Samsung နှင့် LG ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံမှုများ ဒေါ်လာဘီလီယံချီ တိုးမြှင့်မည်


07 December, 2022

Samsung နှင့် LG ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံမှုများ ဒေါ်လာဘီလီယံချီ တိုးမြှင့်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တောင်ကိုရီးယားမှ အီလက်ထရွန်နစ် ကုမ္ပဏီကြီးများ ဖြစ်ကြသည့် Samsung နှင့် LG တို့သည် ဗီယက်နမ်နိုင်ငံသို့ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ဘီလီယံပေါင်းများစွာ မြှုပ်နှံရန် စီစဉ်နေကြောင်း နိုင်ငံပိုင်မီဒီယာက သတင်း ဖော်ပြသည်။
ကမ္ဘာ့ဝယ်လိုအား အားနည်းမှုကြောင့် Samsung သည် ဗီယက်နမ်တွင် စမတ်ဖုန်းထုတ်လုပ်မှုကို ယခုနှစ်တွင် နှစ်ကြိမ် လျှော့ချပြီးနောက် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ဗီယက်နမ်တွင် အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ Samsung Electronics က ကန်ဒေါ်လာ ၂ ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံတွင် Samsung Electronics ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း ကန်ဒေါ်လာ ၂၀ ဘီလီယံ ဖြစ်လာမည်။
Samsung မှ ထုတ်လုပ်သည့် စမတ်ဖုန်း လုံးရေ စုစုပေါင်း၏ ထက်ဝက်‌ခန့်ကို ဗီယက်နမ်တွင် ထုတ်လုပ်သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။ ဗီယက်နမ်ပို့ကုန်တန်ဖိုးစုစုပေါင်း၏ ငါးပုံတစ်ပုံနီးပါးသည် Samsung စမတ်ဖုန်းများ တင်ပို့ခြင်း ဖြစ်သည်။

 LG ကလည်း ဗီယက်နမ်တွင် ကန်ဒေါ်လာ ၄ ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ဗီယက်နမ်အစိုးရက ထုတ်ပြန်ကြေညာသည်။ စမတ်ဖုန်းများတွင် သုံးစွဲသည့် ကင်မရာများ ထုတ်လုပ်ရန် ထပ်မံရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။ ယခုအထိ LG သည် ဗီယက်နမ်တွင် ကန်ဒေါ်လာ ၅.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီးပြီ ဖြစ်သည်။

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 376 times