လယ်ယာသုံးစက်အပိုပစ္စည်းများကို စက်မှု လယ်ယာ ထောက်ခံချက်ဖြင့် ကင်းလွတ်ခွင့် ပြုမည်။


01 September, 2017

လယ်ယာသုံးစက်အပိုပစ္စည်းများကို အကောက်ခွန် တိုးကောက်မည်ဖြစ်သော်လည်း စက်မှု လယ်ယာ ထောက်ခံချက်ဖြင့် ကင်းလွတ်ခွင့် ပြုမည်။

လယ်ယာသုံး စက်အပိုပစ္စည်းများကို အကောက်ခွန် တိုးမြှင့်ကောက်ခံမည် ဖြစ်သော်လည်း စက်မှုလယ်ယာ ထောက်ခံချက်ဖြင့် အစီးလိုက်တင်သွင်းခြင်း ကိုမူ အကောက်ခွန် ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

ယခုအောက်တိုဘာ ၁ ရက်မှစ၍ ပြောင်းလဲကောက်ခံသည့် အကောက်ခွန် နှုန်းထားအသစ်တွင် လယ်ယာသုံး စက်အပိုပစ္စည်းများကို ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည် ဖြစ်သော်လည်း အစီးလိုက် တင်သွင်းခြင်းကိုမူ အကောက်ခွန် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

ပြောင်းလဲကောက်ခံမည့် အကောက်ခွန် နှုန်းထားသစ်မှာ လယ်ယာသုံးစက်အပို ပစ္စည်းများကို ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမည် ဖြစ်ပါသည်။

အစီးလိုက် တင်သွင်းမည့်ဆိုပါက စက်မှုလယ်ယာ၏ ထောက်ခံချက်ပါပါကအကောက်ခွန် ကင်းလွတ်ခွင့်ပြုထားမည် ဖြစ်ပါသည်။

မော်တော်ယာဉ် အပိုပစ္စည်းများလက်ရှိကောက်ခံနေသည့် အတိုင်း ၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ ပြောကြားသည်။

အကောက်ခွန်နှုန်းထား တိုးမြှင့်ကောက်ခံမည့် စာရင်းတွင် Truck နှင့် Bus များကို ၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ၊ လူစီးလျှပ်စစ်ကားများကို ၁ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံရန် သတ်မှတ်ထားပြီး SKD, CKD စနစ်ဖြင့် ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်နေသည့် ကားများကိုမူ Custom Duty လျှော့ချပေးထားကြောင်းသိရသည်။

Source:Automobile Journal

Taxation Read 1462 times