ကမ္ဘာ့အချမ်းသာဆုံး(၁၀)နိင်ငံ
ကမ္ဘာပေါ်မှာရှိတဲ့နိင်ငံပေါင်း ၂၀၀ ကျော်မှာနှစ်စဉ်ဘီလီယံနဲ့ချီတဲ့ငွေကြေးတွေလည်ပတ်စီးဆင်းနေပါသည်။
ထိုနိင်ငံများထဲတွက်မည်သည့်နိင်ငံကအချမ်းသာဆုံးဖြစ်မည်ကိုစဉ်းစားကြည့်ကြဖူးလား။
အောက်မှာတော့နိင်ငံသားတစ်ဦးချင်းစီဧ။်ဝင်ငွေပေါ်တွင်မူတည်၍အချမ်းသာဆုံး(၁၀)နိင်ငံကိုဖော်ပြပေးလိုက်ပါသည်။
(၁၀) ဟောင်ကောင်($61,020)
ဟောင်ကောင်နိင်ငံဧ။်ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၁၆ ခုနှစ်မှာကျဆင်းသွားခြင်းကို IMF ရဲ့ပြောကြားချက်အရသိရပါသည်။
ဒါပေမဲ့အဲဒါတောင်မှကမ္ဘာအချမ်းသာဆုံးနိင်ငံစာရင်းမှာအဆင့် ၁၀ နေရာမှာရပ်တည်နိင်ခဲ့သေးတာဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုနဲ့တရုတ်ပြည်မကြီးမှလာရောက်သောခရီးသွားအရေအတွက်များကျဆင်းခဲ့သော်လည်း IMF ဧ။်အဆိုအရ ၂၀၁၇ ခုနှစ်တွင်ပြန်လည်မြင့်တက်လာနိင်ဖွယ်ရှိသည်ဟုသိရပါသည်။
(၉) ဆွစ်ဇာလန်($61,360)
ဗဟိုဘဏ်ကနေပြီးတော့ဒေါ်လာ ၅၂ ဘီလီယံဆုံးရှုံးမှုကနေပြီးတော့နိင်ငံသား ၈ သန်းဟာ ၂၀၁၅ ခုနှစ်မှာပြန်လည်နိုးထလာနိင်ခဲ့ကြပါတယ်။
IMF ရဲ့ Report အရဆွစ်ဇာလန်ရဲ့တိုးတက်မှုဟာ ၂၀၁၆ ခုနှစ်မှာ 11/2% ဖြစ်တယ်လို့သိရပါတယ်။
နိင်င့ံစီးပွားရေးပြန်လည်နိးထလာမှုကိုအစိုးရကကူညီပြီးတော့အကောင်အထည်ဖော်ပေးခဲ့တာဖြစ်ပါတယ်။
(၈) ယူအေအီး($68,250)
IMF ရဲ့ပြောကြားချက်အရယူအေအီးနိင်ငံဟာရေနံကရတဲ့ငွေတွေနဲ့ကမ္ဘာအချမ်းသာဆုံးနိင်ငံတွေထဲကတစ်နိင်ငံအဖြစ်ရပ်တည်နိင်ခဲ့တာဖြစ်ပါတယ်။
ရေနံစျေးကျဆင်းမှုကြောင့် ၂၀၁၆ မှာဖွံ့ဖြိုးမှုမရှိခဲ့ပေမဲ့လည်းလူဦးရေ ၁၀ သန်းသာရှိတဲ့အတွက်ကြောင့် ၂၀၁၇ မှာပြန်လည်တိုးတက်လာမယ်လို့ IMF ကခန့်မှန်းထားပါတယ်။
(၇)ကူဝိတ်($69,670)
လူဦးရေ ၄ သန်းသာရှိတဲ့ရေနံနိင်ငံကူဝိတ်ဟာရေနံစျေးကျဆင်းမှုကြောင့် ၂၀၁၆ ခုနှစ်မှာတိုးတက်မှုနှေးကွေးခဲ့သော်လည်းရေနံမဟုတ်တဲ့တစ်ခြားကဏ္ဍမှာဖွံ့ဖြိုးနေမှုကြောင့်ဆက်လက်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်လို့ IMF ကပြောကြားခဲ့ပါသည်။
(၆)နော်ဝေ($70,590)
နိင်ငံသားများရဲ့တစ်ဦးချင်းဝင်ငွေကိုကြည့်ပြီးဆုံးဖြတ်တဲ့ကမ္ဘာအချမ်းသာဆုံးနိင်ငံများစာရင်းမှာလူဦးရေ ၅ သန်းကျော်ရှိတဲ့နော်ဝေနိင်ငံဟာအဆင့် ၅ ပြင်ပမှာပဲရပ်တည်နိင်ခဲ့ပါတယ်။
