ရုရှားရေနံစိမ်း ဈေးအမြင့်ဖြင့် အာရှသို့ ဆက်လက်စီးဝင်


12 December, 2022

ရုရှားရေနံစိမ်း ဈေးအမြင့်ဖြင့် အာရှသို့ ဆက်လက်စီးဝင်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ESPO (Eastern Siberia Pacific Ocean) ရေနံစိမ်း ပိုက်လိုင်းမှတစ်ဆင့် ရုရှားအရှေ့ဖျားရှိ ပင်လယ်ဆိပ်ကမ်းသို့ ပေးပို့သည်ကို အကြောင်းပြုပြီး ESPO ဟု အမည်တွင်သော ရုရှားရေနံစိမ်း အမျိုးအစားကို ရုရှားနိုင်ငံမှ ရေနံတင်သင်္ဘောများဖြင့် တရုတ်နိုင်ငံသို့ ဆက်လက်တင်ပို့လျက်ရှိပြီး ဈေးနှုန်းမှာ အနောက်နိုင်ငံများက ချမှတ်ပြဋ္ဌာန်းထားသည့် အများဆုံးဈေးန‌ှုန်းထက် ပိုမြင့်ပါသည်။

ESPO ‌အမျိုးအစား ရေနံစိမ်းများကို ရုရှားနိုင်ငံမှ ရေနံတင်သင်္ဘောများဖြင့် ပို့ဆောင်ပေးပြီး အာမခံထားရှိရန်အတွက်လည်း ရုရှားမှ အာမခံလုပ်ငန်းများက ဝန်ဆောင်မှု ပေးသည်ဟု ကုန်သည်များက Bloomberg သတင်းဌာနသို့ ပြောကြားသည်။

သို့ဖြစ်ရာ တရုတ်နိုင်ငံမှ ရေနံချက်စက်ရုံများသည် ပုံမှန်အတိုင်း ရုရှားရေနံစိမ်းများကို ဆက်လက်ဝယ်ယူနိုင်ကြသည်။ အနောက်နိုင်ငံများက ချမှတ်ပြဋ္ဌာန်းထားသည့် အများဆုံးဈေးန‌ှုန်း တစ်စည်လျှင် $60 ထက် ပိုများနေလျှင် အရေးယူဆောင်ရွက်မည့် အရေးကို လျစ်လျူပြုထားနိုင်ကြသည်။

ကျဆင်းနေသော ၀ယ်လိုအားကြောင့် တရုတ်မှ ပုဂ္ဂလိကပိုင် ရေနံချက်စက်ရုံ လုပ်ငန်းများသည်  ရုရှား၏ ESPO ရေနံစိမ်းကုိ လျှော့စျေးများဖြင့် ဝယ်ယူနိုင်ကြသည်ဟု ကုန်သည်များက ရိုက်တာ သတင်းဌာနကို ပြောကြားသည်။

 တရုတ် ပုဂ္ဂလိကရေနံချက်စက်ရုံများသည် ESPO ကို အဓိကထား သုံးစွဲကြပြီး ယခုအခါ တစ်စည်လျှင် $6 ဈေးလျှော့ပေးသည့် အခွင့်ထူးကို ရရှိကြသည်။ သို့ဖြစ်ရာ တစ်စည်လျှင် $68 ဝန်းကျင်ဖြင့် ဝယ်ယူကြသည်။
 ESPO ရေနံစိမ်းသည် ရုရှားအရှေ့ဖျားသို့ ပိုက်လိုင်းဖြင့် ပေးပို့ကာ သင်္ဘောတင်ပြီး တရုတ်နိုင်ငံသို့ ပေးပို့ရန် လွယ်ကူသည်။ အဆင်ပြေသည်။
 ဘောလတစ်ရှိ Primorsk ဆိပ်ကမ်းမှာ ရေကြောင်းဖြင့် တင်ပို့သည့် Urals ရုရှားရေနံစိမ်းသည် ပေးပို့ရန် ခက်ခဲနေသဖြင့် ပြဋ္ဌာန်းဈေးနှုန်း အောက်သို့ ရောက်ရှိနေပြီး တစ်စည်လျှင် $41.59 ဖြင့် ရောင်းချနေသည်။
 
Source oilprice

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U
 

Energy News Read 905 times