အတိုးနှုန်းတွေ တိုးလာဦးမှာကို စိုးရိမ်တဲ့အတွက် ရင်းဂစ် ကျဆင်း


14 October, 2022

အတိုးနှုန်းတွေ တိုးလာဦးမှာကို စိုးရိမ်တဲ့အတွက် ရင်းဂစ် ကျဆင်း

လာမည့်လအနည်းငယ်အတွင်း အမေရိကန်တွင် အတိုးနှုန်းတက် ထပ်တက်ဦးမှာကို စဉ်ဆက်မပြတ်စိုးရိမ်ပူပန်မှုများက ရင်းဂစ်တန်ဖိုးကို ကျဆင်းသွားစေခဲ့ပါတယ်။

ယနေ့ သောကြာနေ့ အောက်တိုဘာ ၁၄ မှာ အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းမှာ ရင်းဂစ် ထပ်မံကျဆင်းပါတယ်။ ဈေးအဖွင့် 4.69 ဖြစ်ခဲ့ပြီး ညနေ ၆ နာရီ ဈေးအပိတ် 4.7025/4.7065 ဖြစ်ခဲ့ပါတယ်။
ယမန်နေ့ အပိတ်ဈေး 4.6910/4.6940 ဖြစ်ပါတယ်။ 
စက်တင်ဘာလ အမေရိကန်နိုင်ငံ ငွေဖောင်းပွမှု အချက်အလက်များက အခြေအနေကောင်းမေတဲ့အတွက် ဗဟိုဘဏ်က အတိုးနှုန်း မြှင့်တင်ပေးတာ နှေးသွားမယ်လို့ မျှော်လင့် ရပါတယ်။ 
ဒါပေမဲ့ နိုဝင်ဘာလမှာ အတိုးနှုန်းကို အခြေခံ ဒသမ ၇၅ တိုးလိမ့်မယ်လို့ ကျိန်းသေပေါက် ထင်ကြေးပေးထားကြဆဲ ဖြစ်တာကြောင့် ရင်းဂစ် တန်ဖိုး ဆက်လက် ကျဆင်းစေပါတယ်။ 

ရင်းဂစ်ကို အဓိကငွေကြေးများနှင့် အရောင်းအဝယ်ပြုကြရာတွင် ဂျပန်ယန်းမှလွဲ၍ တန်ဖိုးကျနေတာကို တွေ့ရပါတယ်။

 

 

ဗြိတိသျှပေါင်နှင့် ယမန်နေ့က 5.2291/5.2324 ဖြစ်ခဲ့ပြီး ယနေ့ 5.2870/5.2915 ဖြင့် ဈေးပိတ်ပါတယ်။ 

ယူရိုနှင့် လဲလှယ်ရာမှာ ယမန်နေ့က 4.5625/4.5654 ဖြစ်ခဲ့ပြီး ယနေ့ 4.5741/4.5780 ဖြင့် ဈေးပိတ်ပါတယ်။ 

စင်ကာပူဒေါ်လာနှင့် လဲနှုန်းမှာ ယမန်နေ့က 3.2726/3.2752 ဖြစ်ခဲ့ပြီး ယနေ့ 3.3009/3.3042 သို့ ဆက်လက်ကျဆင်းပါတယ်။ 

ဂျပန်ယန်းနှင့် လဲနှုန်းတွင် ယမန်နေ့က 3.1957/3.1980 ဖြစ်ပြီး ယနေ့ 3.1836/3.1867 သို့ မြင့်တက်ခဲ့ပါတယ်။

Source FMT

Banking & Loan Read 482 times