ယခုတစ်ပတ်တွင်ဖြစ်ပေါ်နေသော ဆန်ဈေးကွက်ဂယက်နှင့် ဆန်ဈေးနှုန်းများ


24 August, 2018

ဈေးကစားမှုများကြောင့် ပြည်တွင်းဆန်ချောဈေးနှုန်းများ ဖြစ်သင့်သည်ထက် ပိုမြင့်တက်နေပြီး အလွန်အကျွံမြင့်တက်လာပါက အစိုးရထံတင်ပြကာ စားသုံးသူများအတွက် အကာအကွယ်ပေးရေးအစီအစဉ်များဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက သြဂုတ် ၂၃ ရက်၌ ပြောဆိုသည်။

သြဂုတ် ၂၃ ရက်က ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံဆန်စပါးကုန်သည်များအသင်း ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း)၌ ပြုလုပ်သည့် လတ် တလောဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းကြီးမြင့် ခြင်းများအပေါ် ဆန်လက်လီဆိုင်များ၊ အကျိုး ဆောင်များ၊ ပွဲရုံပိုင်ရှင်ကုန်သည်များ တွေ့ဆုံ ဆွေးနွေးပွဲ၌ ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဓမ္မဖြစ်ရေးမလိုလား

*****

"ဆန်ဈေးနှုန်းနဲ့ပတ်သက်ပြီး ဒီနေ့ကုန် သည်တွေ အကျိုးဆောင်တွေကို အသိပေးပြီး ဖြစ်ပါတယ်။ မမှန်မကန်သတင်းတွေဖြန့်ဝေ ပြီးတော့ ဆန်ဈေးတွေ မြင့်တက်အောင်လုပ် မယ်ဆိုရင် ကျွန်တော်တို့က ဒီအသိုင်းအဝိုင်း ထဲမှာရှိနေတယ်၊ နေ့စဉ်ထူးခြားချက်တွေကို သိနေတယ်။ ဒါတွေကိုဖော်ထုတ်မယ်။ ဈေးကွက် စီးပွားရေးဆိုသော်ငြားလည်း အဓမ္မဖြစ်ရေးကို ကျွန်တော်တို့ လုံးဝမလိုလားဘူး"ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် ဖြစ်သင့်သည်ထက် မြင့်တက်နေ သည့် ဆန်ဈေးနှုန်းများကို မျှတသည့်ဈေးနှုန်း တစ်ခုတွင် ပြန်လည်တည်ငြိမ်နိုင်ရေး စောင့် ကြည့်သွားမည်ဖြစ်ပြီး ဆန်ဈေးကွက်အတွင်း အမှန်တကယ်လိုအပ်၍ ဝယ်ယူခြင်းထက် ဈေးနှုန်းထပ်မံမြင့်တက်မည်ကို မျှော်မှန်း၍ ဝယ်ယူသိုလှောင်ထားသူများ၊ ပြည်တွင်းဆန် ဈေးနှုန်း မြင့်တက်လိုသည့်ဆန္ဒဖြင့် ဝယ်ယူ စုဆောင်းနေသူများအား စုံစမ်းဖော်ထုတ်မည် ဖြစ်ပြီး အကန့်အသတ်မရှိ ထွက်ရှိနေမှုများ ကို သက်ဆိုင်ရာဒေသအာဏာပိုင်များနှင့် ပူးပေါင်း၍ ကိန်းဂဏန်းအချက်အလက်ရရှိရေး ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါဆွေးနွေး ပွဲမှ သိရသည်။

ရေကြီးမှုနှင့်မသက်ဆိုင်

*****

လက်ရှိဆန်ဈေးကွက်အတွင်း၌ ပြီးခဲ့သည့် ဇူလိုင်နှင့်ယှဉ်ပါက ဆန်တစ်အိတ်လျှင် ကျပ် ၇၄ဝဝဝ မှ ၈၄ဝဝဝ ထိ ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၂၀ ခန့် မြင့်တက်ခဲ့ပြီး စပါးစိုက်ခင်း များရေကြီးနစ်မြုပ်ခြင်း၊ ဒေါ်လာဈေးမြင့်တက် ခြင်းများကြောင့်ဟု အသံမျိုးစုံထွက်ရှိခဲ့သော်လည်း ယင်းအကြောင်းအရာများမှာ ပြည်တွင်းစားသုံးသည့်ဆန်ဈေးကွက်အပေါ်တွင် လုံးဝသက်ရောက်မှုမရှိကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

