ရုရှားရေနံ အိန္ဒိယသို့ ဈေးအနိမ့်ဖြင့် ရောင်းချ


19 December, 2022

ရုရှားရေနံ အိန္ဒိယသို့ ဈေးအနိမ့်ဖြင့် ရောင်းချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ရုရှား၏ နာမည်ကြီး ယူရယ် Urals ရေနံစိမ်းကို ဥရောပမှာ  တင်သွင်းခွင့် ပိတ်ပင်လိုက်ပြီးနောက် ယခုလတွင် ပိုမိုစျေးလျှော့ပြီး ရောင်းချခဲ့သည်။

ရုရှားရေနံ အဓိကဝယ်လက် ဖြစ်သည့် အိန္ဒိယသည် အနောက်နိုင်ငံများက သဘောတူညီထားသည့် ရုရှားရေနံ အများဆုံး ဈေးနှုန်း တစ်စည် ကန်ဒေါ်လာ ၆၀ ထက် လျော့နည်းသောဈေးဖြင့်  ဝယ်ယူခဲ့သည်။ 

ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံမှ ပင်လယ်ရေကြောင်းဖြင့် ရေနံတင်သွင်းမှုကို ဒီဇင်ဘာ ၅ ရက်မှ စတင်တားမြစ်ပိတ်ပင်ခဲ့ပါသည်။
ရုရှားသည် ဥရောပဈေးကွက်အစားထိုးရန်  အခြားဈေးကွက်များကို ရှာဖွေခဲ့သည်။ တစ်ရက် စည်တစ်သန်း တင်ပို့နိုင်ရန် အာရှတွင် ဝယ်လက်များ ရှာဖွေလျက်ရှိသည်။
ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးသည့်နောက်တွင် ရုရှား ယူရယ်ရေနံအတွက် အိန္ဒိယသည် အဓိကဝယ်လက် ဖြစ်လာခဲ့ပြီး ယခုလတွင်လည်း ရုရှားရေနံများကို ဝယ်ယူခဲ့သည်။
ရုရှား ယူရယ်ရေနံစိမ်း အာမခံကြေးနှင့် ပို့ဆောင်ကြေး ပါပြီးသား အိန္ဒိယဆိပ်ကမ်းအရောက် ဈေးနှုန်းသည် Brent စံဈေးနှုန်းထက် တစ်စည်လျှင် $12-$15 သက်သာသည်။ အောက်တိုဘာလတွင် $5-$8 သက်သာခဲ့ပြီး နိုဝင်ဘာလတွင် $10-$11 သက်သာခဲ့သည်။

ရေကြောင်းပို့ဆောင်ခသည် ဖေဖော်ဝါရီလတွင် တစ်စည်လျှင် $3 ဖြစ်ခဲ့ပြီး ယခုအခါ $11-$19 ဖြစ်သည်အထိ မြင့်တက်နေသည်။
သို့ဖြစ်ရာ အာမခံကြေးနှင့် ပို့ဆောင်ကြေး ဖယ်ထုတ်လိုက်ပါက ရုရ‌ှားယူရယ်ရေနံစိမ်းဈေးသည် တစ်စည် $32-$35 ဝန်းကျင်အထိ ဈေးချထားသည်။
ဒီဇင်ဘာလဆန်းပိုင်းတွင် Brent ရေနံစိမ်း စံဈေးနှုန်းသည် $80 ဝန်းကျင်တွင် ရှိနေခဲ့သည်။

ရုရှားမှ ရေနံစိမ်းရောင်းချသူတို့သည် စရိတ်စက သက်သာစေရန် ရုရှားမှ ရေနံတင်သင်္ဘောများဖြင့် အိန္ဒိယသို့ ပေးပို့သည်။ 
အာရှတွင် ရေနံဒုတိယအများဆုံး သုံးစွဲသူ အိန္ဒိယသည် ရုရှားနိုင်ငံ အနောက်ပိုင်းရှိ ဆိပ်ကမ်းများမှ တင်ပို့သည့် ယူရယ်ရေနံစိမ်းကို တင်သွင်းရာ၌ တရုတ်နိုင်ငံထက် ခရီးပိုနီးသည်။ အိန္ဒိယမှ ရေနံချက်စက်ရုံများသည် ရုရှားယူရယ်ကို ချက်လုပ်သည့် စက်ရုံများ ဖြစ်ကြသည်။
နိုဝင်ဘာလတွင် အိန္ဒိယသည် ရုရှားယူရယ်ရေနံစိမ်း တန်ချိန် ၃.၇ သန်း တင်သွင်းခဲ့သည်။ 
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 406 times