IMF ရဲ့အဆိုအရပြီးခဲ့တဲ့နှစ်တွေအတွင်ူရေနံစျေးကျဆင်းမှုဒဏ်ကိုဆက်တိုက်ခံခဲ့ရတာကြောင့်နိင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ ၂၀၀၈ ခုနှစ်ထဲကနေစပြီးတော့ကျဆင်းခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ပြီးခဲ့တဲ့နွေရာသီမှာတော့နိင်ငံအတွင်းမှာရှိတဲ့အလုပ်လက်မဲ့ဦးရေကိုလျှော့ချနိင်ခဲ့ကြောင်းိရပါတယ်။
(၅) အိုင်ယာလန်($72,630)
အိုင်ယာနိင်ငံဟာဥရောပရဲ့ဖွံ့ဖြိုးတိုးတက်မှုအမြင့်မားဆုံးနိင်ငံတွေထဲကတစ်နိင်ငံဖြစ်ပြီးကမ္ဘာအချမ်းသာဆုံးနိင်ငံစာရင်းမှာအဆင့် ၅ နေရာမှာရပ်တည်နိင်ခဲ့ပါတယ်။
ရင်းနှီးမြှပ်နှံမှုတွေနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေကြောင့်အိုင်ယာလန်ရဲ့ GDP ဟာ ၂၀၁၆ မှာတိုးတက်ခဲ့ကြောင်း IMF ရဲ့ Report တွေအရသိရပါတယ်။
(၄)ဘရူနိင်း($76,740)
ဘရူနိင်းရဲ့ GDP က ၂၀၁၆ မှာကျဆင်းခဲ့ပေမဲ့နိင်ငံကထင်ထားတာထက်ပိုပြီးတော့နေရာတိုင်းမှာမျှတနေခဲ့တာဖြစ်ပါတယ်။
လူဦးရေ ၄ သိန်းခန့်သာရှိတဲ့ဘရူနိင်းနိင်ငံဟာနိင်ငံရဲ့အဓိကတင်ပို့ကုန်ဖြစ်တဲ့ရေနံစျေးကျဆင်းမှုကနေအောင်အောင်မြင်မြင်ရုန်းထွက်လာနိင်ခဲ့တာဖြစ်ပါတယ်။
ရေနံနဲ့သဘာဝဓာတ်ငွေ့ကနေရတဲ့ဝင်ငွေနဲ့ဘရူနိင်းဟာ ၂၀၁၄ ခုနှစ်မှာ IMF ရဲ့စာရင်းမှာအကောင်းဆုံးရပ်တည်နိင်ခဲ့ပါတယ်။
(၃)စင်ကာပူ($90,530)
စင်ကာပူနိင်ငံဟာနှစ်စဉ်နိင်ငံရဲ့ GDP 2.7% တိုးတက်လျှက်ရှိကြောင်းကို ၂၀၁၇ ခုနှစ်ပထမလေးလအတွင်းမှာထုတ်ပြန်ခဲ့တဲ့ IMF ရဲ့ Report ကနေသိရပါသည်။
လူဦးရေ ၅.၆ သန်းသာရှိတဲ့မြို့သာသာနိင်ငံငယ်လေးစင်ကာပူဟာလျှပ်စစ်ဆိုင်ရာပစ္စည်းတွေရောင်းချမှုကြောင့်နှစ်စဉ်တိုးတက်နေတာဖြစ်ပါတယ်။
(၂)လူဇင်ဘတ်($109,190)
လူဦးရေ ၆ သောင်းနီးပါးပဲရှိတဲ့လူဇင်ဘတ်နိင်ငံဟာကမ္ဘာအချမ်းသာဆုံးနိင်ငံမှာနံပါတ်(၂)နေရာမှာရပ်တည်နိင်ခဲ့ပါတယ်။
သူတို့နိင်ငံဟာအရမ်းအားကောင်းတဲ့အလုပ်လုပ်နိင်တဲ့စွမ်းအားရှိပြီး ၂၀၁၆ ခုနှစ်မှာဥရောပတစ်တိုက်လုံးရဲ့ဖွ့ံဖြိုးတိုးတက်မှုဟာသူတို့နိင်ငံကိုမမှီခဲ့တဲ့အထိပြောင်မြောက်ခဲ့ပါတယ်။
(၁)ကာတာ($123,930)
လူဦးရေခန့်မှန်းခြေ ၂.၂၇ သန်းသာရှိတဲ့အရှေ့အလယ်ပိုင်းကနိင်ငံငယ်လေးဖြစ်တဲ့ကာတာဟာတစ်ဦးချင်းဝင်ငွေအရတွက်ချက်ထားတဲ့ကမ္ဘာအချမ်းသာဆုံးနိင်ငံစာရင်းမှာအဆင့်တစ်နေရာမှာရပ်တည်နိင်ခဲ့ပါတယ်။
သူတို့နိင်ငံရဲ့အဓိကထွက်ကုန်တွေဖြစ်တဲ့ဟိုက်ဒရိုကာဗွန်နဲ့လောင်စာဆီတွေစျေးနှုန်းကျဆင်းခဲ့တာတောင်မှကာတာဟာအဆင့်တစ်နေရာမှာရပ်တည်နိင်ခဲ့တာဖြစ်ပါတယ်။