မလေးရှားရင်းဂစ် ဒေါ်လာနှင့် ငွေလဲနှုန်း အကျဖြင့် ဈေးပိတ်


19 December, 2022

မလေးရှားရင်းဂစ် ဒေါ်လာနှင့် ငွေလဲနှုန်း အကျဖြင့် ဈေးပိတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

သီတင်းပတ်အစ တနင်္လာနေ့ ဈေးဖွင့်ချိန်တွင် ရင်းဂစ်၏ ကန်ဒေါ်လာနှင့် ငွေလဲနှုန်းသည် သောကြာနေ့ အပိတ်ဈေးထက် မြင့်တက်ခဲ့သည်။ သောကြာနေ့ အပိတ်ဈေး 4.4220/4.4265 ဖြစ်ခဲ့ပြီး တနင်္လာနေ့ မနက် ၉ နာရီ အဖွင့်ဈေးတွင် 4.4195/4.4260 သို့ မြင့်တက်ခဲ့သည်။
သို့သော် ညနေအပိတ်ဈေးတွင် ပြန်လည်ကျဆင်းသွားခဲ့သည်။ ညနေ ၆ နာရီ အပိတ်ဈေးမှာ  4.4250/4.4300  ဖြစ်ခဲ့ရာ သောကြာနေ့ အပိတ်ထက် လျော့ကျခဲ့သည်။ 

 


အခြားအဓိက ငွေကြေးများနှင့် ငွေလဲနှုန်းတွင်လည်း ရင်းဂစ် တန်ဖိုး ကျဆင်းခဲ့သည်။ 
ဗြိတိသျှပေါင်နှင့် ငွေလဲနှုန်းတွင် သောကြာနေ့ အပိတ်ဈေးမှာ 5.3705/5.3760 ဖြစ်ခဲ့ပြီး တနင်္လာနေ့ အပိတ်ဈေး  5.4043/5.4104  သို့ ကျဆင်းသည်။

စင်ကာပူဒေါ်လာနှင့် ငွေလဲနှုန်းတွင် သောကြာနေ့ အပိတ်ဈေးမှာ 3.2531/3.2569 ဖြစ်ခဲ့ပြီး တနင်္လာနေ့ အပိတ်ဈေး  3.2633/3.2674  သို့ ကျဆင်းသည်။


ဂျပန်ယန်းနှင့် ငွေလဲနှုန်းတွင် သောကြာနေ့ အပိတ်ဈေးမှာ 3.2230/3.2265  ဖြစ်ခဲ့ပြီး တနင်္လာနေ့ အပိတ်ဈေး  3.2515/3.2554 သို့ ကျဆင်းသည်။

ယူရိုးနှင့် ငွေလဲနှုန်းတွင် သောကြာနေ့ အပိတ်ဈေးမှ 4.6926/4.6974  ဖြစ်ခဲ့ပြီး တနင်္လာနေ့ အပိတ်ဈေး  4.7016/4.7069 သို့ ကျဆင်းသည်။
Source FMT

 

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 519 times