မထိခိုက်နိုင်

*****

ရေကြီးနစ်မြုပ်မှုကြောင့် လက်ရှိစိုက်ပျိုးထားသည့် စပါးဧကအနည်းငယ်သာ ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး စားသုံးသူနှင့် ပြည်တွင်း ရိက္ခာဖူလုံရေးအတွက် မထိခိုက်နိုင်ကြောင်း၊ ပြည်ပတင်ပို့မှုတွင်လည်း ယခင်နှစ်တင်ပို့ မှုထက် လျော့ကျနေမှုကြောင့် ပြည်တွင်းဆန် လက်ကျန်မရှိဟုဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့် ဒေါ်လာဈေးမြင့်တက်မှုကြောင့် export ဆန်သာ ဈေးမြင့်တက်နိုင်ပြီး ပြည်တွင်းစားသုံး သည့်ဆန်မှာ မြင့်တက်စရာမရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ဈေးမြင့်တက်

*****

ယခင် ၂၀၁၇ ခုနှစ် သြဂုတ်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၉,ဝဝဝ၊ ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၄,ဝဝဝ၊ ပေါ်ကျွဲ တစ်အိတ်လျှင် ၂၆,ဝဝဝ ကျပ်ဖြစ်ပေါ်ခဲ့သော်လည်း ယခုနှစ်သြဂုတ်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၆၂,ဝဝဝ၊ ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၅၂,ဝဝဝ နှင့် ပေါ်ကျွဲ တစ်အိတ်လျှင် ကျပ် ၄၂,ဝဝဝ အထိ ဈေးမြင့် တက်လာခဲ့သည်။

ဆန်ဈေးနှုန်းများ

ဆန္အမ်ိဳးအစား

အနိမ့်ဆုံးဈေး

အမြင့်ဆုံးဈေး

ဖျာပုံပေါ်ဆန်းသစ်

၄၇၀၀၀

၅၀၀၀၀

ဒေးဒရဲပေါ်ဆန်းသစ်

၄၇၀၀၀

၅၀၀၀၀

မြောင်းမြ/ပုသိမ်ပေါ်ဆန်းသစ်

၄၈၀၀၀

၅၂၀၀၀

ပေါ်ဆန်းနယ်စုံသစ်

၄၄၀၀၀

၄၆၀၀၀

ဧည့်မထ

၂၃၀၀၀

၂၃၅၀၀

ငစိန်

၂၃၀၀၀

၂၇၀၀၀

မြီးဒုံ

၄၀၀၀၀

၄၂၀၀၀

ဧည့်မထဆန်ကွဲ[2,3,4]

၁၉၂၀၀

၁၉၆၀၀

ဧည့်မထဆန်ကွဲ [1,2]

၁၈၈၀၀

၁၉၅၀၀

ပေါ်ဆန်းချောဆန်ကွဲ

၂၂၀၀၀

၂၄၀၀၀

ရွှေဘိုပေါ်ဆန်း

၅၉၅၀၀

၆၂၀၀၀

မိုးသုခရှယ်

၂၄၅၀၀

၂၆၀၀၀

ဧည့်မထ ၂၅ % သစ်

၂၀၈၀၀

၂၁၀၀၀

ပေါ်ဆန်းသစ်ရှယ်

၄၃၀၀၀

၄၅၀၀၀

ရက် ၉၀ သစ်ရှယ်

၂၄၀၀၀

၂၆၀၀၀

ကြမ်းသစ်ရှယ်

၂၃၀၀၀

၂၃၅၀၀

ကြားပျံသစ်ရှယ်

၄၆၀၀၀

၄၈၀၀၀

နှံကားသစ်ရှယ်

၂၃၀၀၀

၂၃၂၀၀

Myanmar times / Pissaya info

Local News Read 624 times