တစ်နိုင်ငံလုံးမှာ ရှိတဲ့ အသက် ၈၅ နှစ်အထက် အဖိုးအဖွားတွေအတွက် သက်ကြီးပင်စင်ကို အခုနှစ်လာမယ့် အောက်တိုဘာလကနေစတင်ပြီး ထုတ်ပေးနိုင်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။
အဖိုးအဖွား တစ်ဦးကို တစ်လ တစ်သောင်းနှုန်းနဲ့ သုံးလတစ်ကြိမ် ပင်စင်ထုတ်ပေးသွားမှာဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ပြောပါတယ်။
ဒီလို ပင်စင်ထုတ်ပေးတာကိုတော့ မြန်မာ့စီးပွားရေးဘက်ကနေ ထုတ်ပေးသွားမှာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ အသက် ၉၀ အထက် ရှိတဲ့ အဖိုးအဖွား စုစုပေါင်း ခုနှစ်သောင်းကျော်ကိုသက်ကြီးပင်စင် ထုတ်ပေးနေတာပါ။
သက်ကြီးပင်စင်ကို အသက် ၉၀ အထက်ကနေ ၈၅ နှစ်အထက်ကို ပြောင်းပြီးသတ်မှတ်လိုက်တဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အဖိုးအဖွား တစ်သိန်းလေးသောင်းဝန်းကျင်ကို ထုတ်ပေးသွားရမယ် လို့သိရပါတယ်။
7 Day Daily