တရုတ်နိုင်ငံရှိ Samsung Electronics ၏ နောက်ဆုံးကွန်ပျူတာစက်ရုံ ပိတ်သိမ်း


02 August, 2020

တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung က တရုတ်နိုင်ငံရှိ  ၎င်း၏နောက်ဆုံးလက်ကျန် ကွန်ပျူတာစက်ရုံကို ရပ်ဆိုင်းတော့မည်ဟု ကြေညာသည်။

တရုတ် - အမေရိကန်ကုန်သွယ်ရေးစစ်ပွဲနှင့် COVID-19 ကူးစက်ရောဂါကြောင့် ကသောင်းကနင်းများ ဖြစ်ကြရသည့်အပြင် တရုတ်အလုပ်သမားများ ကုန်ကျစရိတ်မြင့်တက်လာသဖြင့် ပြည်ပကုမ္ပဏီများသည် ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များကို ပြန်လည်နေရာချထားရန် စဉ်းစားနေကြသည်။

Samsung Electronics ၏ Suzhou Computer စက်ရုံတွင် ခန့်ထားထားသော ၀ န်ထမ်း ၁၇၀၀ ၏ ထက်ဝက်ခန့်သည် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုတွင် ပါ၀င်သူများမှလွဲ၍ အလုပ်အကိုင် ဆုံးရှုံးလိမ့်မည်ဟု Samsung China South Morning Post တွင် ဖော်ပြထားသည်။

အဆိုပါစက်ရုံသည် ၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံမှ တန်ဖိုးဒေါ်လာ ၄.၃ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ပြီး တင်ပို့ခဲ့သည်။ ထိုပမာဏသည် ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၁ ဘီလီယံအထိ ကျဆင်းခဲ့သည်ဟု ၎င်းသတင်းစာက ဆိုသည်။

Samsung သည် ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံတွင် ၎င်း၏နောက်ဆုံးစမတ်ဖုန်းစက်ရုံကို ပိတ်ခဲ့သည်။ ကျန်ရှိနေသေးသော စက်ရုံများမှာ Suzhou နှင့် Xi'an ရှိ semiconductor ထုတ်လုပ်သည့်စက်ရုံနှစ်ခု ဖြစ်သည်။

Investment/Divestment Read 22086 times