Samsung က ဒေါ်လာ ၃၅၆ ဘီလျံကို မဟာဗျူဟာမြောက်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသွားမည်
တောင်ကိုရီးယားမှ Samsung Group က ဝမ် ၄၅၀ ထရီလီယံ(အမေရိကန်ဒေါ်လာ ၃၅၆ ဘီလျံ) ကို လာမယ့် ငါးနှစ်တာကာလမှာ ကြီးထွားနှုန်း အရှိန်တင်ဖို့အတွက် တစ်ပိုင်းလျှပ်ကူးပစ္စည်းချစ်ပ်၊ ဇီဝဆေးဝါးနှင့် အခြားမျိုးဆက်သစ်နည်းပညာများ တွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းSamsung Electronics က ပြောကြားပါသည်။
တောင်ကိုရီးယား ထိပ်တန်းလုပ်ငန်းစုကြီးက မေလ ၂၄ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့ရာ၌ လာမည့် ၅ နှစ်တာကာလတစ်လျှောက် ၂၀၂၆ ခုနှစ်အထိ မဟာဗျူဟာမြောက်ကဏ္ဍများတွင် ရေရှည်ကြီးထွားမှုကို ဖြစ်ထွန်းနေစေရန် ရင်းနှီးမြှုပ်နှံမှုများဖြင့် ထောက်ကူသွားမည် ဖြစ်သည်။ ချစ်ပ်ကဏ္ဍ၊ ဇီဝဆေးဝါးကဏ္ဍများတွင် ပြင်းပြင်းထန်ထန် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမည် ဖြစ်သည်။
Samsung Electronics သည် မှတ်သားမှုချစ်ပ် memory chip များကို ကမ္ဘာ့အများဆုံး ထုတ်လုပ်နေသည့် လုပ်ငန်း ဖြစ်သည်။
ဝမ် ၄၅၀ ထရီလီယံ ရင်းနှီးမြှုပ်နှံရန် အစီအစဉ်တွင် ချစ်ပ်ကဏ္ဍမှာ ၈၀% ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။
Samsung သည် လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီကဏ္ဍကို ရင်းနှီးမြှုပ်နှံရန် အစီအစဉ်တွင် ထည့်သွင်းခြင်း မပြုချေ။
လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီကဏ္ဍကို လုပ်ကိုင်သည့် Samsung SDI သည် Chrysler ကားထုတ်လုပ်ရေးလုပ်ငန်း၏ မိခင်လုပ်ငန်း ဖြစ်သော Stellantis နှင့် အတူပူးပေါင်းပြီး အမေရိကန်နိုင်ငံတွင် ဘက်ထရီစက်ရုံသစ်တစ်ခု လုပ်ကိုင်ရန် အစီအစဉ် ရှိထားပြီး ဖြစ်သည်။
($1 = 1,263.7900 won)