မြို့ပြများနှင့် ကမ္ဘာ့ဘေးကင်းလုံခြုံမှု အဆင့်များ


01 September, 2021

ကမ္ဘာ့ဘေးကင်းလုံခြုံမှု အရှိဆုံးမြို့မှာ ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင် ဟု Economist Intelligence Unit ( EIU)က ရွေးချယ်ခဲ့သည်။ ယခင်က ထိပ်ဆုံးတွင် နေရာယူထားလေ့ရှိသော တိုကျိုနှင့် စင်ကာပူထက် ကိုပင်ဟေဂင်က သာသွားခဲ့သည်။
ကနေဒါနိုင်ငံမှ တိုရန်တိုမြို့တော်သည် ဒုတိယနေရာတွင် ရှိနေပြီး တတိယနေရာတွင် စင်ကာပူ နေရာရရှိသည်။ ဩစတေးလျနိုင်ငံ မြို့တော် ဆစ်ဒနီသည် စတုတ္ထနေရာနှင့် ဂျပန်နိုင်ငံ တိုကျိုမြို့သည် ပဉ္စမနေရာတွင် ရှိသည်။ 
 EIU ၏ အဆင့်အတန်းသတ်မှတ်ချက်အရ အမေရိကန်နိုင်ငံမှ နယူးယောက်စီးတီးသည် နံပါတ် (၁၁) နေရာတွင် ရှိနေသည်။ အစိုးရရုံးစိုက်ရ ဝါရှင်တန် ဒီစီသည် နံပါတ် (၁၄) နေရာတွင် ရှိသည်။ 

EIU က စစ်တမ်းကို ၂ နှစ်တကြိမ်လုပ်ဆောင်ခဲ့သည်မှာ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်သည်။ အဆင့်သတ်မှတ်ရန်အတွက် ဒစ်ဂျစ်တယ်၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေ လုံခြုံရေး အစရှိသည့် အချက် ၇၆ ချက်ကို အကဲဖြတ်သည်။ 

ယခင် ၂ နှစ်က လုပ်ကိုင်ခဲ့သော စစ်တမ်းမှာ ၂၀၁၉ ခုနှစ်တွင် ဖြစ်ပြီး တိုကျိုက ပထမ၊ စင်ကာပူက ဒုတိယ နေရာအသီးသီး ရခဲ့ကြသည်။ ဂျပန်နိုင်ငံမှ အိုဆာကာမြို့သည် တတိယနေရာတွင် ရှိခဲ့သည်။ ယခုနှစ်တွင် ကိုပင်ဟေဂင်၊ တိုရန်တိုနှင့် စင်ကာပူတို့က ထိပ်ဆုံး သုံးနေရာတွင် ရှိနေသည်။ 

ယေဘုယျအားဖြင် အာရှ-ပစိတ်ဖိတ်ဒေသတွင် ရှိသော မြို့ကြီးများသည် အကောင်းဆုံး ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတွင် ရှိသော မြို့ကြီးများသည် အဆိုးဝါးဆုံး ဖြစ်သည်။ 

ကိုဗစ်ကြောင့် အပြောင်းအလဲများ

EIU ၏ စစ်တမ်းမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ကိုဗစ်-၁၉ ကပ်ရောဂါက မြို့ပြဘေးကင်းလုံခြုံရေး အခြေခံသဘောတရားတစ်ရပ်လုံးကို ပြောင်းလဲပစ်လိုက်သည်ဟု ဆိုသည်။ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံရေးအပြင် ဒစ်ဂျစ်တယ် လုံခြုံရေးက ပိုအရေးပါသည့်အထဲ ပါဝင်လာသည်။ အကြောင်းမှာ စီးပွားရေးလုပ်ငန်းများသည် အွန်လိုင်းပေါ်သို့ ပြောင်းရွှေ့လုပ်ကိုင်ကြရသောကြောင့် ဖြစ်သည်။ ကပ်ရောဂါက အခြေခံအဆောက်အအုံ လုံခြုံရေးကိုလည်း ပြောင်းလဲစေခဲ့သည်။ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလာရေးတို့အတွက် အသုံးပြုပုံများ ပြောင်းလဲသွားခဲ့သည်။ 
“အလုပ်ခွင်မှာ သွားရောက်လုပ်ကိုင်တာအစား အိမ်မှ လုပ်ကိုင်ကြတာ ပိုများလာတယ်။ စီးပွားရေးမှာ ဒစ်ဂျစ်တယ်နယ်ပယ်ထဲ ပိုရောက်လာကြတယ်။ မြို့ပြမှာ နေထိုင်ကြသူတို့အဖို့ နီးနီးနားနားမှာ ဝန်ဆောင်မှု ရနိုင်တာကို တောင်းဆိုလာကြတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုထိုသော အပြောင်းအလဲများကို မြို့ကြီးများက လာမည့် နှစ်ပေါင်း ၂၀ အတွင်း အပြောင်းအလဲများဖြင့် အဆင်ပြေအောင် လုပ်ဆောင်ကြရလိမ့်မည် ဖြစ်သည်။ 


