မလေးရှား ရင်းဂစ် ဆက်လက်ကျဆင်း


23 August, 2022

မလေးရှား ရင်းဂစ် ဆက်လက်ကျဆင်း


မလေးရှားနိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့မှု ပို့ကုန်စျေးနှုန်းများသည် ယခုနှစ်အတွင်း အများအပြား မြင့်တက်နေသော်လည်း ပထမသုံးလပတ်ကတည်းက ရင်းဂစ်တန်ဖိုးသည် မှန်တန်းဖြင့် ကျဆင်းလာခဲ့သည်။

 

ရင်းဂစ်သည် ပြီးခဲ့သည့်သောကြာနေ့ (ဩဂုတ် ၁၉) တွင် အမေရိကန်တစ်ဒေါ်လာနှင့် လဲနှုန်းတွင် 4.481 အထိ ကျဆင်းခဲ့သည်။ ၂၀၁၇ ဇန်နဝါရီလ နောက်ပိုင်း အနိမ့်ဆုံး ဖြစ်သည်။ 
တနင်္လာနေ့(ဩဂုတ် ၂၂)တွင် 4.485 အထိ ထပ်ကျခဲ့ပါသည်။

မလေးရှားဗဟိုဘဏ် Bank Negara Malaysia သည်  အတိုးနှုန်း စံနှုန်းကို ယခုနှစ်တွင် နှစ်ကြိမ်တိုးမြှင့်ခဲ့သည်။ အခြေခံ ဒသမ ၂၅ တိုးခဲ့သည်။ ထပ်တိုးမည့် အလားအလာလည်း ရှိနေသည်။ 
ပြီးခဲ့သည့်လတွင် Bank Negara Malaysia သည် အတိုးနှုန်းကို   2.25 % သို့ တိုးမြှင့်ခဲ့သည်။ ယခုနှစ်တွင် ဒုတိယအကြိမ်မြောက် တိုးမြှင့်ခြင်း ဖြစ်သည်။ 

ဩဂုတ် ၁၈ ရက်အထိ မလေးရှားသို့ ပြည်ပမှ စီးဝင်သည့် ရင်းနှီးမြှုပ်နှံမှုများတွင် အစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၈၂ ဘီလီယံအထိ ရှိခဲ့သည်။ 
သို့တိုင်အောင် ရင်းဂစ်က ဈေးဆက်ကျနေသည်။

ရေနံစိမ်းနှင့် စားအုန်းဆီဈေးနှုန်းများသည် မကြာသေးမီလများအတွင်း ၎င်းတို့၏ ၂၀၂၂  အမြင့်ဆုံးဈေးနှုန်းမှ သိသိသာသာ ကျဆင်းသွားသည့်အတွက်ကြောင့်လည်း ရင်းဂစ်ကို အားပျော့စေသည်ဟု သုံးသပ်ကြသည်။ 

စင်ကာပူရှိ Scotiabank မှ နိုင်ငံခြားသုံးငွေ မဟာဗျူဟာ Qi Gao ၏ အဆိုအရ လာမည့် ရက်သတ္တပတ်များအတွင်း နောက်ထပ် ရေနံစိမ်း ကျဆင်းမှု သို့မဟုတ် ပိုဆိုးလာမည်ဟု ယူဆခြင်းများ ဖြစ်ပေါ်ပါက  ရင်းဂစ်ကို ဆက်လက်ကျဆင်းသွားစေနိုင်သည်။

ရင်းဂစ်သည် ယခုအချိန်တွင် ပို၍ပင် ထိခိုက်လွယ်လာပါသည်။

 မလေးရှားနိုင်ငံမှ အချို့သောကုမ္ပဏီများသည် ပို့ကုန်ရငွေများကို ရင်းဂစ်ဖြင့် မထားတော့ဘဲ နိုင်ငံခြားငွေဖြင့် သိမ်းဆည်းထားသည်ဟု Goldman Sachs Group မှ ဝါရင့် လေ့လာသုံးသပ်သူများက ယူဆကြသည်။
 

Source: straittimes
#MyanmarLogisticsGuide 
Telegram Channel https://t.me/Guid4U

Banking & Loan Read 10201 times