မလေးရှားရင်းဂစ် ဒေါ်လာလဲနှုန်း ဈေးအတက်ဖြင့် ဈေးဖွင့်
မနက်ဈေးအဖွင့်မှာ မလေးရှားရင်းဂစ် အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်း ဈေးအတက်ဖြင့် ဖွင့်ပါတယ်။
ယမန်နေ့ ဒီဇင်ဘာ ၁၃ မှာ အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် 4.4260/4.4320 ဖြစ်ခဲ့ပြီး ယနေ့မနက်မှာ 4.4050/4.4130 ဖြင့် ဈေးဖွင့်ခဲ့ပါတယ်။
အခြားအဓိကငွေကြေးများနှင့် ငွေလဲနှုန်းမှာတော့ ရင်းဂစ် အားပျော့နေပါတယ်။
ဗြိတိသျှပေါင်နှင့် ငွေလဲနှုန်းတွင် ယမန်နေ့ အပိတ်ဈေး 5.4307/5.4381 ဖြစ်ခဲ့ပြီး ယနေ့ အဖွင့်ဈေး 5.4419/5.4518 သို့ ကျဆင်းပါတယ်။
ယူရိုနှင့် ငွေလဲနှုန်းတွင် ယမန်နေ့ အပိတ်ဈေး 4.6646/4.6709 ဖြစ်ခဲ့ပြီး ယနေ့ အဖွင့်ဈေး 4.6843/4.6928 သို့ ကျဆင်းပါတယ်။
စင်ကာပူဒေါ်လာနှင့် ငွေလဲနှုန်းတွင် ယမန်နေ့ အပိတ်ဈေး 3.2640/3.2689 ဖြစ်ခဲ့ပြီး ယနေ့ အဖွင့်ဈေး 3.2702/3.2767 သို့ ကျဆင်းပါတယ်။
ဂျပန်ယန်းနှင့် ငွေလဲနှုန်းတွင် ယမန်နေ့ အပိတ်ဈေး 3.2142/3.2188 ဖြစ်ခဲ့ပြီး ယနေ့ အဖွင့်ဈေး 3.2550/3.2614 သို့ ကျဆင်းပါတယ်။
အမေရိကန်နိုင်ငံ ငွေဖောင်းပွနှုန်းကို ၇.၃% ကြိုတင်ခန့်မှန်းခဲ့ပြီး လက်တွေ့မှာ ၇.၁% ဖြစ်နေတဲ့အတွက် အမေရိကန်ဗဟိုဘဏ် US Federal Reserve (Fed) က ငွေဖောင်းပွနှုန်းကို တိုက်ဖျက်ဖို့ အတိုးနှုန်း မြှင့်တင်တဲ့အခါ ညင်သာမယ်လို့ ယူဆကြပါတယ်။
Source FMT