ပညာရေးဝန်ကြီးဌာနလက်အောက်ရှိသုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင်မြန်မာနိုင်ငံတွင် ပထမဦးဆုံးဆန်စပါးအစိုဓာတ်စမ်းသပ်သည့်ဓာတ်ခွဲခန်းတစ်ခုကိုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရသည်။
ယင်းဓာတ်ခွဲခန်းတည်ဆောက်ရန်အမေရိကန်ဒေါ်လာသိန်းဂဏန်းအောက်ကုန်ကျမည်ဖြစ်ပြီးဂျပန်နိုင်ငံအစိုးရက ၉၀ ရာခိုင်နှုန်းခန့်ကူညီမည်ဖြစ်ပြီး ကျန်ငွေကိုသက်ဆိုင်ရာဌာနများကကျခံသွားမည်ဖြစ်ကြောင်းသိရသည်။
JICA ပရောဂျက်ဖြစ်ပြီးဂျပန်နိုင်ငံ၏အစိုဓာတ်တိုင်းကိရိယာထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုက လုပ်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်ရှိသည့်သီးနှံအစိုဓာတ်တိုင်းကိရိယာများ၏စံချိန်စံညွှန်းဖြစ်ပြီး စံနှုန်းမရှိပါကဒေသအသီးသီးတွင် အသုံးပြုနေသည့်ကိရိယာများကနည်းခြင်းများခြင်းများရှိနိုင်ပြီး လိမ်ညာမှုများရှိလာနိုင်သည့်အတွက်မလိမ်ညာနိုင်စေရန် စံယူနစ်တစ်ခုကိုဦးစီးဌာနတွင် ဓာတ်ခွဲခန်းလုပ်မည်ဖြစ်ပါသည်။
ယင်းဌာနမှအမျိုးသားစံချိန်စံညွှန်းနှင့်ပတ်သက်သည့်သုတေသနဌာနဖွင့်မည်ဟုမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှပြောကြားချက်အရသိရသည်။
လက်ရှိတွင်ဓာတ်ခွဲခန်းကိုဆောက်လုပ်လျှက်ရှိနေပြီး ၂၀၁၈ ခုနှစ်ဇွန်လပိုင်းတွင်ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်ရှိကုန်ပစ္စည်းစစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှု ဌာနတွင်လည်းဒုတိယအဆင့်စံယူနစ်တစ်ခုထားရှိမည်ဖြစ်ပြီး ဆန်စပါးထုတ်လုပ်သည့်ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း ဆန်စပါးအစိုဓာတ်စမ်းသပ် ကိရိယာများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းအစိုဓာတ်တိုင်းကိရိယာများကိုကိုင်တွယ် မည့်ဝန်ထမ်းများပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Source:thefarmermedia