သူဌေးကျွန်းမှ ကာစီနိုဟိုတယ်


19 March, 2019

၂၄ နာရီ ပတ်လည် ကာစီနိုကစားဝိုင်းရှိတဲ့ Andaman Club Hotel မှာ နာမည်ကြီး Jack Nicklaus ဒီဇိုင်းထုတ်တဲ့ ဂေါက်ကွင်းနဲ့ တိရစ္တာန်ရုံတို့ ထားရှိပြီး ဆွဲဆောင်မှု ပေးထားပေမဲ့ သဘာဝတောရိုင်း ကျေးငှက်တိရစ္ဆာန်တွေကို စောင့်ကြည့်လေ့လာတဲ့ အပျော်တမ်း ဝါသနာအိုးတွေကို ဧည့်သည်အဖြစ် ရက်ကြာကြာ လာတည်းခိုဖို့ ဆွဲဆောင်မှု သိပ်မရှိလှပါဘူး။ သဘာဝပတ်ဝန်းကျင် လေ့လာရေး ခရီးသွားလုပ်ငန်း eco-tourism အတွက် အသင့်ပြင်ဆင်ပေးထားခြင်း အားနည်းခဲ့ပါတယ်။

submarine.PNG

မြန်မာနိုင်ငံရဲ့ တောင်ဖက်အစွန်းရှိ ထိုင်း - မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ ထိုင်းနိုင်ငံဘက်မှ ရနောင်းမြို့ကနေ မြန်မာနိုင်ငံဘက်မှ ကော့သောင်းမြို့ကို အလွယ်တကူ ကူးသန်းသွားလာဖို့ အဆင်ပြေတယ်။ ၇ ရက်သက်တမ်းရှိ ဗီဇာယူဖို့တော့ လိုအပ်ပြီး ဗီဇာကြေးက အမေရိကန်ဒေါ်လာ ၁၀ ဖြစ်ပါတယ်။ ကော့သောင်းကနေ ဧက ၁၈၀၀ (၇၃၀ ဟက်တာ) ကျယ်ဝန်းတဲ့ သူဌေးကျွန်းပေါ်မှာ တည်ရှိတဲ့ ကြယ်ငါးပွင့်အဆင့်ရှိ Grand Andaman Hotel လာရောက်ဖို့ မခဲယဉ်းပါဘူး။


ယခင်က ထိုင်းနိုင်ငံ VES Group ပိုင်ဆိုင်မှုအဝဝမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Andaman Club အမည်ရှိ ဟိုတယ်ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်ကစလို့ Grand Andaman Travel က Grand Andaman Hotel အမည်ပြောင်းပြီး လုပ်ငန်းလည်ပတ် လုပ်ကိုင်ခဲ့ပါတယ်။


Grand Andaman Hotel ကို အမှတ်မှားလေ့ရှိကြတာက မြိတ်ကျွန်းစုရဲ့ အပြင်ဘက်ကျတဲ့ ကျွန်းမှာတည်ရှိပြီး အဦးဆုံး အပန်းဖြေဟိုတယ်ဖြစ်တဲ့ Myanmar Andaman Resort နဲ့ မှားလေ့ရှိကြတာ ဖြစ်ပါတယ်။ Myanmar Andaman Resort ကို ယခုအခါမှာ ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Tint Tint Myanmar Group မှ ဒေါ်တင့်တင့်လွင်က ပိုင်ဆိုင်ပါတယ်။

Tint Tint Myanmar Group ဟာ မဟာရန်ကုန်မှာ မြစ်ကြောတစ်လျှောက် Yangon Water Bus ပြေးဆွဲနေတဲ့ လုပ်ငန်းစုလည်း ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြောတစ်လျှောက် မြန်မာနိုင်ငံရဲ့ နောက်ဆုံး နန်းမြို့တော်မန္တလေးနဲ့ မြန်မာ့သမိုင်းရဲ့ ရှေးအကျဆုံး မြို့တော်တစ်ခုဖြစ်တဲ့ ပုဂံတို့အကြား အပန်းဖြေခရီးသွား ရေယာဉ်ခရီးစဉ်တွေ ပြေးဆွဲပေးနေတဲ့ လုပ်ငန်းစုလည်း ဖြစ်ပါတယ်။

