ဆန်စပါးဈေးနှုန်းမကျဆင်းစေရန် ချေးငွေများထုတ်ပေးမည်


13 July, 2018

ဆန်စပါးဈေးနှုန်းကို တင်းတစ်ရာအောက်မကျဆင်းစေရန် ချေးငွေထုတ်ပေးသွားရန်အတွက် ချိတ်ဆက်ဆောင်ရွက်ပေးသွားရန် ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါသည်။

ဆန်စပါးဈေးနှုန်းမကျဆင်းစေရန်နဲ့ ဝယ်လိုအားကို မြှင့်တင်နိုင်ဖို့အတွက် ချေးငွေထုတ်ပေးမှုကို ချိတ်ဆက်ဆောင်ရွက်ပေးသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောခဲ့ပါသည်။

ယခုလိုဝယ်ယူဖို့အတွက် ငွေကြေးဆိုင်ရာတွေကို နိုင်ငံတော်က ဘယ်လိုကူညီနိုင်မလည်း၊ သူနဲ့ချိတ်ဆက်ပြီးတော့ ဘဏ်အဖွဲ့တွေက ဘယ်လိုကူညီမည်ဆိုတာတွေကို စီစဉ်ဆောင်ရွက်နေကြောင်း ပြောခဲ့ပါသည်။

ချေးငွေထုတ်ချေးပေးရာတွင် မူဝါဒများသတ်မှတ်ထားပြီး ဆန်စပါးသိုလှောင်ကြိတ်ခွဲသူများနဲ့ ဈေးကွက်ထိန်းချုပ်ပေးနိုင်မည့်သူများကို ရည်ရွယ်ကာ ချေးငွေထုတ်ချေးပေးရန်စီစဉ်နေကြောင်း ဆန်စပါးအသင်းချုပ်မှ သိရပါသည်။

နိုင်ငံတော်မှ ချေးငွေများ ဆောင်ရွက်ခြင်းအားဖြင့် ဝယ်လိုအားများ ပိုမိုမြင့်လာနိုင်ပြီး ဆန်စပါးဈေးကွက်ကို ထိန်းချုပ်သွားနိုင်မှာဖြစ်ကြောင်း သိရပါသည်။

နိုင်ငံတော်အစိုးရ၏ လမ်းညွန်ချက်အရ ဆန်စပါးဈေးနှုန်းကို တင်းတစ်ရာ ငါးသိန်းဖြင့် ဝယ်ယူနိုင်ရန်အတွက်လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။

Pissaya

Banking & Loan Read 937 times