ရင်းဂစ် စံချိန်တင် အတက်ဈေးဖြင့် ဈေးပိတ်


02 December, 2022

ရင်းဂစ် စံချိန်တင် အတက်ဈေးဖြင့် ဈေးပိတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ရင်းဂစ်သည် သောကြာနေ့(ဒီဇင်ဘာ ၂)တွင် အမေရိကန် ဒေါ်လာနှင့် လဲနှုန်းသည် ပြန်လည်မြင့်တက်လာသည့် အရှိန်အဟုန်ဖြင့်  ဒီဇင်ဘာ၏ ပထမရက်သတ္တပတ်အပြီးသတ််တွင် 4.38 ဖြင့် ဈေးပိတ်သည်။ ယခုနှစ် ဇွန်လကတည်းက မတွေ့ခဲ့ရသည့်အဆင့်ဖြစ်သည်။

သောကြာနေ့ ညနေ ၆ နာရီ အပိတ်ဈေးသည် 4.3835/4.3925 ရှိခဲ့သည်။ ကြာသပတေးနေ့ အပိတ်ဈေးမှာ 4.4030/4.4100 ဖြစ်သည်။
ရင်းဂစ်၏  အစိမ်းနှင့် လဲနှုန်းတွင် ၎င်းရေချိန်မျိုးကို ပြီးခဲ့သည့် ဇွန်လတွင်  4.3835 ဖြင့် ကြုံခဲ့ဖူးသည်။ 


ရင်းဂစ်သည် ကန်ဒေါ်လာနှင့် လဲနှုန်းတွင် မြင့်တက်သော်လည်း အခြားအဓိက နိုင်ငံခြားငွေများနှင့် လဲနှုန်းတွင် ကျဆင်းခဲ့သည်ကို တွေ့ကြရသည်။

ယူရိုနှင့် ငွေလဲနှုန်းတွင် ကြာသပတေးနေ့တွင် အပိတ်ဈေး 4.5976/4.6049  ဖြစ်ခဲ့ပြီး သောကြာနေ့တွင်  အပိတ်ဈေး 4.6136/4.6231သို့ ကျဆင်းသည်။ 

စင်ကာပူဒေါ်လာနှင့်  ငွေလဲနှုန်းတွင် ကြာသပတေးနေ့တွင် အပိတ်ဈေး 3.2420/3.2474 ဖြစ်ခဲ့ပြီး သောကြာနေ့တွင် အပိတ်ဈေး  3.2463/3.2535 သို့ ကျဆင်းသည်။ 

ဗြိတိသျှပေါင်နှင့်  ငွေလဲနှုန်းတွင် ကြာသပတေးနေ့တွင် အပိတ်ဈေး 5.3501/5.3586  ဖြစ်ခဲ့ပြီး သောကြာနေ့တွင် အပိတ်ဈေး  5.3781/5.3892 သို့ ကျဆင်းသည်။ 

ဂျပန်ယန်းနှင့်  ငွေလဲနှုန်းတွင် ကြာသပတေးနေ့တွင် အပိတ်ဈေး 3.2282/3.2336  ဖြစ်ခဲ့ပြီး သောကြာနေ့တွင် အပိတ်ဈေး  3.2698/3.2768  သို့ ကျဆင်းသည်။ 


Source FMT

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 317 times