မလေးရှား ရင်းဂစ် ကန်ဒေါ်လာနှင့် လဲနှုန်းတွင် ပြန်ကျဆင်း


15 December, 2022

မလေးရှား ရင်းဂစ် ကန်ဒေါ်လာနှင့် လဲနှုန်းတွင် ပြန်ကျဆင်း

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ယနေ့ ဒီဇင်ဘာ ၁၅ ဈေးဖွင့်ပြီး ၃ မိနစ်အကြာတွင် မလေးရှား ရင်းဂစ် ကန်ဒေါ်လာနှင့် ငွေလဲနှုန်းသည် 4.3955/4.4050 သို့ ကျဆင်းသည်။ ယမန်နေ့ အပိတ်ဈေးမှာ 4.3900/4.3955 ဖြစ်သည်။ ယမန်နေ့နံနက်က ရင်းဂစ် မြင့်တက်ခဲ့ပြီး ယနေ ပြန်ဆုတ်ယုတ်သည်။

ရင်းဂစ်နှင့် အခြားအဓိက ငွေကြေးများနှင့် ငွေလဲနှုန်းများတွင် ဗြိတိသျှပေါင်နှင့် ရင်းဂစ် ငွေလဲနှုန်းတွင် ရင်းဂစ် အားပျော့သည်။ ယမန်နေ့ အပိတ်ဈေးမှာ 5.4440/5.4509 ဖြစ်ပြီး ယနေ့ အဖွင့်ဈေးမှာ 5.4575/5.4692 ဖြစ်သည်။ 

ယူရိုနှင့် ရင်းဂစ် ငွေလဲနှုန်းတွင်လည်း ရင်းဂစ် အားပျော့သည်။ ယမန်နေ့ အပိတ်ဈေးမှာ 4.6819/4.6878 ဖြစ်ပြီး ယနေ့ အဖွင့်ဈေးမှာ 4.6909/4.7010 ဖြစ်သည်။ 

ဂျပန်ယန်း၊ စင်ကာပူဒေါ်လာတို့နှင့် ငွေလဲနှုန်းတွင် ရင်းဂစ် မြင့်တက်သည်။

ဂျပန်ယန်းနှင့် ရင်းဂစ် ငွေလဲနှုန်းသည် ယမန်နေ့ အပိတ်ဈေးမှာ 3.2552/3.2608 ဖြစ်ပြီး ယနေ့ အဖွင့်ဈေးမှာ 3.2456/3.2531 ဖြစ်သည်။ 

စင်ကာပူဒေါ်လာနှင့် ငွေလဲနှုန်းသည် ယမန်နေ့ အပိတ်ဈေးမှာ 3.2627/3.2675 ဖြစ်ပြီး ယနေ့ အဖွင့်ဈေးမှာ 3.2610/3.2688 ဖြစ်သည်။ 
Source FMT

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 551 times