လက်လီလုပ်ငန်းရှင်တွေကို သိန်းသုံးထောင်အထိ ငွေချေးမယ်


29 October, 2018

ဧရာဝတီဘဏ်နဲ့ မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းက ကုန်ခြောက်ဆိုင်က အစ အိမ်ဆိုင်၊ စတိုင်းဆိုင် စတဲ့ လက်လီရောင်းချနေတဲ့ စီးပွားရေး လုပ်ငန်းလေးတွေအတွက် ဘဏ်ချေးငွေ ထုတ်ချေးပေးသွားမယ်လို့ သိရပါတယ်။

လုပ်ငန်းတွေ အနေနဲ့ အနည်းဆုံး ဆယ်သိန်းက စပြီး အများဆုံး ကျပ်သိန်း သုံးထောင်အထိ ထုတ်ချေးနိုင်ဖို့ စီစဉ်ထားတယ်လို့လည်း ဦးသူရမောင်က ဆိုပါတယ်။

ငွေချေးချင်တဲ့ လက်လီလုပ်ငန်းတွေအနေနဲ့ကတော့ မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းမှာ အသင်းဝင်ရောက်ရမှာ ဖြစ်ပြီး လိုအပ်တဲ့ အကဲဖြတ် စိစစ်မှုတွေကို အသင်းအနေနဲ့ လုပ်ဆောင်ပေးပြီး ဘဏ်နဲ့ ချိတ်ဆက်ပေးမှာ ဖြစ်တယ်လို့ အသင်း ဥက္ကဌ ဒေါ်ဝင်းဝင်းတင့်က ဆိုပါတယ်။

မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းဝင်တွေ အဖြစ် ကုန်ပစ္စည်း အမျိုးအစား တခုခုကို အထူးပြု ရောင်းချနေတဲ့ ဆိုင်တွေ၊ ကွန်ပျူတာ၊ ဖုန်းဆိုင်တွေ၊ အိမ်သုံးဆေးအမျိုးမျိုးဆိုင်တွေ၊ စာအုပ်၊ စာရေးကိရိယာဆိုင်တွေ၊ စုံစီနဖာဆိုင်၊ ဖန်ဆီဆိုင်တွေ အပါအဝင် အထွေထွေ လူသုံးကုန် စတိုးဆိုင်၊ အိမ်ဆိုင်၊ ကုန်မျိုးစုံ၊ ကုန်ခြောက်ဆိုင်၊ အိမ်သုံးလျှပ်စစ်ပစ္စည်းဆိုင်တွေပါ အသင်းဝင်ရောက်နိုင်ပြီး ချေးငွေ ထုတ်ချေးရာမှာ ပါဝင်လျှောက်ထားလို့ ရတယ်လို့ သိရပါတယ်။

7 day

Banking & Loan Investment/Divestment Read 2890 times