အဆင့်သတ်မှတ်ရန် ဒေါက်တိုင်များ
ယခင်က ပဓာနဒေါက်တိုင် လေးခုဖြင့် အဆင့်ကို အကဲဖြတ်ခဲ့သည်။ ဒစ်ဂျစ်တယ် ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေး  ဘေးကင်းလုံခြုံရေး၊ အခြေခံအဆောက်အအုံ  ဘေးကင်းလုံခြုံရေး၊ တစ်ကိုယ်ရေ  ဘေးကင်းလုံခြုံရေး တို့ ဖြစ်ပြီး ယခု ပတ်ဝန်းကျင်  ဘေးကင်းလုံခြုံရေး တစ်ခု ထပ်တိုးထားသည်။

ဘေးကင်းလုံခြုံရေးထိပ်တန်း (၅)မြို့ပြများ

ဒစ်ဂျစ်တယ် ဘေးကင်းလုံခြုံရေး
၁၊ ဆစ်ဒနီ
၂၊ စင်ကာပူ
၃၊ ကိုပင်ဟေဂင်
၄၊ လော့အိန်ဂျယ်လိစ်နှင့် စန်ဖရန်စစ္စကို

ကျန်းမာရေး ဘေးကင်းလုံခြုံရေး
၁၊ တိုကျို
၂၊ စင်ကာပူ
၃၊ ဟောင်ကောင်
၄၊ မဲလ်ဘုံး
၅၊ အိုဆာကာ

အခြေခံအဆောက်အအုံ  ဘေးကင်းလုံခြုံရေး၊
၁၊ ဟောင်ကောင်
၂၊  စင်ကာပူ
၃၊ ကိုပင်ဟေဂင်
၄၊ တိုရန်တို
၅၊ တိုကျို

 တစ်ကိုယ်ရေ  ဘေးကင်းလုံခြုံရေး 
၁၊ ကိုပင်ဟေဂင်
၂၊ အမ်စတာဒမ်
၃၊ ဖရန့်ခ်ဖတ်
၄၊ စတော့ဟုမ်း
၅၊ ဘရပ်စဲလ်

ပတ်ဝန်းကျင်  ဘေးကင်းလုံခြုံရေး 
၁၊ ဝဲလင်တန်
၂၊ တိုရန်တို
၃၊ ဝါရှင်တန် ဒီစီ
၄၊ ဘိုဂိုဒါ
၅၊ မီလန်


ရန်ကုန်မြို့ပြ ဘေးကင်းလုံခြုံရေးအဆင့်များ

ဒစ်ဂျစ်တယ် ၆၀
ကျန်းမာရေး  ၅၈
အခြေခံအဆောက်အအုံ ၅၉
တစ်ကိုယ်ရေ  ၅၈
ပတ်ဝန်းကျင်  ၅၄

ခြံငုံအဆင့် ၆၀


ဘေးကင်းလုံခြုံရေး အောက်ဆုံး(၅) မြို့ပြများ

၅၅၊ ကရာချီ
၅၆၊ ဘကူ
၅၇၊ ကိုင်ရို
၅၈၊ ရန်ကုန်
၅၉၊ လာဂိုစ်
၆၀၊ ကရာကပ်စ်


 

Global News Read 171 times