ရင်းဂစ် ဆက်လက်ကျဆင်းဖွယ်ရှိသော်လည်း စိုးရိမ်စရာအကြောင်းမရှိဟုဆို


15 July, 2022

ရင်းဂစ် ဆက်လက်ကျဆင်းဖွယ်ရှိသော်လည်း စိုးရိမ်စရာအကြောင်းမရှိဟုဆို

ရင်းဂစ်က အမေရိကန် ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ၄.၅၀ ရေချိန်ကို  ကျော်လွန်သွားသည့်တိုင် ရင်းဂစ်တန်ဖိုး ပိုမိုကျဆင်းဖွယ်ရှိ‌နေပါတယ်။ သို့သော် လေ့လာဆန်းစစ်သူတို့က မလေးရှားနိုင်ငံအဖို့ စိုးရိမ်စရာအကြောင်းမရှိဘူးလို့ ဆိုကြပါတယ်။

Bank Islam Malaysia Bhd မှ စီးပွားရေးပညာရှင် အကြီးအကဲ Afzanizam Abdul Rashid က မလေးရှားနိုင်ငံရဲ့ အခြေခံအချက်များ မထိခိုက်ကြောင်း၊ ဘဏ်လုပ်ငန်းစနစ်သည်လည်း ခိုင်မာဆဲဖြစ်ကြောင်း ပြောကြားပါတယ်။
ထိုအချက်များကြောင့် ချေးငွေရရှိရေးမှာ ပြဿနာမရှိသည့်အပြင် နိုင်ငံ စီးပွားရေးတိုးတက်မှုလမ်းကြောင်းပေါ်တွင်  အထောက်အကူ ပေးနေမယ်လို့ သူက FMT Business ကို ပြောကြားပါတယ်။
၁ ကန်ဒေါ်လာကို ရင်းဂစ် ၄.၄၄ ဖြင့် ကြာသပတေးနေ့က ဈေးပိတ်ခဲ့ပါတယ်။ ၂၇ လတာအတွင်း အနိမ့်ဆုံး ဖြစ်ပါတယ်။ ယခင်လက ၄.၂၀ ရှိခဲ့ရာမှ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်က စီးပွားရေးကျဆင်းမှုကို  လက်တွေ့ရင်ဆိုင်ရဖို့  ပိုမိုနီးစပ်နေပြီလို့ မှန်းဆပြီး အကျမနာအောင် ဖန်တီးနိုင်ဖွယ်ရှိကြောင်း Afzanizam က ပြောကြားပါတယ်။
 
ယခုလမှာ အတိုးနှုန်း ထပ်မံမြှင့်လိုက်လို့ အစိမ်း ဝယ်လိုအား ပိုကြီးမားလာတာကြောင့် မလေးရှား ရင်းဂစ် အပါအဝင် တခြားနိုင်ငံများရဲ့ နိုင်ငံသုံးငွေများ အနုတ်လက္ခဏာ သက်ရောက်မှု ခံစား ကြရကြောင်း သူက ပြောကြားပါတယ်။

 US federal open market committee (FOMC) ဇွန်လအစည်းအဝေးမှာ အတိုးနှုန်းကို ရာခိုင်နှုန်းအပြောင်း Basis Point (BPS) ကို နောက်ထပ် 75 basis points တိုးမြှင့်ခဲ့ပါတယ်။ ငွေဖောင်းပွမှုကို ကြိုးကိုင်ဖို့ ဆောင်ရွက်တာမဗာ ၁၉၉၄ ခုနှစ်နောက်ပိုင်း အကြမ်းဆုံး ဖြစ်ပါတယ်။ စက်တင်ဘာလမှာ ကျင်းပမယ့် အစည်းအဝေးမှာ FOMC က အတိုးနှုန်းကို နောက်ထပ် 100bps ထပ်မံတိုးမြှင့်လိမ့်မယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။
   အဲဒါက ရင်းဂစ်ကို ၄.၅၀ ရေချိန် ဟိုဘက် ကျော်လွန်သွားအောင် တွန်းပို့ လိမ့်မယ်လို့ သူက ပြောကြားပါတယ်။ 

မည်သို့ပင်ဆိုစေကာမူ ပြည်တွင်းသုံးငွေ ရင်းဂစ်အတွက် မဆိုးသေးကြောင်း သူက ပြောကြားပါတယ်။ 
Sunway တက္ကသိုလ်မှ စီးပွားရေးပညာ ပါမောက္ခ Yeah Kim Leng က အမေရိကန်က အတိုးနှုန်းတိုးမြှင့်တာကြမ်းလို့ ရင်းဂစ် ကျဆင်းရကြောင်း ပြောကြားပါတယ်။ 
"ရင်းဂစ် နောက်ထပ် ဘယ်လောက် ထပ်ကျဦးမလဲ ဆိုတာက အမေရိကန်အရန်ရန်ပုံငွေက ငွေဖောင်းပွမှုကို ချုပ်ဖို့ ဘယ်လောက်ကြမ်းကြမ်း ကိုင်တွယ်မှာလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်" လို့ သူက ပြောကြားပါတယ်။
#MyanmarIndustriesGuide 
 Telegram Channel
https://t.me/Guid4U
Source: freemalaysiatoday

Banking & Loan Read 4100 times