ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း


25 November, 2020

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၁၅-၁၁-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ်၊ (၂၁/၂၀၁၉) အရ မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား တရားမဝင်ငွေလွှဲလုပ်ငန်းများ လျော့နည်းပြီး တရားဝင်ငွေလွှဲလုပ်ငန်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အောက်ဖော်ပြပါ ကုမ္ပဏီ (၅) ခုသို့ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်အား (၁၈-၁၁-၂၀၂၀) ရက်နေ့တွင် ထုတ်ပေးလိုက်သည် -

(၁) Ok Zune Co., Ltd
(၂) 2C2P Plus (Myanmar) Co., Ltd
(၃) Wakhema Trading Co., Ltd
(၄) Top Shine General Services Co., Ltd
(၅) OKM Global Remittance Co., Ltd

 

Banking & Loan Read 390 times