စပါးဈေးနှုန်းအနည်းငယ်တက်နိုင်


27 June, 2018

လက်ရှိအချိန်တွင် ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ တစ်နေ့ကို ဆန်အိတ်တစ်သောင်းခန့်သာ ဝင်ရောက်နေပြီး ယခင်က ဆန်ဝင်ရောက်သည့် ပမာဏ၏ ၂၀ ရာခိုင်နှုန်းခန့်သာ ဝင်ရောက်နေကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရပါသည်။

ဆန်စပါးပေါ်ချိန်တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တစ်နေ့ကို ဆန်အိတ်အရေအတွက် ငါးသောင်းခန့်အထိ ပှံမုန်ဝင်ရောက်နေခြင်းဖြစ်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရပါသည်။

ယခုနှစ်ထွက်ရှိထားသည့် နွေစပါးကုန်သလောက်ဖြစ်နေပြီး သိုလှောင်ထားသော ဆန်များသာကျန်ရှိတော့၍ ပြည်တွင်းဆန်ဈေး လက်ရှိဈေးနှုန်းထက် အနည်းငယ် ဆက်လက်မြင့်တင်နိုင်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရပါသည်။

Daily Eleven

Local News Agriculture & Livestock Read 606 times