ရင်းဂစ် ကန်ဒေါ်လာ လဲနှုန်း ဆက်လက်ကျဆင်း


22 July, 2022

ရင်းဂစ် ကန်ဒေါ်လာ လဲနှုန်း ဆက်လက်ကျဆင်း


ကြာသပတေးနေ့ (ဇူလိုင် ၂၁) ဈေးပိတ်ချိန်တွင် ရင်းဂစ် ကန်ဒေါ်လာ လဲနှုန်း  အကျဖြင့် ပိတ်ခဲ့ပါတယ်။ အီးယူမှာ မငြိမ်မသက် ဖြစ်တဲ့အတွက် အမေရိကန်ဒေါ်လာကို အဝယ်လိုက်တာကြောင့် ရင်းဂစ် ထပ်ကျပါတယ်။ 

ရင်းဂစ် စင်ကာပူဒေါ်လာ လဲနှုန်းမှာ ဗုဒ္ဓဟူးနေ့က 3.1978/3.2009 ဖြစ်ခဲ့ပြီး ကြာသပတေးနေ့မှာ 3.1960/3.1976  သို့ မြင့်တက်ခဲ့ပါတယ်။ 

ဗြိတိသျှပေါင်နှင့် လဲနှုန်းမှာ ဗုဒ္ဓဟူးနေ့က 5.3498/5.3546 ဖြစ်ခဲ့ပြီး ကြာသပတေးနေ့မှာ 5.3236/5.3254   သို့ မြင့်တက်ခဲ့ပါတယ်။ 

ဂျပန်ယန်းနှင့် လဲနှုန်းမှာလည်း ရင်းဂစ် မြင့်တက်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က 3.2202/3.2233  ဖြစ်ခဲ့ပြီး ကြာသပတေးနေ့မှာ 3.2128/3.2142    သို့ မြင့်တက်ခဲ့ပါတယ်။ 

ယူရိုနှင့် လဲနှုန်းတွင်လည်း ရင်းဂစ် မြင့်တက်ခဲ့ပါတယ်။  ဗုဒ္ဓဟူးနေ့က  4.5586/4.5627 ဖြစ်ခဲ့ပြီး ကြာသပတေးနေ့မှာ 4.5386/4.5402 သို့ မြင့်တက်ခဲ့ပါတယ်။ 

အမေရိကန်ဒေါ်လာနှင့်  လဲနှုန်းမှာတော့ ရင်းဂစ် ကျဆင်းခဲ့ပါတယ်။ ကြာသပတေးနေ့ ညနေ ၆ နာရီတွင် ရင်းဂစ် အစိမ်းနှင့် လဲနှုန်းက 4.4575/4.4590 သို့ ကျဆင်းသွားပါတယ်။ ဗုဒ္ဓဟူးနေ့က 4.4500/4.4540 ဖြင့် ဈေးပိတ်ခဲ့ပါတယ်။ 

အီတလီဝန်ကြီးချုပ် Mario Draghi ရာထူးမှ နုတ်ထွက်လိုက်ခြင်းဟာ အီးယူ၏ တတိယအကြီးဆုံး နိုင်ငံစီးပွားရေးဖြစ်တဲ့ အီတလီနိုင်ငံ စီးပွားရေးအတွက် နိုင်ငံရေးမတည်ငြိမ်မှုအဖြစ်သို့ ရောက်ရှိသွားစေတဲ့အတွက် ဒေသတွင်း ရင်းနှီးမြုပ်နှံသူများအကြား စိုးရိမ်မကင်း ဖြစ်စေခဲ့ပါတယ်။  အမေရိကန်ဒေါ်လာ သည်သာ လောလောဆယ်မှာ စိတ်ချရတဲ့ ငွေကြေးအဖြစ် ယူဆကြပါတယ်။ 

စျေးကွက်ရင်းနှီးမြှုပ်နှံသူများက လာမယ့်အပတ် အမေရိကန် ဗဟိုဘဏ် ဖြစ်တဲ့ ပြည်ထောင်စု အရံရန်ပုံငွေ  အစည်းအဝေးတွင် နောက်ထပ် ပွိုင့် ၇၅ အထိ များများစားစား အတိုးနှုန်းထပ်တင်ခဲ့သော်ဆိုတဲ့ ထင်ကြေးအတွက် အနေအထား ရယူကြတာကြောင့် အတိုးနှုန်းတက်ရင် တက်သလောက် အကျိုးအမြတ် ရမယ့် ကန်ဒေါ်လာကို အဝယ်များစေတယ်လို့  SPI Asset Management မှ မန်းနေဂျင်းပါတနာ Stephen Innes  က ပြောကြားပါတယ်။ 

#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U

Source: freemalaysiatoday

Banking & Loan Read 2848 times