ်တီထွင်မှုကို အားပေးအားမြှောက်ပြုရန် ရည်ရွယ်ထားကြောင်းသိရသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လပိုင်းတွင် ယခုအစီအစဉ်ကို စတင်ခဲ့ပြီး လျှောက်လွှာများကို စက်တင်ဘာ ၂၈ ရက်နေ့ နောက်ဆုံးထားလျှောက်ရမည် ဖြစ်ကြောင်း သိရသည်။
Source:the farmermedia