အများအားဖြင့်နေထိုင်သူ အနည်းဆုံးဒါရိုက်တာ တစ်ဦးရှိရမည်ဟု ပြဋ္ဌာန်းချက် ဖြေလျော့


30 October, 2020

ကုမ္ပဏီတစ်ခုမှာ ဒါရိုက်တာတစ်ဦးအနေဖြစ် ပါ၀င်ရန် သို့မဟုတ် ထည့်သွင်းဖော်ပြရန်အတွက် အဆိုပါ ဒါရိုက်တာသည် အသက် ( ၁၈ ) နှစ်ပြည့်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း  နေထိုင်တာ ၁၂လတာကာလအတွင်း အနည်းဆုံး ၁၈၃ ရက်နေထိုင်သူ ဖြစ်ရပါမယ်ဆိုတဲ့ အချက်ကို လျော့ပေါ့ပေးလိုက်ပါတယ်။ 

COVID-19 ကြောင့် အသွားအလာများ ပိတ်ပင်ထားတဲ့အတွက် နိုင်ငံခြားမှာ ရောက်နေပြီး ပြန်လာမရ ဖြစ်နေသူတွေအတွက် လောလောဆယ်မှာ ၁၂ လတာ ကာလကို မရေတွက်သေးဘဲ ပလပ်ပေးထားမှာ ဖြစ်ပါတယ်။ ဒီတော့ ပြန်မလာနိုင်လို့ ၁၂လတာကာလအတွင်း အနည်းဆုံး ၁၈၃ ရက်နေထိုင်သူ မဖြစ်ရင်လည်း ပြဿနာအထူးအထွေ မရှိတော့ပါဘူး။ 

ယခုဖြေလျော့မှုဟာ ကုမ္ပဏီမှာ ခန့်ထားပြီးဖြစ်တဲ့ ဒါရိုက်တာများအတွက်သာ ဖြစ်ပါတယ်။ 

(English Version Below)


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန

အမိန့်ကြော်ငြာစာအမှတ် ( ၉၂ /၂၀၂၀) 

ရန်ကုန်၊  ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက်

(၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်) 

 

နိုင်ငံတော်အတွင်း အများအားဖြင့်နေထိုင်သူ အနည်းဆုံးဒါရိုက်တာ တစ်ဦးရှိရမည်ဟု ပြဋ္ဌာန်းချက်နှင့်စပ်လျဉ်းသည့်ကိစ္စ

 

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၆၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၂) အရ အပ်နှင်းထား သည့် အခွင့်အာဏာများကို ကျင့်သုံး၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

 ၁။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ၄ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၅)တွင် ကုမ္ပဏီတစ်ခု၏ အခြေခံလိုအပ်ချက်အဖြစ် နိုင်ငံတော်အတွင်းအများအားဖြင့်နေထိုင်သူ အနည်းဆုံး ဒါရိုက်တာ တစ်ဦးရှိရမည်ဟု ပြဋ္ဌာန်းပါရှိပါသည်။ 

၂။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၁ ပုဒ်မခွဲ(ဂ) ပုဒ်မခွဲငယ်(၁၉)တွင် “အများအားဖြင့် နေထိုင်သူကို သက်ဆိုင်ရာဥပဒေအရ အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူ သို့မဟုတ် ၁၂ လတာ ကာလ တစ်ခုချင်းစီတွင် နိုင်ငံတော် အတွင်းအနည်းဆုံး ၁၈၃ ရက်နေထိုင်သူကိုဆိုလိုသည်” ဟု အဓိပ္ပါယ်ဖွင့်ဆို ထားပါသည်။

 ၃။ ယခုအခါ Coronavirus Disease 2019 (COVID-19) ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်ပတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော ကုမ္ပဏီဒါရိုက်တာ သို့မဟုတ် အခွင့် အာဏာ အပ်နှင်းခြင်းခံရသော အရာရှိများအား နိုင်ငံတော်က အပြည်ပြည်ဆိုင်ရာ ဝင်/ထွက် ပေါက်များ ပိတ်ပင်သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့မှစ၍ တရားဝင် ပြန်လည် ဖွင့်လှစ်သည့်နေ့အထိ ကြားကာလကို မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၁ ပုဒ်မခွဲ(ဂ) ပုဒ်မခွဲငယ်(၁၉) တွင် ပြဋ္ဌာန်းထားသည့် “အများအားဖြင့်နေထိုင်သူ” အတွက် ၁၂ လ တာ ကာလသတ်မှတ်ချက်တွင် ထည့်သွင်းရေတွက်ခြင်း မပြုကြောင်း ကြေညာအပ်ပါသည်။

၄။ ဤအမိန့်ကြော်ငြာစာသည် ကုမ္ပဏီများတွင်ခန့်အပ်ထားပြီးဖြစ်သည့် ဒါရိုက်တာများ နှင့်သာ သက်ဆိုင်စေရမည်။

သန့်စင်လွင်

ညွှန်ကြားရေးမှူးချုပ် 

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

 


The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations 

Directorate of Investment and Company Administration

Notification No. 92/2020 

Yangon, 4th Waxing of Thadingyut 1382 M.E.

(20th October, 2020) 

 

Directive regarding the requirement that at least one of the directors of the registered company must be resident in the Union of Myanmar

 

In exercising the power set out in the Section 462 Ssub-section (a) (ii) of the Myanmar Companies Law (Pyi Htaung Su Hluttaw Law No.29/2017), the Directorate of Investment and Company Administration (DICA) hereby issues the directive regarding the requirement that one of the directors of the registered company must be resident in the Union of Myanmar.

1. Section 4 Sub-section (a) (v) of the Myanmar Companies Law provides that, as a fundamental requirement, a company registered under this law must have at least one of its director be resident in the Union.

2. Section 1 Sub-section (c) (xix) of the Myanmar Companies Law states that ordinarily resident means a person who is resident in the Union for at least 183 days in each 12-month period commencing from date of company incorporation.

3. DICA declares that the period between 29 March 2020; the official closing date of ports of exit and entry into the Union and the official reopening date, due to the COVID19 Pandemic, shall not be counted in the determination of stay of the individual as ordinarily resident in the 12-month period prescribed by the Section 1 Sub-section (c) (xix) of the Myanmar Companies Law.

4. This directive shall apply exclusively to matters relating to the appointed Company Director.

Thant Sin Lwin

Director General

Directorate of Investment and Company Administration

Laws and Regulations Read 508 times