daw tint tint.jpg

တည်းခိုသူတွေအတွက် ဆောက်ထားတဲ့ ဘန်ဂလို ၂၂ ခုမှာ ညအိပ်ညနေတည်းခိုတဲ့ အပန်းဖြေခရီးသွား ဧည့်သည်တွေအစား နေ့ချင်းပြန် အလည်အပတ်ခရီးစဉ်ကို စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ဟောင်ကောင်မှ Genting Cruise Lines ကုမ္ပဏီရဲ့ cruise ဇိမ်ခံလူစီးသဘောၤခရီးစဉ်တွေမှာ ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။

၂၀၁၇ ခုနှစ်မှ အစပြုပြီး မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမှ ခရီးသွားတွေကို ပီနန်ကျွန်းမှတစ်ဆင့်လည်းကောင်း ၊ ထိုင်းနိုင်ငံ ဖူးကက်နဲ့ မက်လွိုက်ကျွန်းမှ ခရီးသွားများကို Star Cruise ဇိမ်ခံလူစီးသဘောၤ ခရီးစဉ်နဲ့ သယ်ဆောင်ပေးခဲ့ပါတယ်။ SuperStar Libra ဟာ ခရီးသွား ၁၄၈၀ ဦး တင်ဆောင်နိုင်တဲ့သင်္ဘောဖြစ်ပါတယ်။

နောက်ထပ်သင်္ဘောတစ်စီးကတော့ အရှည် ၃၃၅ မီတာရှိတဲ့ Genting Dream ဖြစ်ပြီး ခရီးသွား ၃၅၀၀ ဦးအထိ တင်ဆောင်နိုင်တဲ့သင်္ဘော ဖြစ်ပါတယ် အဲဒီ သင်္ဘောခရီးစဉ်က စင်ကာပူမှ ပြေးဆွဲတဲ့ ကျွန်းပတ် ၅ ည ခရီးစဉ်မှာ မြိတ်ကျွန်းစုကို ထည့်သွင်းပြေးဆွဲပေးတာ ဖြစ်ပါတယ်။

ထူးခြားချက်ကတော့ ပင်လယ်ရေအောက် လေ့လာရေးခရီးအတွက် ရေငုပ်သင်္ဘောငယ် ၂ စီးကို သင်္ဘောပေါ်တင်ဆောင်ထားပြီး ဝန်ဆောင်မှုပေးတာဖြစ်ပါတယ်။ အဲဒီသင်္ဘောကြီးမှာ ဝန်ထမ်း ၂၀၀၀ ဦး ခန့်အပ်ထားတယ်လို့ဆိုပါတယ်။


Myanmar Andaman Resort ဟာ ကြီးမားတဲ့ ဇိမ်ခံလူစီးသင်္ဘော ခရီးသွားဈေးကွက်ထဲမှ အခွင့်လမ်းကို ဖမ်းဆုပ်ရယူနေချိန်မှာ ကာစီနိုဟိုတယ်ဟာ ပိုင်ရှင်ပြောင်းလဲသွားတယ်။ ထိုင်းနိုင်ငံမှ ပိုင်ရှင်များအနေဖြင့် ဟိုတယ်ကို ရောင်းချလိုခြင်း မရှိပေမဲ့ သူတို့လုပ်ကိုင်နေတဲ့ လေကြောင်းလိုင်း အပါအဝင် အခြားစီးပွားရေးလုပ်ငန်းတွေမှာ အရှုံးပေါ်နေတာမို့ ငွေကြေးအကျပ်အတည်းကြောင့် ပြန်ရောင်းထုတ်ခဲ့ရတာ ဖြစ်ပါတယ်။

