GameStop ရှယ်ယာစျေးထိုးတက်လာမှုကြောင့် တရားစွဲဆိုမှုအချို့နဲ့ ရင်ဆိုင်နေရတဲ့ Robinhood


29 January, 2021

Online အကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Robinhoodဟာ  GameStop ရှယ်ယာစျေးအဆမတန်ထိုးတက်လာမှုကြောင့် လူတန်းစားဆိုင်ရာ တရားစွဲဆိုမှုအချိုု့ကို ရင်ဆိုင်ဖြေရှင်းနေရပါတယ်။

မက်ဆာချူးဆက်မှာ နေထိုင်တဲ့ Brendon Nelson ဟာ အမေရိကန်မှာနေထိုင်တဲ့  Robinhood  အသုံးပြုသူများအားလုံးရဲ့ ကိုယ်စား Robinhood ကိုတရားစွဲဆိုမှုတစ်ရပ် လုပ်ဆောင်လိုက်ပါတယ်။ " အမေရိကန်မှာနေထိုင်တဲ့ Robinhood အသုံးပြုသူများအားလုံး အနေနဲ့ Robinhood ကုမ္ပဏီ သူ့ရဲ့ ပလက်ဖောင်းပေါ်ကနေ ရည်ရွယ်ချက်ရှိရှိဖယ်ထုတ်ခြင်းခံရပြီးရင်တော့ ရှယ်ယာတွေကို GME လို့ခေါ်တဲ့ Game Stock ပေါ်မှာ ထုတ်တာတို့ သွင်းတာတို့ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး " လို့ပြောသွားပါတယ်။

တရားရင်ဆိုင်ရမယ့် စွဲချက်တွေ ကတော့ ပေါ့ဆမှု၊ စာချုပ်ချိုးဖောက်မှု၊ ကြီးကြပ်အုပ်ချုပ်တဲ့တာဝန်၊ ယုံကြည်မှုနဲ့ တရားမျှတသော ကမ်းလှမ်းမှုတို့နဲ့ ဖြစ်ပါတယ်။

Robinhood အနေနဲ့ ယနေ့မနက်မှာတော့ ကြေညာချက်ထုတ်ပြန်ထားတာရှိပါတယ်။ "ကျွန်တော်တို့အနေနဲ့ စျေးကွက်ကိုဆက်တိုက် စောင့်ကြည့်နေမှာဖြစ်ပြီး၊ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်သွားမှာပါ။ အခု ထိလွယ်ရှလွယ် အခြေအနေမှာတော့ GameStop (GME) ၊ AMC (AMC)၊ BlackBerry (BB), Bed Bath & Beyond (BBBY), Express, Inc. (EXPR) Nokia (NOK)   နဲ့  Tootsie Roll Industries (TR) တို့လို ကုမ္ပဏီတွေကို Transcationအချို့ ကန့်သတ်ထားမှာ ဖြစ်ပါတယ်။ နောက်ထပ်ကြေညာချက်တချို့လည်း တိုးလာဖို့ ရှိနေပါသေးတယ်"

ဒီညနေနောက်ပိုင်းမှာတော့ ကုမ္ပဏီအနေနဲ့ နောက်ထပ်ကြေညာချက်တစ်ခုကို ထုတ်ပြန်မှာဖြစ်ပြီး၊ အဲ့ကြေညာချက်မှာတော့  ကုန်သွယ်မှုဆိုင်ရာကန့်သတ်ချက်များသည် SEC မှပြဌာန်းထားသောအရင်းအနှီးလိုအပ်ချက်များကို လိုက်နာရန်နှင့် သောကြာနေ့တွင် ကန့်သတ်ထားသော ဝယ်ယူခွင့်အချို့ကို ပြန်ဖွင့်ပေးရန်တို့ပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဖော်ပြချက်မှာတော့  " ကျွန်တော်တို့အနေနဲ့ အခြေအနေကိုဆက်လက်စောင့်ကြည့်ပြီး၊ လိုအပ်တဲ့ ထိန်းညှိမှုတွေကို လိုအပ်သလိုလုပ်ဆောင်သွားမှာပါ " လို့ ဖော်ပြထားပါတယ်။

Ref: hypebeast.com

Global News Read 321 times