သရက်သီးမှည့်များ ဝယ်လိုအားများသောကြောင့် ဝင်ငွေကောင်းနေ


30 April, 2018

ကျောက်ပန်းတောင်းနှင့် နတ်မောက်မြို့နယ်တို့၌ သရက်သီးမှည့်များစတင်ပေါ်နေပြီဖြစ်သောကြောင့် ပြည်ပတရုတ်နိုင်ငံသို့ တင်ပို့သည့်ပွဲစားများအပြင် ပြည်တွင်းဝယ်လိုအားကြောင့် သရက်ပင်ပိုင်ရှင်များ ပေါ်ဦးပေါ်ဖျား ဝင်ငွေရနေကြောင်း သိရသည်။

အညာဒေသတစ်ခွင် စိန်တစ်လုံး၊ မနော် နှင့် အောင်ဒင်သရက်သီးများစတင်ပေါ်နေ ပြီဖြစ်ရာ ပြည်တွင်း ပြည်ပပွဲစားများ၏ ဝယ်လိုအားကြောင့် ဈေးကောင်းရနေကြောင်း၊ ယခုနှစ်တွင် အသီးထွက်နှုန်းကောင်းမွန်သည့် အပြင် ရာသီဥတုမှာလည်း လေပြင်းတိုက်ခတ် ခြင်းမရှိ၍ အစိမ်းသီးများ ကြွေကျမှုမရှိကြောင်း၊ စိန်တစ်လုံးသရက်သီး အလုံး ၅၀ လျှင် ကျပ် ၂၅,ဝဝဝမှ ကျပ် ၃၀,ဝဝဝ အထိ ပေါက်ဈေး ရှိပြီး မနော်သရက် သီး အလုံး ၅၀လျှင် ကျပ် ၁၅,ဝဝဝ နှင့် အောင်ဒင် သရက်သီး ကျပ် ၁၈,ဝဝဝ ပေါက် ဈေးရှိကြောင်း နတ်မောက် မြို့နယ် ဒေသခံသရက်ခြံပိုင်ရှင်တစ်ဦးက ပြောခဲ့ပါသည်။

ယရင်နှစ်တွေကတော့ ပေါ်ဦးပေါ်ဖျား ဈေးကောင်းရတယ်လို့ မရှိကြောင်း၊ သရက်ခြံတွေ အပြိုင်အဆိုင်ဆွတ်ခူးရောင်းချနေ၍ဖြစ်ကြောင်း၊ယနှစ်တွင် မိုးကလည်းသိပ်မရွာသေးတော့ အသီး မဆွတ်ကြသေးကြောင်း၊ စောစောဆွတ်ခူးတဲ့ သရက်သီးကဈေးကွက်ကိုရောင်းရတာမို့ ငွေမြန်မြန်ပေါ်သည်ဟု ကျောက်ပန်းတောင်းမြို့နယ်မှ သရက်ခြံပိုင်ရှင်တစ်ဦးက ပြောခဲ့ပါသည်။

အဆိုပါ ဒေသထွက် စိန်တစ်လုံးသရက်သီး မှာ အလုံး ၅၀ ပါ တစ်ဖာလျှင် ယွမ်ငွေ ၁၅၀ ရရှိကြောင်း၊ မူဆယ်ကနေ တရုတ်သို့တင်ပို့ကြောင်း၊ သရက်ကိုနှစ်ရှည်သီးနှံအဖြစ် အဓိကထား၍ ငွေလုံးငွေရင်းဖြင့် ရင်းနှီးမြှုပ်နှံကာ ခြံကျယ်ကျယ်တွင် အပင် ၅၀အထိ တိုးချဲ့စိုက်ပျိုးလာကြကြောင်း ကျောက်ပန်း တောင်းမြို့ နယ် ဒေသခံများထံမှ သိရပါသည်။

Myanmar Times

Local News Read 927 times