ပိုင်ရှင်အသစ်လက်ထဲ ရောက်ရှိခဲ့ပြီးတဲ့နောက်မှာ Grand Andaman အမည်သစ်ဖြင့် လုပ်ကိုင်ခဲ့ပြီး လောင်းကစားကာစီနို စီစဉ်ပေးထားတာကို အသားမပေးတော့ဘဲ လမ်းကြောင်းပြောင်းလဲလိုက်ပါတယ်။

Grand Andaman ဟာ လွန်ခဲ့တဲ့ ၂၁ နှစ်တုန်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ဧည့်သည်တွေ တည်းခိုဖို့ အခန်းပေါင်း ၂၀၅ ခန်း ပါရှိပါတယ်။ ပိုင်ရှင်အသစ်ဖြစ်သူ ဦးကျော်လွင် လက်ထက်မှာ အခန်းတွေကို ပြုပြင်မွမ်းမံခဲ့ပါတယ်။

ကာစီနို လောင်းကစားအပြင် အခြားနည်းလမ်းများဖြင့် ဆွဲဆောင်ဖို့ကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ တိရစ္ဆာန်ဥယျာဉ်နဲ့ ဂေါက်ကွင်းတို့ကိုတော့ ဖျက်သိမ်းလိုက်ပါတယ်။ တောဝက်တွေကြောင့် အကြီးအကျယ် ပျက်စီးတာမို့ ထိန်းသိမ်းရတဲ့စရိတ်စက ကြီးမားနေလို့ ၂၀၁၇ ခုနှစ်မှာ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

ဟိုတယ်အနေဖြင့် ထိုင်းနိုင်ငံ ရနောင်းမြို့ဘက်မှ ကူးလာသူတွေကိုသာမက တစ်နေ့တာခရီးအဖြစ် လာရောက်လည်ပတ်ကြသူတွေကိုလည်း ဆွဲဆောင်မှုကောင်းပါတယ်။ မြန်မာနိုင်ငံသား ခရီးသည်တွေလည်း သူဌေးကျွန်းကို အလည်အပတ် သွားကြပါတယ်။ ကာစီနို လောင်းကစား စားပွဲ ၄၄ ခု ဆီကို မြန်မာနိုင်ငံသားများ သွားရောက်ပါဝင်ခွင့် မရှိပေမဲ့ ကျွန်းပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု သွားလာနိုင်ကြမှာဖြစ်ပါတယ်။

ဘုရာဖူးခရီးစဉ်ထွက်ရင်း သူဌေးကျွန်းကို ဝင်လည်ကြသူတွေလည်း ရှိပါတယ်။ အဲဒါအပြင် ဗီဇာသက်တမ်းပြည့်လို့ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံထဲသို့ တစ်ခေါက်အထွက်ပြပြီး ဗီဇာသက်တမ်းအသစ်ဖြင့် ထိုင်းနိုင်ငံထဲ ပြန်ဝင်ကြရတဲ့ နိုင်ငံခြားသားတွေအတွက်လည်း အဆင်ပြေပါတယ်။ ဘုတ်ဆိပ်မှာ ရှိနေတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ ဆောင်ရွက်စရာ ရှိတာတွေကို လုပ်ဆောင်နိုင်ကြပါတယ်။

Grand Andaman နဲ့ ချိတ်ဆက်ထားတဲ့ ဘုတ်ဆိပ်ခံတစ်ခု ရနောင်းမှာထားရှိပြီး ၁၀ မိနစ် ရေလမ်းခရီးဝေးကွာပါတယ်။ အဲဒါအပြင် ကော့သောင်းနဲ့ သူဌေးကျွန်းအကြား ဘုတ်အကြီးစားဖြင့် ပုံမှန်ပြေးဆွဲပေးပြီး ဘုတ်ခက တစ်ဦးလျှင် အသွားတစ်ကြောင်းဖြစ်ဖြစ် အပြန်တစ်ကြောင်းဖြစ်ဖြစ် ခရီးစဉ်တစ်ကြောင်းအတွက် ဘတ် ၁၀၀ ကျသင့်ပါတယ်။ ညပိုင်းအထိ ပြေးဆွဲပေးပါတယ်။

Local News Read 861 times