တရားမဝင် (ဟွန်ဒီ) ငွေလွှဲလုပ်ငန်းများ တိုက်ဖျက် ရေးအတွက် ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်နေသည့် ကုမ္ပဏီငါးခု ကို ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်များ ပထမဆုံးအသုတ်အဖြစ် နိုဝင်ဘာ ၁၉ ရက်တွင် ချထားပေးခဲ့ပါသည်။
ပြည်ပငွေလွှဲလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီ ငါးခုမှာ OK Zune, 2C2P, Wakhema, Top Shine နှင့် OKM တို့ဖြစ်သည်။
အဆိုပါ ကုမ္ပဏီ ငါးခုသည် ဗဟိုဘဏ်နှင့် ပြည်ထဲ ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့် လှစ်သော ငွေကြေးခဝါချမှုတိုက် ဖျက်ရေးသင်တန်းကို တက် ရောက် အောင်မြင်ထားသော ကုမ္ပဏီများဖြစ်သည်။ နောက်ထပ် ကုမ္ပဏီများကိုလည်း ခွင့်ပြုရန် ရှိသည်။
ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရမည့် စာရွက်စာတမ်းများနှင့် လုပ်ငန်းစဉ်ကို ဖော်ပြပေးထားပါသည်။