အာရှအတွက် ဒီဇင်ဘာလ ရေနံစိမ်းဈေးကို ဆော်ဒီအာရေဗျ လျှော့ချနိုင်ဖွယ်ရှိ


31 October, 2022

အာရှအတွက် ဒီဇင်ဘာလ ရေနံစိမ်းဈေးကို ဆော်ဒီအာရေဗျ လျှော့ချနိုင်ဖွယ်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိပ်တန်းရေနံတင်ပို့သည့် ဆော်ဒီအာရေးဗီးယားသည် ဒီဇင်ဘာလတွင် အာရှသို့ ရေနံစိမ်းအများစု၏ စျေးနှုန်းများကို လျှော့ချနိုင်ဖွယ်ရှိသည်။
တရုတ်နိုင်ငံ လောင်စာသုံးစွဲမှုသည် မျှော်လင့်ထားသည်ထက် လျော့ကျလျက် ရှိသည်။ ကိုဗစ် လော့ဒေါင်းများလည်း ဆက်လက်ဖြစ်ပေါ်နေသည်။ သို့ဖြစ်ရာ အာရှ ရေနံ ဝယ်လိုအား လျော့ကျလျက် ရှိသည်။ 
.
ထိုသို့သော ဈေးကွက် အခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံပိုင်ရေနံကုမ္ပဏီ Saudi Aramco သည် ၎င်း၏ အထင်ကရ Arab Light ရေနံစိမ်းအတွက် တရားဝင်ရောင်းဈေး official selling price (OSP) ကို ဒီဇင်ဘာလတွင် တစ်စည်လျှင် ဆင့် ၃၀ မှ ၄၀ ဆင့်ခန့် လျှော့ချနိုင်သည်ဟု ကုန်သည်များကို ခန့်မှန်းထားကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။ 
.
လွန်ခဲ့သည့်သုံးလက ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ အမေရိကန်အတိုးနှုန်းမြင့်တက်မှုနှင့် ဒေါ်လာတန်ဖိုး ပိုမိုအားကောင်းလာမှုတို့ကြောင့် ရေနံစိမ်း တစ်စည်ဈေးနှုန်းသည်  ဒေါ်လာ ၁၂၀ မှ ၉၀ ဒေါ်လာခန့်အထိ ကျဆင်းသွားခဲ့သဖြင့်  OPEC+ သည် ရေနံအနာဂတ်စျေးနှုန်းများကို ထိန်းထားပေးရန်အတွက် နိုဝင်ဘာလမှာ တစ်ရက်လျှင် စည်ပေါင်း ၂ သန်းကို ထုတ်လုပ်မှု လျှော့ချရန် စီစဉ်ထားသည်။
.
ဆော်ဒီအာရေဗျ၏ အခြားရေနံစိမ်း အမျိုးအစားများအတွက် OSP ကို ခန့်မှန်းထားကြရာတွင် Arab Medium နှင့် Arab Heavy  တို့ကို ဈေးပိုလျှော့ချပေးလိမ့်မည်။ အဆိုပါ ရေနံစိမ်း အမျိုးအစားသည် ဒီဇယ်ဆီနှင့် ရေနံဆီ ထုတ်လုပ်ရန် သုံးစွဲကြသည်။ 
.
ဆော်ဒီရေနံစိမ်း OSP ကို လစဉ်ပုံမှန်ထုတ်ပြန်ပေးနေကျရက်မှာ လဆန်း ၅ ရက်တွင် ဖြစ်သည်။  ထိုသို့ ထုတ်ပြန်ပေးလိုက်သည့် ဈေးနှုန်းအရ အီရန်၊ ကူဝိတ်နှင့် အီရတ်တို့က ဈေးနှုန်းများ သတ်မှတ်ကြသည်။  အာရှသို့ စီးဆင်းသည့် ရေနံ တစ်ရက် စည်ပေါင်း ၉ သန်းအပေါ် သက်ရောက်မှု ရှိသည်။ 
.
ဒီဇင်ဘာလအတွက် ဆော်ဒီအာရေဗျမှ သတ်မှတ်မည့် ခန့်မှန်းဈေးနှုန်းများကို ဖော်ပြအပ်သည်။ အိုမန်/ဒူဘိုင်း ပျမ်းမျှဈေးနှုန်းနှင့် ကွာဟချက်ကို   ဒေါ်လာ/တစ်စည် ဖြင့် ဖော်ပြထားပါသည်။


Source Reuters
 

Energy News Read 280 times