နိုင်ငံခြားသားများ ပြည်တွင်း၌ လက်လီ၊ လက်ကားရောင်းဝယ်ခွင့်ပြုမည့် ဦးစားပေးကုန်ပစ္စည်း ၂၄ မျိုး


30 July, 2018

နိုင်ငံခြားသားစီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ဈေးဝယ်စင်တာအပါအဝင် လက် လီ၊ လက်ကားရောင်းဝယ်ခွင့်ပြု မည့်ဦးစားပေးကုန်ပစ္စည်းစာရင်းကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်သည်။

အဝတ်အထည်၊ နာရီ၊ အ လှကုန်ပစ္စည်းများအပါအဝင် လူ သုံးကုန်ပစ္စည်းများ၊ စားသောက် ကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်း များစသည့်ကုန်ပစ္စည်းအမျိုးအ မည် ၂၄ ခုကိုပြည်တွင်း၌ရောင်း ဝယ်ခွင့်ပြုမည်ဖြစ်သည်။

နိုင်ငံခြားသားကုမ္ပဏီ၊ မြန် မာနိုင်ငံနှင့်နိုင်ငံခြားသားပေါင်း စည်းဆောင်ရွက်နေသည့်ကုမ္ပဏီ များအနေဖြင့် ပြည်တွင်း၌လက် လီ၊ လက်ကားရောင်းဝယ်ရေး လုပ်ကိုင်ရာတွင် ဦးစားပေးကုန် ပစ္စည်းစာရင်းကို နိုင်ငံတော်လို အပ်ချက်ပေါ်မူတည်၍ ပြန်လည် သုံးသပ်ပြင်ဆင်မည်ဟု ဖော်ပြ ထားသည်။

ပြည်တွင်း၌ ရောင်းချခွင့်ပြု သောဦးစားပေးကုန်ပစ္စည်းစာ ရင်းထုတ်ပြန်ရာတွင် ပြည်တွင်း ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ် လုပ်၍ ဦးစားပေးရောင်းချရမည် ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

ပြည်ပမှတင်သွင်းရောင်းချ သည့် ကုန်ပစ္စည်းများနှင့်ပတ် သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ သတ်မှတ် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင် ရွက်ရမည်ဟု ပါရှိသည်။

ဦးစားပေးခွင့်ပြုမည့်လုပ် ငန်းများထုတ်ပြန်ပေးခြင်းကပြည် တွင်းစီးပွားရေးလုပ်ငန်းရှင်များ စိုးရိမ်မှုကိုလျော့ကျနိုင်သည်ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ် ဒုတိယဥက္ကဋ္ဌတစ်ဦးက ပြောသည်။

နိုင်ငံခြားသားများကို ပြည် တွင်း၌ လက်လီ၊ လက်ကား ရောင်းဝယ်ခွင့်ပြုခြင်းနှင့် ပတ် သက်၍ ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်များက အလုပ်ရုံဆွေးနွေး ပွဲပြုလုပ်ပြီး အစိုးရထံတင်ပြမှု များရှိခဲ့သည်။

စားသုံးသူများအပေါ် အ မြတ်ထုတ်ခြင်းမရှိစေရန်နှင့် ဈေး ကွက်စည်းမျဉ်းများနှင့်အညီ ယှဉ် ပြိုင်မှုတိုးလာစေရန် ပြည်တွင်း လက်လီ၊ လက်ကားရောင်းဝယ် ခြင်းလုပ်ငန်းများတွင် နိုင်ငံခြား သားလုပ်ငန်းရှင်များ ဝင်ရောက် လုပ်ကိုင်ခွင့်ကိုမေလ ၉ ရက်တွင် စတင်ခွင့်ပြုခဲ့ကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၈ မေလဒုတိ ယပတ်တွင် သတင်းထုတ်ပြန် သည်။

စားသုံးသူများအတွက် ဈေး နှုန်းလျှော့ချပြီး ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအရည်အသွေးကောင်း ရရှိစေရန်၊ နည်းပညာတိုးတက် လာစေရန်နှင့် ပြည်တွင်းအသေး စားနှင့်အလတ်စားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည် ရွယ်ချက်ဖြင့် နိုင်ငံခြားသား ကုမ္ပဏီ၊ မြန်မာနှင့်နိုင်ငံခြားသား ပေါင်းစပ်မည့် ကုမ္ပဏီများကို လက်လီ၊ လက်ကားရောင်းဝယ် ရေးလုပ်ငန်းများတွင် လုပ်ကိုင်ခွင့် ပြုခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန က ထုတ်ပြန်သည့်အမိန့်ကြော်ငြာ စာတွင် ဖော်ပြထားသည်။

ပြည်တွင်းလက်လီ၊ လက် ကားရောင်းဝယ်ရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်သည့် နိုင်ငံ ခြားသားပိုင်ကုမ္ပဏီများနှင့် နိုင်ငံ ခြားနှင့် မြန်မာပူးပေါင်းဆောင်ရွက်သည့်ကုမ္ပဏီများသည် လက် ကားရောင်းချမှုစတင်လုပ်ကိုင် မည်ဆိုပါက မြေငှားရမ်းခမပါ ကန်ဒေါ်လာငါးသန်းနှင့် လက်လီ လုပ်ငန်းအတွက် ဒေါ်လာသုံးသန်း ကနဦး မ,တည်ရင်းနှီးရမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက သတ်မှတ် သည်။

လက်လီ၊ လက်ကားရောင်း ဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာ တွင် တည်ဆဲဥပဒေ၊ အမိန့်ကြော် ငြာစာနှင့် စည်းမျဉ်းများအရ ကန့်သတ်တားမြစ်ထားသော လူ သုံးကုန်ပစ္စည်းများ ရောင်းချခြင်း မပြုရဟု ဝန်ကြီးဌာနအမိန့်ကြော် ငြာစာတွင် ဖော်ပြထားသည်။

7Daily News

Export, Import Local News Laws and Regulations Read 761 times